အသင်းသစ်စပါးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ဘက်ဗင်း ပစ်မှတ်ထား

Photo Credit

Photo Credit

ပီအက်စ်ဗွီကနေ စပါးကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာတဲ့တောင်ပံကစားသမား စတီဗင်ဘက်ဗင်းက အသင်းသစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထား ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဘက်ဗင်းဟာ ပီအက်စ်ဗွီနဲ့အတူ ၆နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် စပါးအသင်းနဲ့ ၂၀၂၅ အထိရှိမယ့် ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာပါ။

Photo Credit

နယ်သာလန်လက်ရွေးစင် ဘက်ဗင်းဟာ ၂၀၁၁ ခုနှစ်က လူငယ်ကစားသမားအဖြစ် ပီအက်စ်ဗွီကို ရောက်လာပြီးနောက် ၂၀၁၄ မှာ စီနီယာအသင်းနဲ့အတူ စတင်ကစားခွင့်ရခဲ့ပြီး ၁၇ နှစ်အရွယ်မှာ အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

Photo Credit

အသက် ၂၂နှစ်အရွယ်ရှိ ဘက်ဗင်းဟာ ပီအက်စ်ဗွီအသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ဥရောပပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ယခုအခါ စပါးအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ တနင်္ဂနွေနေ့မှာ စီးတီးကို ဧည့်ခံကစားရမယ့်ပွဲမှာ အသင်းသစ် စပါးအတွက် ပထမဆုံးပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။

Photo Credit

စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေပြီး ယမန်နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ရာ ဘက်ဗင်းက ယခုတစ်ကြိမ်မှာ မနှစ်ကထက် ချန်ပီယံလိဂ်မှာ ပိုကောင်းတဲ့ရလဒ်ပိုင်ဆိုင်နိုင်ဖို့ ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ”စပါးက အံ့အားသင့်စရာကောင်းတဲ့ကလပ်ဖြစ်ပြီး အသင်းအတွက် ကျွန်တော့်မှာရှိသမျှအရာအားလုံးပေးဆပ်သွားမှာပါ”

Photo Credit

”ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဆိုတာ ကစားသမားတိုင်းအတွက် အိပ်မက်ဖြစ်ပြီး ကွင်းတိုင်းကလည်း ကွင်းလုံးပြည့်ပရိသတ်အားပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ အသင်းအတွက် ဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်သလို ချန်ပီယံလိဂ်ဖလားလည်း လိုချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆို အေဂျက်စ်ကို စပါးအနိုင်ရခဲ့တာ သိပ်ကြိုက်ပါတယ်”

Photo Credit

”ကျွန်တော်ဟာ အသက် ၁၃နှစ်အရွယ်မှာ ပီအက်စ်ဗွီကို ရောက်လာပါတယ်။ အဲဒီအချိန်တုန်းက မနက် ၆နာရီဆို အိပ်ယာကထပြီး အင်ဟိုဗန်မြို့ကို တစ်နာရီလောက် ကားမောင်းသွားရပါတယ်။ ပြီးတော့ ၃နာရီ၊ ၄နာရီလောက်မှာ ကျောင်းသွားတက်ရပါတယ်။ ဒါက နေ့တိုင်းလုပ်ခဲ့ရတာတွေပါ။ ကျွန်တော် လေ့ကျင့်ခန်းဆင်းနေချိန်မှာ အဖေက ကားပေါ်မှာ အိပ်ပြီးစောင့်နေတတ်ပါတယ်”

Photo Credit

”မိဘတွေရဲ့အကူအညီမရှိရင် ကျွန်တော်ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ အခုချိန်မှာ အဖေနဲ့ အမေတို့ကို ပြန်ကြည့်နိုင်လို့လည်း အရမ်းပျော်ရပါတယ်”လို့ ဘက်ဗင်းက ပြောပါတယ်။ စပါးဟာ ယခုလအတွင်း ဘင်ဖီကာအသင်းကနေ ပေါ်တူဂီကွင်းလယ်လူ ဂက်ဆင်ဖာနန်ဒက်စ်ကို ၁၈လ အငှားစာချုပ်နဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။

Photo Credit

Zawgyi

အသင္းသစ္စပါးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ဖို႔ ဘက္ဗင္း ပစ္မွတ္ထား

ပီအက္စ္ဗြီကေန စပါးကို ေပါင္ ၂၅ သန္းနဲ႔ ေရာက္ရွိလာတဲ့ေတာင္ပံကစားသမား စတီဗင္ဘက္ဗင္းက အသင္းသစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ဖို႔ ပစ္မွတ္ထား ထားေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ဘက္ဗင္းဟာ ပီအက္စ္ဗီြနဲ႔အတူ ၆ႏွစ္ၾကာ ျဖတ္သန္းခဲ့ၿပီးေနာက္ စပါးအသင္းနဲ႔ ၂၀၂၅ အထိရွိမယ့္ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။
နယ္သာလန္လက္ေရြးစင္ ဘက္ဗင္းဟာ ၂၀၁၁ ခုႏွစ္က လူငယ္ကစားသမားအျဖစ္ ပီအက္စ္ဗီြကို ေရာက္လာၿပီးေနာက္ ၂၀၁၄ မွာ စီနီယာအသင္းနဲ႔အတူ စတင္ကစားခြင့္ရခဲ့ၿပီး ၁၇ ႏွစ္အရြယ္မွာ အသင္းႀကီးအတြက္ ပထမဆုံးပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။
အသက္ ၂၂ႏွစ္အရြယ္ရွိ ဘက္ဗင္းဟာ ပီအက္စ္ဗီြအသင္းရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ဥေရာပပအသင္းႀကီးေတြရဲ႕ ပစ္မွတ္ျဖစ္ခဲ့ၿပီး ယခုအခါ စပါးအသင္းက လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ တနဂၤေႏြေန႔မွာ စီးတီးကို ဧည့္ခံကစားရမယ့္ပဲြမွာ အသင္းသစ္ စပါးအတြက္ ပထမဆုံးပြဲထြက္ခြင့္ရဖြယ္ရွိေနပါတယ္။
စပါးဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၿပီး ယမန္ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ရာ ဘက္ဗင္းက ယခုတစ္ႀကိမ္မွာ မႏွစ္ကထက္ ခ်န္ပီယံလိဂ္မွာ ပိုေကာင္းတဲ့ရလဒ္ပိုင္ဆုိင္ႏိုင္ဖို႔ ကူညီသြားမယ္လုိ႔ ကတိျပဳခဲ့ပါတယ္။ ”စပါးက အံ့အားသင့့္စရာေကာင္းတဲ့ကလပ္ျဖစ္ၿပီး အသင္းအတြက္ ကၽြန္ေတာ့္မွာရွိသမွ်အရာအားလုံးေပးဆပ္သြားမွာပါ”
”ပရီးမီးယားလိဂ္မွာ ကစားခြင့္ရဖို႔ဆုိတာ ကစားသမားတုိင္းအတြက္ အိပ္မက္ျဖစ္ၿပီး ကြင္းတုိင္းကလည္း ကြင္းလုံးျပည့္ပရိသတ္အားေပးတဲ့ၿပိဳင္ပဲြျဖစ္ပါတယ္။ အသင္းအတြက္ ဂိုးေတြသြင္းၿပီး ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးသြားမွာျဖစ္သလို ခ်န္ပီယံလိဂ္ဖလားလည္း လိုခ်င္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကဆုိ ေအဂ်က္စ္ကို စပါးအႏိုင္ရခဲ့တာ သိပ္ႀကိဳက္ပါတယ္”
”ကၽြန္ေတာ္ဟာ အသက္ ၁၃ႏွစ္အရြယ္မွာ ပီအက္စ္ဗီြကို ေရာက္လာပါတယ္။ အဲဒီအခ်ိန္တုန္းက မနက္ ၆နာရီဆုိ အိပ္ယာကထၿပီး အင္ဟိုဗန္ၿမိဳ႕ကို တစ္နာရီေလာက္ ကားေမာင္းသြားရပါတယ္။ ၿပီးေတာ့ ၃နာရီ၊ ၄နာရီေလာက္မွာ ေက်ာင္းသြားတက္ရပါတယ္။ ဒါက ေန႔တုိင္းလုပ္ခဲ့ရတာေတြပါ။ ကၽြန္ေတာ္ ေလ့က်င့္ခန္းဆင္းေနခ်ိန္မွာ အေဖက ကားေပၚမွာ အိပ္ၿပီးေစာင့္ေနတတ္ပါတယ္”
”မိဘေတြရဲ႕အကူအညီမရွိရင္ ကၽြန္ေတာ္ဒီလုိျဖစ္လာမွာမဟုတ္ပါဘူး။ အခုခ်ိန္မွာ အေဖနဲ႔ အေမတို႔ကို ျပန္ၾကည့္ႏိုင္လုိ႔လည္း အရမ္းေပ်ာ္ရပါတယ္”လုိ႔ ဘက္ဗင္းက ေျပာပါတယ္။ စပါးဟာ ယခုလအတြင္း ဘင္ဖီကာအသင္းကေန ေပၚတူဂီကြင္းလယ္လူ ဂက္ဆင္ဖာနန္ဒက္စ္ကို ၁၈လ အငွားစာခ်ဳပ္နဲ႔ ေခၚယူထားၿပီးျဖစ္ပါတယ္။