အသင်းလိုက်ဆုဖလား လိုချင်နေတဲ့ ဟယ်ရီကိန်းက စပါးထွက်ခွာခွင့် တရားဝင်တောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းလိုက်ဆုဖလား အောင်မြင်မ့တွေလိုချင်တယ်လို့ ပြောကြားထားဖူးတဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းဟာ လာမယ့် ဇွန်လအပြောင်းအရွှေ့မှာ ထွက်ခွာတေပြမယ်လို့ အသင်းကို တရားဝင် အသိပေးကြောင်းကြားလိုက်ပါတယ်။

ကိန်းအနေနဲ့ ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရသလို ၂၀၁၉တုန်းကလည်း

ချန်ပီယံလိ၈် ဖိုင်နယ်မှာ လီဗာပူးကို ရှုံးပြီး ဒုတိယသာ ရခဲ့တဲ့အတွက် သူ့ရဲ့ ကစားသမားဘဝမှာ အသင်းလိုက် အောင်မြင်မှုပြစရာမရှိတဲ့အပေါ် ဟယ်ရီကိန်းက စိတ်ပျက်နေတာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဟယ်ရီကိန်းဟာ ကမ္ဘာ့အဆင့်ထိပ်တန်း တိုက်စစ်မှူးဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းနဲ့အတူ အောင်မြင်မှု တစ်စုံတစ်ရာ မရရှိသေးသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မှုကသာ သူ့အတွက် အမြင့်မားဆုံးအောင်မြင်မှုဖြစ်နေပြီး ကစားသမားဘဝက အနားယူချိန်မှာ လက်ဆုပ်လက်ကိုင်ပြစရာ အောင်မြင်မှုမရှိမယ့်အရေးကို ရှောင်လွှဲဖို့ ကြိုးစားလာတဲ့သဘောပါပဲ။

ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ယူနိုက်တက်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ကစားသမားကလည်း ပရီးမီးယားလိဂ်မှာသာ ဆက်လက်ကစားချင်တဲ့ ဆန္ဒရှိနေပြီး ဘယ်အသင်းကို သူ ရွေးချယ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သတင်းတွေထွက်ပေါ်ခဲ့သလို ယူနိုက်တက်အသင်းဖက်က ကနေဦး ပေါင်သန်း ၉၀နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ဟယ်ရီကိန်းကို စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် ကစားသမားကိုယ်တိုင်က အင်္ဂလန်မြေမှာသာ ဆက်လက်ချင်နေတဲ့အတွက် နိုင်ငံရပ်ခြားက အသင်းတွေအတွက် မျှော်လင့်ချက်နည်းပါးနေပါတယ်။

ဒေးဗစ်ဘက်ခမ်း ဘောလုံးအကယ်ဒမီထွက် အသက် ၂၇ နှစ်အရွယ် ဟယ်ရီကိန်းဟာ စပါးအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီ ၇ ရာသီဆက်တိုက်

တစ်ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး အနည်းဆုံး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီယားလိဂ်ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

လက်ရှိဘောလုံးရာသီမှာလည်း စပါးအတွက် ၂၂ ဂိုးသွင်းယူပေးထားပြီး လီဗာပူးက ဆာလက်နဲ့အပြိုင် ရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းလိုက္ဆုဖလား လိုခ်င္ေနတဲ့ ဟယ္ရီကိန္းက စပါးထြက္ခြာခြင့္ တရားဝင္ေတာင္းဆို

အသင္းလိုက္ဆုဖလား ေအာင္ျမင္မ့ေတြလိုခ်င္တယ္လို႔ ေျပာၾကားထားဖူးတဲ့ စပါးတိုက္စစ္မႈး ဟယ္ရီကိန္းဟာ လာမယ့္ ဇြန္လအေျပာင္းအေ႐ႊ႕မွာ ထြက္ခြာေတျပမယ္လို႔ အသင္းကို တရားဝင္ အသိေပးေၾကာင္းၾကားလိုက္ပါတယ္။ ကိန္းအေနနဲ႔ ၿပီးခဲ့တဲ့ လိဂ္ဖလားဗိုလ္လုပြဲမွာ မန္စီးတီးကို ရႈံးနိမ့္ခဲၿပီး ဒုတိယဆုနဲ႔ ေက်နပ္ခဲ့ရသလို ၂၀၁၉တုန္းကလည္း ခ်န္ပီယံလိ၈္ ဖိုင္နယ္မွာ လီဗာပူးကို ရႈံးၿပီး ဒုတိယသာ ရခဲ့တဲ့အတြက္ သူ႔ရဲ႕ ကစားသမားဘဝမွာ အသင္းလိုက္ ေအာင္ျမင္မႈျပစရာမရွိတဲ့အေပၚ ဟယ္ရီကိန္းက စိတ္ပ်က္ေနတာပါ။

အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ ဟယ္ရီကိန္းဟာ ကမာၻ႔အဆင့္ထိပ္တန္း တိုက္စစ္မႉးျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ အသင္းနဲ႔အတူ ေအာင္ျမင္မႈ တစ္စုံတစ္ရာ မရရွိေသးသူျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့မႈကသာ သူ႔အတြက္ အျမင့္မားဆုံးေအာင္ျမင္မႈျဖစ္ေနၿပီး ကစားသမားဘဝက အနားယူခ်ိန္မွာ လက္ဆုပ္လက္ကိုင္ျပစရာ ေအာင္ျမင္မႈမရွိမယ့္အေရးကို ေရွာင္လႊဲဖို႔ ႀကိဳးစားလာတဲ့သေဘာပါပဲ။

ဟယ္ရီကိန္းကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးတို႔က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ကစားသမားကလည္း ပရီးမီးယားလိဂ္မွာသာ ဆက္လက္ကစားခ်င္တဲ့ ဆႏၵရွိေနၿပီး ဘယ္အသင္းကို သူ ေ႐ြးခ်ယ္မလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ သတင္းေတြထြက္ေပၚခဲ့သလို ယူႏိုက္တက္အသင္းဖက္က ကေနဦး ေပါင္သန္း ၉၀နဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရွိရၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတို႔ကလည္း ဟယ္ရီကိန္းကို စိတ္ဝင္စားေနၾကပါတယ္။ ဒါေပမယ့္ ကစားသမားကိုယ္တိုင္က အဂၤလန္ေျမမွာသာ ဆက္လက္ခ်င္ေနတဲ့အတြက္ ႏိုင္ငံရပ္ျခားက အသင္းေတြအတြက္ ေမွ်ာ္လင့္ခ်က္နည္းပါးေနပါတယ္။

ေဒးဗစ္ဘက္ခမ္း ေဘာလုံးအကယ္ဒမီထြက္ အသက္ ၂၇ ႏွစ္အ႐ြယ္ ဟယ္ရီကိန္းဟာ စပါးအတြက္ ၿပီးခဲ့တဲ့ေဘာလုံးရာသီ ၇ ရာသီဆက္တိုက္ တစ္ရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး အနည္းဆုံး ၂၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ပရီးမီယားလိဂ္ေ႐ႊဖိနပ္ဆုကို ၂ ႏွစ္ဆက္တိုက္ ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။

လက္ရွိေဘာလုံးရာသီမွာလည္း စပါးအတြက္ ၂၂ ဂိုးသြင္းယူေပးထားၿပီး လီဗာပူးက ဆာလက္နဲ႔အၿပိဳင္ ေ႐ႊဖိနပ္ဆုအတြက္ အၿပိဳင္ျဖစ္ေနပါတယ္။