အသင်းသားတွေရဲ့ ခြေစွမ်းကို အားမရဖြစ်နေတဲ့ နည်းပြ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြအာတီတာက အာဆင်နယ်အသင်းအနေနဲ့ ဘင်ဖီကာနဲ့ ပွဲစဉ်မှာ ၁-၁ သရေကျခဲ့တာထက် ပိုတဲ့ ရလဒ်တစ်ခုကို ရရှိခဲ့သင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဟာ အာဆင်နယ်အသင်းနဲ့ကစားတဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ရှုံးထွက်ပထမအကျော့မှာ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ်ကွင်းလယ်လူဆာကာက ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ဘက်အသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ပေမယ့် ပယ်နယ်တီဧရိယာအတွင်း ညှာတာမှုမရှိတဲ့ပုံစံမျိုး၊ ပြင်းထန်တဲ့အားနဲ့ ကစားနိုင်စွမ်းရှိဖို့လိုအပ်တယ်လို့ နည်းပြအာတီတာက ဝေဖန်ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းနည်းပြအာတီတာက“ကျွန်တော်တို့ဟာ ပွဲကိုဖိအားကစားနိုင်ခဲ့တယ်။ ဂိုးသွင်းခွင့်အများအပြားဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ ပယ်နယ်တီဧရိယာအတွင်းပြိုင်ဘက်အသင်းကို ညှာတာမှုမရှိတဲ့ပုံစံနဲ့ ဂိုးတွေ သွင်းနိုင်ဖို့လိုအပ်နေတယ်။ ဘင်ဖီကာနဲ့ပွဲမှာ ဂိုး ပေးခဲ့ရတာကို စိတ်ပျက်ရပါတယ်။”

“ကျွန်တော်တို့ဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု ရှိခဲ့ကာ သွင်းဂိုးကောင်း ၁ဂိုးကို သွင်းယူခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့ပြီး ၂သင်းစလုံးက နောက်ဆုံး မိနစ်၂၀မှာ ကစားအား ကျသွားပါတယ်။ ခြုံ ပြောရရင် ကျွန်တော်တို့ ဒီထက်ပိုတဲ့ ရလဒ်မျိုးနဲ့ ကွင်းထဲက ထွက်သင့်တာပါ”

“ဆာကာကအခု အကောင်းဆုံးပုံစံရနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ယုံကြည်မှု အပြည့်ရှိနေပြီး ပြီးခဲ့တဲ့ရလဒ်တွေမှာ သူဟာ တကယ့်ကို အရေးပါခဲ့ပါတယ်။ သူ့ရဲ့ အခုပုံစံက ကျွန်တော်ရောက်လာကတည်းက အကောင်းဆုံးအနေထားပါ။” “ဒီအတိုင်းသူဆက်ပြီးတိုးတက်နေဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အသင်းအတွက် အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ကစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး အနိုင်သုံးမှတ်ရယူနိုင်ဖို့ လိုအပ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းသားေတြရဲ႕ ေျခစြမ္းကို အားမရျဖစ္ေနတဲ့ နည္းျပ အာတီတာ

နည္းျပအာတီတာက အာဆင္နယ္အသင္းအေနနဲ႔ ဘင္ဖီကာနဲ႔ ပြဲစဥ္မွာ ၁-၁ သေရက်ခဲ့တာထက္ ပိုတဲ့ ရလဒ္တစ္ခုကို ရရွိခဲ့သင့္တယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။ေပၚတူဂီကလပ္ဘင္ဖီကာအသင္းဟာအာဆင္နယ္အသင္းနဲ႔ကစားတဲ့ယူ႐ိုပါလိဂ္၃၂သင္းအဆင့္ရႈံးထြက္ပထမအေက်ာ့မွာဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္အာဆင္နယ္ကြင္းလယ္လူဆာကာကေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ၿပိဳင္ဘက္အသင္းအေပၚေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ကစားႏိုင္ေပမယ့္ပယ္နယ္တီဧရိယာအတြင္းညႇာတာမႈမရွိတဲ့ပုံစံမ်ိဳး၊ ျပင္းထန္တဲ့အားနဲ႔ ကစားႏိုင္စြမ္းရွိဖို႔လိုအပ္တယ္လို႔နည္းျပအာတီတာကေဝဖန္ေျပာဆိုထားပါတယ္။ အာဆင္နယ္အသင္းနည္းျပအာတီတာက“ကြၽန္ေတာ္တို႔ဟာပြဲကိုဖိအားကစားႏိုင္ခဲ့တယ္။ဂိုးသြင္းခြင့္အမ်ားအျပားဖန္တီးႏိုင္ခဲ့တယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔အသင္းဟာပယ္နယ္တီဧရိယာအတြင္းၿပိဳင္ဘက္အသင္းကိုညႇာတာမႈမရွိတဲ့ပုံစံနဲ႔ဂိုးေတြ သြင္းႏိုင္ဖို႔လိုအပ္ေနတယ္။ဘင္ဖီကာနဲ႔ပြဲမွာ ဂိုး ေပးခဲ့ရတာကိုစိတ္ပ်က္ရပါတယ္။”

“ကြၽန္ေတာ္တို႔ဘက္ကေကာင္းမြန္တဲ့ တုံ႔ျပန္မႈ ရွိခဲ့ကာ သြင္းဂိုးေကာင္း ၁ဂိုးကို သြင္းယူခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ထိန္းသိမ္းႏိုင္ခဲ့ၿပီး ၂သင္းစလုံးက ေနာက္ဆုံး မိနစ္၂၀မွာ ကစားအား က်သြားပါတယ္။ ၿခဳံ ေျပာရရင္ ကြၽန္ေတာ္တို႔ ဒီထက္ပိုတဲ့ ရလဒ္မ်ိဳးနဲ႔ ကြင္းထဲက ထြက္သင့္တာပါ” “ဆာကာကအခု အေကာင္းဆုံးပုံစံရေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူဟာ ယုံၾကည္မႈ အျပည့္ရွိေနၿပီး ၿပီးခဲ့တဲ့ရလဒ္ေတြမွာ သူဟာ တကယ့္ကို အေရးပါခဲ့ပါတယ္။ သူ႔ရဲ႕ အခုပုံစံက ကြၽန္ေတာ္ေရာက္လာကတည္းက အေကာင္းဆုံးအေနထားပါ။”

“ဒီအတိုင္းသူဆက္ၿပီးတိုးတက္ေနဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ အသင္းအတြက္ အေရးအႀကီးဆုံး အခန္းက႑ကေန ပါဝင္ကစားေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာလာမယ့္တနဂၤေႏြေန႔မွာမန္စီးတီးအသင္းနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္ကစားရမွာျဖစ္ၿပီး အႏိုင္သုံးမွတ္ရယူႏိုင္ဖို႔လိုအပ္ပါတယ္။