အသင်းဟောင်းယူနိုက်တက်နဲ့ကစားမယ့်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် လူကာကူ ပါဝင်နိုင်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြွက်သားဒဏ်ရာကြောင့်ရက်အတော်ကြာအောင်အနားယူနေရတဲ့ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးလူကာကူဟာ အခုဆိုရင် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြေးလွှားနိုင်ပြီဖြစ်တဲ့အတွက် မကြာခင်အသင်းအတွက်ပြန်ကစားနိုင်ဖို့ရှိနေပါပြီ။

ချယ်လ်ဆီးအသင်းစံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် လူကာကူဟာ အောက်တိုဘာလတုန်းက မာလ်မိုအသင်းကို(၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး

နည်းပြတူချယ်လ်က လူကာကူအနေနဲ့ (၂)ပွဲလောက်သာလွဲချော်ဖို့ရှိတယ်လို့ခန့်မှန်းခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲစလုံးမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ဒီနေ့မှာတော့ လူကာကူက အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ပုံတွေကို သူ့ရဲ့ Twitter မှာ Post တင်ခဲ့ပြီး ‘ဒီနေ့မှာတော့ အပြေးလေ့ကျင့်ခန်းလုပ်နေပါပြီ…

အခြေအနေဘယ်လိုရှိမလဲ စောင့်ကြည့်ရမှာပါ’လို့ရေးသားခဲ့ပါတယ်။

လူကာကူအနေနဲ့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရအောင် ဆက်လက်အနားယူရမှာဖြစ်တာကြောင့် နိုဝင်ဘာလကုန်လောက်မှာကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှ ပြန်လည်ကစားနိုင်မယ့်အနေအထားပါပဲ။

နိုဝင်ဘာလအလယ်လောက်ကနေ ဒီဇင်ဘာလကုန်၊ လာမယ့်နှစ်ဇန်နဝါရီအစောပိုင်းကာလအထိ ပွဲတွေဆက်တိုက်ကစားရမယ့်

ချယ်လ်ဆီးအသင်းဟာ နိုဝင်ဘာ(၂၈)ရက်မှာ ယူနိုက်တက်အသင်းကို အိမ်ကွင်းပွဲအဖြစ်လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် လူကာကူ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိလာနိုင်တဲ့အတွက် အသင်းဟောင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ လူကာကူကို တိုက်စစ်ပိုင်းအတွက်မလိုအပ်တော့ဘူးလို့ ယူဆခဲ့တာကြေင့် ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်အသင်းဆီရောင်းချခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုတစ်ပတ်ကစားမယ့် ဘန်လေနဲ့ပွဲအပြီး လာမယ့်နိုဝင်ဘာ(၂၀)မှာ လက်စတာနဲ့ပရီးမီးယားလိဂ်အဝေးကွင်း၊

(၃)ရက်အကြာမှာ ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်အိမ်ကွင်း၊ အဲဒါပြီးရင်တော့ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရမှာပါ။

အခုလောလောဆယ် ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အပြီးအထိ ချယ်ဆီးအသင်းဟာ (၈)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၂၅)မှတ်နဲ့အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းေဟာင္းယူႏိုက္တက္နဲ႔ကစားမယ့္ပြဲမွာ ခ်ယ္လ္ဆီးအသင္းအတြက္ လူကာကူ ပါဝင္ႏိုင္ဖို႔ရွိ

ႂကြက္သားဒဏ္ရာေၾကာင့္ရက္အေတာ္ၾကာေအာင္အနားယူေနရတဲ့ ခ်ယ္လ္ဆီးအသင္းတိုက္စစ္မႉးလူကာကူဟာ အခုဆိုရင္ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ေျပးလႊားႏိုင္ၿပီျဖစ္တဲ့အတြက္ မၾကာခင္အသင္းအတြက္ျပန္ကစားႏိုင္ဖို႔ရွိေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ လူကာကူဟာ ေအာက္တိုဘာလတုန္းက မာလ္မိုအသင္းကို(၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး နည္းျပတူခ်ယ္လ္က လူကာကူအေနနဲ႔ (၂)ပြဲေလာက္သာလြဲေခ်ာ္ဖို႔ရွိတယ္လို႔ခန႔္မွန္းခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့(၄)ပြဲစလုံးမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ ဒီေန႔မွာေတာ့ လူကာကူက အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနတဲ့ပုံေတြကို သူ႔ရဲ႕ Twitter မွာ Post တင္ခဲ့ၿပီး ‘ဒီေန႔မွာေတာ့ အေျပးေလ့က်င့္ခန္းလုပ္ေနပါၿပီ..အေျခအေနဘယ္လိုရွိမလဲ ေစာင့္ၾကည့္ရမွာပါ’လို႔ေရးသားခဲ့ပါတယ္။ လူကာကူအေနနဲ႔ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရေအာင္ ဆက္လက္အနားယူရမွာျဖစ္တာေၾကာင့္ ႏိုဝင္ဘာလကုန္ေလာက္မွာကစားမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွ ျပန္လည္ကစားႏိုင္မယ့္အေနအထားပါပဲ။

ႏိုဝင္ဘာလအလယ္ေလာက္ကေန ဒီဇင္ဘာလကုန္၊ လာမယ့္ႏွစ္ဇန္နဝါရီအေစာပိုင္းကာလအထိ ပြဲေတြဆက္တိုက္ကစားရမယ့္ ခ်ယ္လ္ဆီးအသင္းဟာ ႏိုဝင္ဘာ(၂၈)ရက္မွာ ယူႏိုက္တက္အသင္းကို အိမ္ကြင္းပြဲအျဖစ္လက္ခံကစားရမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ လူကာကူ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိလာႏိုင္တဲ့အတြက္ အသင္းေဟာင္းနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ လူကာကူကို တိုက္စစ္ပိုင္းအတြက္မလိုအပ္ေတာ့ဘူးလို႔ ယူဆခဲ့တာေၾကင့္ ၂၀၁၉ ခုႏွစ္မွာ အင္တာမီလန္အသင္းဆီေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ အခုတစ္ပတ္ကစားမယ့္ ဘန္ေလနဲ႔ပြဲအၿပီး လာမယ့္ႏိုဝင္ဘာ(၂၀)မွာ လက္စတာနဲ႔ပရီးမီးယားလိဂ္အေဝးကြင္း၊ (၃)ရက္အၾကာမွာ ဂ်ဴဗင္တပ္စ္နဲ႔ခ်န္ပီယံလိဂ္အိမ္ကြင္း၊ အဲဒါၿပီးရင္ေတာ့ ယူႏိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ရင္ဆိုင္ရမွာပါ။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)အၿပီးအထိ ခ်ယ္ဆီးအသင္းဟာ (၈)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံး၊ (၂၅)မွတ္နဲ႔အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။