
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခုနွေရာသီကာလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းကနေ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းဆီ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့သူ တာဟစ်ချောင်ဟာ ၂၀၂၁-၂၂ ရာသီလိဂ်ချန်ပီယံရှစ်အဖွင့်ပွဲအဖြစ်
ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ ဘာမင်ဂမ်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး Man of The Match ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ နယ်သာလန်လူငယ်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား တာဟစ်ချောင်ဟာ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့သလို ပြိုင်ဘက်ခံစစ်ကစားသမားတွေ အလုပ်ရှုပ်အောင်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး
ဘာမင်ဂမ်အသင်းက မက်ဆီကောလင်းရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကတန်းဆင်းလာတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းခြေစွမ်းမာတဲ့အသင်းဖြစ်လို့ ဒီလိုအသင်းမျိုးနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တာဟစ်ချောင်ရဲ့စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်ပရိသတ်တွေက အားရကျေနပ်နေတာလည်းဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့သူ တာဟစ်ချောင်ဟာ အလားအလာရှိတဲ့လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၈ ခုနှစ်မှာ ယူနိုက်တက်(၁)နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု (Jimmy Murphy Young Player of the Year)ကို ဆွတ်ခူးခဲ့သူပါ။
၂၀၁၈-၁၉ ရာသီမှာ ယူနိုက်တက်အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီက ၀ါဒါဘရီမင်၊ ကလပ်ဘရုချ်အသင်းတို့မှာ အငှားနဲ့သွားရောက်ကစားခဲ့ရပြီး ကလပ်ဘရုချ်အသင်းနဲ့ ဘယ်လ်ဂျီယံအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ တာဟစ်ချောင်က “ကျွန်တော်တို့ဟာ အသင်းလိုက်ကစားပုံကောင်းမွန်ခဲ့ပြီး ဒီပွဲဟာ ခက်ခဲမယ့်ပွဲတစ်ပွဲဆိုတာ ကျွန်တော်တို့ ကြိုတင်မျှော်လင့်ထားပြီးသားပါ။
ဒီပွဲမှာ ကျွန်တော် Man of The Match ဆုရခဲ့ပေမယ့် ကျန်တဲ့ကစားသမား(၁၀)ယောက်စလုံး အခုဆုနဲ့ထိုက်တန်ခဲ့တာဖြစ်ပါတယ်။
ရာသီအဖွင့်ကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့လို့လည်း ကျွန်တော် ဝမ်းမြောက်မိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင္းသစ္ဘာမင္ဂမ္နဲ႔ အဖြင့္ပြဲမွာပဲ Man of The Match ဆုရခဲ့တဲ့ ယူႏိုက္တက္လူငယ္ကစားသမား တာဟစ္ေခ်ာင္
အခုေႏြရာသီကာလအတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းကေန လိဂ္ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဂမ္အသင္းဆီ တစ္ရာသီအငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ တာဟစ္ေခ်ာင္ဟာ ၂၀၂၁-၂၂ ရာသီလိဂ္ခ်န္ပီယံရွစ္အဖြင့္ပြဲအျဖစ္ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ပြဲမွာ ဘာမင္ဂမ္အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခဲ့ၿပီး Man of The Match ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ နယ္သာလန္လူငယ္လက္ေ႐ြးစင္ေတာင္ပံတိုက္စစ္ကစားသမား တာဟစ္ေခ်ာင္ဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့သလို ၿပိဳင္ဘက္ခံစစ္ကစားသမားေတြ အလုပ္ရႈပ္ေအာင္ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ဘာမင္ဂမ္အသင္းက မက္ဆီေကာလင္းရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔အတူ အေဝးကြင္းမွာ (၁-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ပါတယ္။ ရွက္ဖီးယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ကတန္းဆင္းလာတဲ့အသင္းျဖစ္ၿပီး အိမ္ကြင္းေျခစြမ္းမာတဲ့အသင္းျဖစ္လို႔ ဒီလိုအသင္းမ်ိဳးနဲ႔ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ တာဟစ္ေခ်ာင္ရဲ႕စြမ္းေဆာင္ရည္အေပၚ ယူႏိုက္တက္ပရိသတ္ေတြက အားရေက်နပ္ေနတာလည္းျဖစ္ပါတယ္။
၂၀၁၆ ခုႏွစ္တုန္းက ယူႏိုက္တက္အကယ္ဒမီကို ေရာက္ရွိခဲ့သူ တာဟစ္ေခ်ာင္ဟာ အလားအလာရွိတဲ့လူငယ္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ၂၀၁၈ ခုႏွစ္မွာ ယူႏိုက္တက္(၁)ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆု (Jimmy Murphy Young Player of the Year)ကို ဆြတ္ခူးခဲ့သူပါ။ ၂၀၁၈-၁၉ ရာသီမွာ ယူႏိုက္တက္အသင္းႀကီးအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ပုံမွန္ေနရာရဖို႔႐ုန္းကန္ခဲ့ရတာေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ၀ါဒါဘရီမင္၊ ကလပ္ဘ႐ုခ်္အသင္းတို႔မွာ အငွားနဲ႔သြားေရာက္ကစားခဲ့ရၿပီး ကလပ္ဘ႐ုခ်္အသင္းနဲ႔ ဘယ္လ္ဂ်ီယံအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ရွက္ဖီးယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီး Sky Sports နဲ႔ အင္တာဗ်ဴးမွာ တာဟစ္ေခ်ာင္က “ကြၽန္ေတာ္တို႔ဟာ အသင္းလိုက္ကစားပုံေကာင္းမြန္ခဲ့ၿပီး ဒီပြဲဟာ ခက္ခဲမယ့္ပြဲတစ္ပြဲဆိုတာ ကြၽန္ေတာ္တို႔ ႀကိဳတင္ေမွ်ာ္လင့္ထားၿပီးသားပါ။ ဒီပြဲမွာ ကြၽန္ေတာ္ Man of The Match ဆုရခဲ့ေပမယ့္ က်န္တဲ့ကစားသမား(၁၀)ေယာက္စလုံး အခုဆုနဲ႔ထိုက္တန္ခဲ့တာျဖစ္ပါတယ္။ ရာသီအဖြင့္ကို ႏိုင္ပြဲနဲ႔စတင္ႏိုင္ခဲ့လို႔လည္း ကြၽန္ေတာ္ ဝမ္းေျမာက္မိပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။