အသင်းလေးတွေနဲ့ တွေ့ရင်ပိုကောင်းဖို့လိုတယ်လို့ ဆိုးလ်ရှားဝန်ခံ

Photo- Internet
Photo- Internet

မန်ယူအသင်းအနေနဲ့ အသင်းကြီးတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရာမှာ ခြေစွမ်းပြနေပေမယ့် အသင်းလေးတွေနဲ့တွေ့ရင် ရုန်းကန်နေရတာကြောင့် အားနည်းတဲ့အသင်းတွေနဲ့တွေ့ဆုံချိန်မှာ ပိုကောင်းအောင်ကစားဖို့ လိုအပ်နေတယ်လို့ နည်းပြ ဆိုးလ်ရှားက ဝန်ခံစကားဆိုလိုက်ပါတယ်။

မန်ယူဟာ ဒီရာသီမှာချဲလ်ဆီး၊ လက်စတာ၊ စပါးနဲ့ မန်စီးတီးတို့ကိုအနိုင်ရအောင်ကစားနိုင်ခဲ့ပြီး လီဗာပူးနဲ့ အာဆင်နယ် အသင်းတွေကို လည်း ၁-၁ သရေကျခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာလည်း စပါးနဲ့ မန်စီးတီးတို့ကိုအနိုင်ကစားနိုင်ခဲ့လို့ မန်ယူရဲ့ခြေစွမ်းကိုချီးကျူ းဂုဏ်ပြုမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် မန်ယူဟာအသင်းလေးတွေနဲ့တွေ့ရင်တော့ ရုန်းကန်နေရပြီး ၄ ပွဲအထိရှုံးထားပါတယ်။

Photo- Internet

မန်ယူဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်၊ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ကိုရှုံးထားပြီး မကြာသေးခင်ကလည်း ရုန်းကန်နေရတဲ့ ဆောက်သမ်တန်နဲ့ အက်စ်တွန်ဗီလာတို့ကို သရေကျခဲ့သေးတာပါ။ မန်ယူဟာလာမယ့် သီတင်းပတ်တွေအတွင်းမှာ အဲဗာတန်၊ ဝက်ဖို့ဒ်၊ ဘန်လေတို့နဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။

Photo- Internet

ဒီအသင်းတွေအားလုံးဟာ ရုန်းကန်နေကြရလို့ ပိုကောင်းတဲ့ခြေစွမ်းပြသဖို့လိုအပ်တယ်လို့လည်း ဆိုးလ်ရှားကဆိုခဲ့ပါတယ်။ သူက”အသင်းလေးတွေနဲ့တွေ့ရင် ကျွန်တော်တို့ရုန်းကန်နေရတာဟာ အမှန်ပါဘဲ။ ဒါဟာစိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တယ်ဆိုရင်လည်း ဖြေရှင်းရမှာပေါ့။

Photo- Internet

တစ်ချို့ပွဲတွေမှာဆိုရင် လက်မခံနိုင်လောက်တဲ့ ရလဒ်နဲ့အတူ ပွဲကိုမထိန်းချုပ်နိုင်ခဲ့တာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကအဆိုးမြင်သလို စိတ်လည်းမပူပေမယ့် ပိုပြီးတိုးတက်ဖို့လိုနေတာတော့အမှန်ပါဘဲ။ ချာတိတ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း ပြန်ပြီးသုံးသပ်သွားပါမယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

အသင္းေလးေတြနဲ႔ ေတြ႔ရင္ပိုေကာင္းဖို႔လိုတယ္လို႔ ဆိုးလ္ရွား၀န္ခံ

မန္ယူအသင္းအေနနဲ႔ အသင္းႀကီးေတြနဲ႔ထိပ္တိုက္ရင္ဆိုင္ရာမွာ ေျခစြမ္းျပေနေပမယ္႔ အသင္းေလးေတြနဲ႔ေတြ႔ရင္ ရုန္းကန္ေနရတာေၾကာင့္ အားနည္းတဲ႔အသင္းေတြနဲ႔ေတြ႔ဆုံခ်ိန္မွာ ပိုေကာင္းေအာင္ကစားဖို႔ လိုအပ္ေနတယ္လို႔ နည္းျပ ဆိုးလ္ရွားက ၀န္ခံစကားဆိုိလိုက္ပါတယ္။

မန္ယူဟာ ဒီရာသီမွာခ်ဲလ္ဆီး၊ လက္စတာ၊ စပါးနဲ႔ မန္စီးတီးတို႔ကိုအႏိုင္ရေအာင္ကစားႏိုင္ခဲ့ၿပီး လီဗာပူးနဲ႔ အာဆင္နယ္ အသင္းေတြကို လည္း ၁-၁ သေရက်ခဲ့တာပါ။ ၿပီးခဲ့တဲ႔ တစ္ပတ္အတြင္းမွာလည္း စပါးနဲ႔ မန္စီးတီးတို႔ကိုအႏိုင္ကစားႏိုင္ခဲ့လို႔ မန္ယူရဲ႕ေျခစြမ္းကိုခ်ီးက်ဴ းဂုဏ္ျပဳမႈေတြလည္းရွိေနပါတယ္။ ဒါေပမယ္႔ မန္ယူဟာအသင္းေလးေတြနဲ႔ေတြ႔ရင္ေတာ႔ ရုန္းကန္ေနရၿပီး ၄ ပြဲအထိရႈံးထားပါတယ္။

မန္ယူဟာ ဒီရာသီမွာ ခရစၥတယ္ပဲေလ႔စ္၊ ဘုန္းေမာက္၊ နယူးကာဆယ္နဲ႔ ၀က္စ္ဟမ္းတို႔ကိုရႈံးထားၿပီး မၾကာေသးခင္ကလည္း ရုန္းကန္ေနရတဲ႔ ေဆာက္သမ္တန္နဲ႔ အက္စ္တြန္ဗီလာတို႔ကို သေရက်ခဲ့ေသးတာပါ။ မန္ယူဟာလာမယ္႔ သီတင္းပတ္ေတြအတြင္းမွာ အဲဗာတန္၊ ၀က္ဖို႔ဒ္၊ ဘန္ေလတို႔နဲ႔ေတြ႔ဆုံရမွာျဖစ္ပါတယ္။

ဒီအသင္းေတြအားလုံးဟာ ရုန္းကန္ေနၾကရလို႔ ပိုေကာင္းတဲ႔ေျခစြမ္းျပသဖို႔လိုအပ္တယ္လို႔လည္း ဆိုးလ္ရွားကဆိုခဲ့ပါတယ္။ သူက”အသင္းေလးေတြနဲ႔ေတြ႔ရင္ ကၽြန္ေတာ္တို႔ရုန္းကန္ေနရတာဟာ အမွန္ပါဘဲ။ ဒါဟာစိတ္ပိုင္းဆိုင္ရာနဲ႔ သက္ဆိုင္တယ္ဆိုရင္လည္း ေျဖရွင္းရမွာေပါ့။

တစ္ခ်ဳိ႔ပြဲေတြမွာဆိုရင္ လက္မခံႏိုင္ေလာက္တဲ႔ ရလဒ္နဲ႔အတူ ပြဲကိုမထိန္းခ်ဳပ္ႏိုင္ခဲ့တာေတြရွိပါတယ္။ ဒါနဲ႔ပတ္သက္လို႔ က်ြန္ေတာ္ကအဆိုးျမင္သလို စိတ္လည္းမပူေပမယ္႔ ပိုၿပီးတိုးတက္ဖို႔လိုေနတာေတာ႔အမွန္ပါဘဲ။ ခ်ာတိတ္ေတြရဲ႕စိတ္ပိုင္းဆိုင္ရာကိုလည္း ျပန္ၿပီးသုံးသပ္သြားပါမယ္” လို႔ေျပာသြားပါတယ္။