အသင်းဟောင်းအာဆင်နယ်ကို ပညာသားပါပါလှောင်ပြောင်ခဲ့တဲ့ အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖီနာဘာချီအသင်းမှာကစားနေတဲ့ အာဆင်နယ်နာမည်ကျော်ကစားသမားဟောင်း အိုဇေးလ်ဟာ မန်စီးတီးကို အာဆင်နယ်(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာပဲ သူ့ Twitter မှာ Post တစ်ခုတင်ခဲ့ပြီး ပညာသားပါပါလှောင်ပြောင်ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ဆိုးရအခက်ဖြစ်ခဲ့ရတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်တုန်းက ရီးယဲလ်အသင်းကနေ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်ကစားသမားဘဝ(၇)ရာသီခွဲအတွင်း အသင်းအတွက် (၂၅၄)ပွဲကစားခဲ့သလို FA ဖလား(၃)ကြိမ်ရယူခဲ့သူပါ။

၂၀၁၉၊ ဒီဇင်ဘာလမှာ အူနိုင်းအမ်မရီ နည်းပြရာထူးကထုတ်ပယ်ခံရပြီး အခုလက်ရှိနည်းပြအာတီတာကို ခန့်အပ်လိုက်ချိန်မှာတော့ အာတီတာက အသင်းရဲ့လူစာရင်းကိုအပြောင်းအလဲလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့

အိုဇေးလ်ကို နေရာမပေးတော့ဘဲ သူ့လုပ်ရပ်အပေါ် ယုံကြည်မှုအပြည့်ရှိဖို့ ‘trust the process’ဆိုပြီးတော့ မီဒီယာတွေကိုပြောကြားခဲ့ဖူးပါတယ်။

အိုဇေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်တစ်ပွဲမှကစားခွင့်မရခဲ့တာကြောင့် ဇန်နဝါရီလမှာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့ရပြီး အခုအချိန်မှာ အာတီတာရဲ့အာဆင်နယ်အသင်းက ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေတဲ့အတွက် သူ့ကို ကန်ထုတ်ခဲ့တဲ့ အာတီတာကို ပြန်လည်လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး (၁၅)မိနစ်လောက်အကြာမှာပဲ အိုဇေးလ်က စိတ်မကောင်းဖြစ်နေတဲ့ Emoji အပြင် အသည်းကွဲနေတဲ့ Emoji တွေနဲ့ တစ်ချိန်က အာတီတာပြောခဲ့ဖူးတဲ့ ‘trust the process’ စာသားနဲ့ Post တင်ခဲ့တာပါ။

အိုဇေးလ်ရဲ့Post ကို ပရိသတ်တော်တော်များများက အားပေးထောက်ခံတဲ့ Comment တွေရေးသားခဲ့ပြီး ‘မင်းကို ပြုမူဆက်ဆံခဲ့တဲ့လုပ်ရပ်တွေအတွက် အာဆင်နယ်အသင်းက ဒီလိုအနေအထားမျိုးနဲ့ပဲထိုက်တန်တယ်’၊

‘အာဆင်နယ်အသင်းမှာ ခင်ဗျားမရှိတော့ကတည်းက အသင်းဟာ နွံနစ်သွားတော့တာပဲ’၊ ‘အိုဇေးလ်အနေနဲ့ အခုလိုပြောပိုင်ခွင့်ရှိတယ်..ဘာဖြစ်လို့လဲဆိုတော့ အရင်က အာဆင်နယ်ရှုံးပွဲတွေ့တိုင်း လူတွေက သူ့ကိုပဲ အဓိကအပြစ်တင်ခဲ့ကြတယ်’လို့ ထောက်ခံရေးသားခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းေဟာင္းအာဆင္နယ္ကို ပညာသားပါပါေလွာင္ေျပာင္ခဲ့တဲ့ အိုေဇးလ္

ဖီနာဘာခ်ီအသင္းမွာကစားေနတဲ့ အာဆင္နယ္နာမည္ေက်ာ္ကစားသမားေဟာင္း အိုေဇးလ္ဟာ မန္စီးတီးကို အာဆင္နယ္(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာပဲ သူ႔ Twitter မွာ Post တစ္ခုတင္ခဲ့ၿပီး ပညာသားပါပါေလွာင္ေျပာင္ခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအတြက္ စိတ္ဆိုးရအခက္ျဖစ္ခဲ့ရတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အိုေဇးလ္ဟာ ၂၀၁၃ ခုႏွစ္တုန္းက ရီးယဲလ္အသင္းကေန အာဆင္နယ္အသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး အာဆင္နယ္ကစားသမားဘဝ(၇)ရာသီခြဲအတြင္း အသင္းအတြက္ (၂၅၄)ပြဲကစားခဲ့သလို FA ဖလား(၃)ႀကိမ္ရယူခဲ့သူပါ။ ၂၀၁၉၊ ဒီဇင္ဘာလမွာ အူႏိုင္းအမ္မရီ နည္းျပရာထူးကထုတ္ပယ္ခံရၿပီး အခုလက္ရွိနည္းျပအာတီတာကို ခန႔္အပ္လိုက္ခ်ိန္မွာေတာ့ အာတီတာက အသင္းရဲ႕လူစာရင္းကိုအေျပာင္းအလဲလုပ္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အိုေဇးလ္ကို ေနရာမေပးေတာ့ဘဲ သူ႔လုပ္ရပ္အေပၚ ယုံၾကည္မႈအျပည့္ရွိဖို႔ ‘trust the process’ဆိုၿပီးေတာ့ မီဒီယာေတြကိုေျပာၾကားခဲ့ဖူးပါတယ္။

အိုေဇးလ္ဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္တစ္ပြဲမွကစားခြင့္မရခဲ့တာေၾကာင့္ ဇန္နဝါရီလမွာ ဖီနာဘာခ်ီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ရၿပီး အခုအခ်ိန္မွာ အာတီတာရဲ႕အာဆင္နယ္အသင္းက ရလဒ္ဆိုးေတြနဲ႔႐ုန္းကန္ေနတဲ့အတြက္ သူ႔ကို ကန္ထုတ္ခဲ့တဲ့ အာတီတာကို ျပန္လည္ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး (၁၅)မိနစ္ေလာက္အၾကာမွာပဲ အိုေဇးလ္က စိတ္မေကာင္းျဖစ္ေနတဲ့ Emoji အျပင္ အသည္းကြဲေနတဲ့ Emoji ေတြနဲ႔ တစ္ခ်ိန္က အာတီတာေျပာခဲ့ဖူးတဲ့ ‘trust the process’ စာသားနဲ႔ Post တင္ခဲ့တာပါ။ အိုေဇးလ္ရဲ႕Post ကို ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အားေပးေထာက္ခံတဲ့ Comment ေတြေရးသားခဲ့ၿပီး ‘မင္းကို ျပဳမူဆက္ဆံခဲ့တဲ့လုပ္ရပ္ေတြအတြက္ အာဆင္နယ္အသင္းက ဒီလိုအေနအထားမ်ိဳးနဲ႔ပဲထိုက္တန္တယ္’၊ ‘အာဆင္နယ္အသင္းမွာ ခင္ဗ်ားမရွိေတာ့ကတည္းက အသင္းဟာ ႏြံနစ္သြားေတာ့တာပဲ’၊ ‘အိုေဇးလ္အေနနဲ႔ အခုလိုေျပာပိုင္ခြင့္ရွိတယ္..ဘာျဖစ္လို႔လဲဆိုေတာ့ အရင္က အာဆင္နယ္ရႈံးပြဲေတြ႕တိုင္း လူေတြက သူ႔ကိုပဲ အဓိကအျပစ္တင္ခဲ့ၾကတယ္’လို႔ ေထာက္ခံေရးသားခဲ့ၾကပါတယ္။