အသင်းဟောင်းမန်ယူအတွက် တကယ်ကိုပျော်ရွှင်မိပါတယ်လို့ ဗိုလ်လုပွဲရောက်လူကာကူဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အသင်းဟောင်းမန်ယူက ဆီဗီလာနဲ့ ဆီမီးဖိုင်နယ်မှာ ပြုတ်သွားပြီးနောက်တစ်ရက်မှာပဲ တိုက်စစ်မှုးလူကာကူဟာ လက်ရှိအသင်းအင်တာမီလန်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောက် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲဒီဘယ်လ်ဂျီယံသားဟာ ရှက်တာဒိုးနက်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ယူရိုပါလိဂ်မှာ ၁၀ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ သူ့ရဲ့မှတ်တမ်းကို ဆက်တိုးနိုင်ခဲ့ပါတယ်။

Photo Credit

ဒါ့အပြင် အဲဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ လူကာကူရဲ့သွင်းဂိုးအရေအတွက်ဟာ ၃၃ ဂိုးရှိလာခဲ့ပြီး အင်တာမီလန်သမိုင်းမှာ ပွဲဦးထွက်ရာသီဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုရဲ့စံချိန်ကိုမီဖို့ ၁ ဂိုးသာလိုပါတော့တယ်။

Photo Credit

လူကာကူက သူ့ရဲ့အဆုံးသတ်ကောင်းမွန်မှုတွေနဲ့ အင်တာကို ဗိုလ်လုပွဲရောက်အောင် လုပ်ပေးနိုင်ခဲ့ပေမယ့် သူ့အသင်းဟောင်းမန်ယူကတော့ အဆုံးသတ်အားနည်းမှုကြောင့် ဗိုလ်လုပွဲနဲ့လွဲခဲ့ရတာပါ။

Photo Credit

အခုတော့ လူကာကူဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းဟောင်းနဲ့ပြန်လည်တွေ့ဆုံရမယ့်အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲအပြီးအင်တာဗျူးမှာ လူကာကူက အသင်းဟောင်းမန်ယူအတွက် စာနာစကားဆိုပေးခဲ့ပါတယ်။

Photo Credit

photo-credit

ဖြစ်မလာတော့ပေမယ့် တကယ်လို့ ဗိုလ်လုပွဲမှာ မန်ယူနဲ့ဆုံခွင့်သာရရင် သူတို့မှားတယ်ဆိုတာကို သက်သေပြချင်သလားလို့ မေးမြန်းခံရတော့ လူကာကူက”မဟုတ်ပါဘူး။ မန်ယူဟာ အကောင်းဆုံးကြိုးစားခဲ့တာပါ။ သူတို့မှာ တကယ်သိပ်ကောင်းတဲ့ရာသီတစ်ခုရှိခဲ့ပါတယ်။ ဆိုးလ်ရှားဟာ တကယ့်အလုပ်ကောင်းတစ်ခုလုပ်ခဲ့တာပါ။ ဂရင်းဝုဒ်ထွန်းပေါက်လာပြီး မာရှယ်နဲ့ရှက်ဖို့ဒ်တို့လည်းခြေစွမ်းပြခဲ့လို့ အဲဒါတွေအားလုံးကို ကျွန်တော်မျှော်လင့်ထားခဲ့တာပါ။ သူတို့အတွက် ကျွန်တော် တကယ်ကိုပျော်ရွှင်မိပါတယ်။ လာမယ့်ရာသီမှာ သူတို့တကယ်ကောင်းမယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အသင္းေဟာင္းမန္ယူအတြက္ တကယ္ကိုေပ်ာ္ရႊင္မိပါတယ္လုိ႔ ဗုိလ္လုပြဲေရာက္လူကာကူဆုိ

Photo Credit

အသင္းေဟာင္းမန္ယူက ဆီဗီလာနဲ႔ ဆီမီးဖိုင္နယ္မွာ ျပဳတ္သြားၿပီးေနာက္တစ္ရက္မွာပဲ တိုက္စစ္မႈးလူကာကူဟာ လက္ရွိအသင္းအင္တာမီလန္ကို ယူရိုပါလိဂ္ဗုိလ္လုပြဲေရာက္ေအာက္ ကူညီေပးႏိုင္ခဲ့ပါတယ္။ အဲဒီဘယ္လ္ဂ်ီယံသားဟာ ရွက္တာဒိုးနက္ကို ၅ ဂိုးျပတ္နဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္းယူခဲ့ၿပီး ယူရိုပါလိဂ္မွာ ၁၀ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့ သူ႔ရဲ႕မွတ္တမ္းကို ဆက္တိုးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ လူကာကူရဲ႕သြင္းဂိုးအေရအတြက္ဟာ ၃၃ ဂိုးရွိလာခဲ့ၿပီး အင္တာမီလန္သမိုင္းမွာ ပြဲဦးထြက္ရာသီဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့ ဘရာဇီးဂႏၳ၀င္ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုမီဖို႔ ၁ ဂိုးသာလုိပါေတာ့တယ္။ လူကာကူက သူ႔ရဲ႕အဆုံးသတ္ေကာင္းမြန္မႈေတြနဲ႔ အင္တာကို ဗုိလ္လုပြဲေရာက္ေအာင္ လုပ္ေပးႏိုင္ခဲ့ေပမယ့္ သူ႔အသင္းေဟာင္းမန္ယူကေတာ့ အဆုံးသတ္အားနည္းမႈေၾကာင့္ ဗုိလ္လုပြဲနဲ႔လြဲခဲ့ရတာပါ။

အခုေတာ့ လူကာကူဟာ ယူရိုပါလိဂ္ဗုိလ္လုပြဲမွာ အသင္းေဟာင္းနဲ႔ျပန္လည္ေတြ႕ဆုံရမယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့ရပါတယ္။ ဒါေပမဲ့ ပြဲအၿပီးအင္တာဗ်ဴးမွာ လူကာကူက အသင္းေဟာင္းမန္ယူအတြက္ စာနာစကားဆိုေပးခဲ့ပါတယ္။

ျဖစ္မလာေတာ့ေပမယ့္ တကယ္လို႔ ဗုိလ္လုပြဲမွာ မန္ယူနဲ႔ဆုံခြင့္သာရရင္ သူတုိ႔မွားတယ္ဆုိတာကို သက္ေသျပခ်င္သလားလို႔ ေမးျမန္းခံရေတာ့ လူကာကူက”မဟုတ္ပါဘူး။ မန္ယူဟာ အေကာင္းဆုံးႀကိဳးစားခဲ့တာပါ။ သူတို႔မွာ တကယ္သိပ္ေကာင္းတဲ့ရာသီတစ္ခုရွိခဲ့ပါတယ္။ ဆုိးလ္ရွားဟာ တကယ့္အလုပ္ေကာင္းတစ္ခုလုပ္ခဲ့တာပါ။ ဂရင္း၀ုဒ္ထြန္းေပါက္လာၿပီး မာရွယ္နဲ႔ရွက္ဖို႔ဒ္တို႔လည္းေျခစြမ္းျပခဲ့လို႔ အဲဒါေတြအားလုံးကို ကၽြန္ေတာ္ေမွ်ာ္လင့္ထားခဲ့တာပါ။ သူတို႔အတြက္ ကၽြန္ေတာ္ တကယ္ကိုေပ်ာ္ရႊင္မိပါတယ္။ လာမယ့္ရာသီမွာ သူတို႔တကယ္ေကာင္းမယ္ဆုိတာ ကၽြန္ေတာ္သံသယမရွိပါဘူး”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။