အသင်းလက်မဲ့ ဖြစ်သွားပြီဖြစ်တဲ့ မက်ဆီကို ဘယ်အသင်းက ခေါ်ယူနိုင်မလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဇွန်လ ၃၀ ရက်နေ့အထိ လက်မှတ်ရေးထိုးဖို့ သဘောတူညီမှု မရရှိခဲ့ဘဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပါပြီ။

အဲဒီအတွက် မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေ ခြေချင်းလိမ်လာခဲ့ပြီး နူးကမ့်ဘက်ကတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားဆဲဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာနဲ့ မက်ဆီဘက်က ကိုယ်စားလှယ်တို့ဟာ ဆွေးနွေးမှုတွေ ဆက်လုပ်ပါလိမ့်မယ်။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တေးနဲ့ မက်ဆီရဲ့ဖခင်၊ အေးဂျင့်တို့ပါတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေက ဆက်ရှိနေမှာပါ။

ဘာစီလိုနာရဲ့ ဘဏ္ဍာရေး ကြပ်တည်းမှု အခြေအနေက မက်ဆီဘက်က တောင်းဆိုမှုတွေကို လိုက်လျောပေးနိုင်စွမ်းတွေမှာ အခက်အခဲ ရှိပါလိမ့်မယ်။

မက်ဆီ နဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တဲ့ တစ်ကျော့ပြန် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကတော့ မက်ဆီ နဲ့ အသင်း အကြားမှာ ဘာပြဿနာ မှ မရှိဘဲ

မက်ဆီ ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ စိတ်ကူးထားကြောင်း စာချုပ် သက်တမ်း ကုန်ဆုံးခါနီးမှာ ထုတ်ဖော် ပြောဆို ထားပါတယ်။

လာလီဂါဥက္ကဌက ဘာစီလိုနာ အနေနဲ့ မက်ဆီကို လက်မှတ်မထိုးခင် ကလပ်ရဲ့ လုပ်ခကို လျော့ချရလိမ့်မယ်လို့ သတိပေးထားပါတယ်။

မက်ဆီ ဟာ လက်ရှိ အချိန်မှာ အာဂျင်တီးနား နဲ့ ကိုပါ အမေရိက ပြိုင်ပွဲ ကို ပါဝင် ကစားနေပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ အတွေးထဲမှာ ကိုပါအမေရိကပဲ ရှိနေဦးမှာပါ။

ဒီပြိုင်ပွဲ ရလဒ်ဟာ သူ့ရဲ့ အနာဂတ် ကို သက်ရောက်မှု ရှိနေမှာလည်း အသေအချာပါပဲ။

မက်ဆီ ဟာ လူငယ် ကစားသမား ဘ၀ ကတည်းက အာဂျင်တီးနား ကနေ ဘာစီလိုနာ ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး စီနီယာ ဘောလုံးသမား ဘ၀ တစ်လျောက်ကို ဘာစီလိုနာ တစ်သင်းတည်းမှာပဲ ကစားခဲ့ ပါတယ်။

လက်ရှိ မှာ ၃၄ နှစ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီ အနေနဲ့ ဘာစီလိုနာ မှာ ဆက်ကစားဖြစ်ခဲ့မယ် ဆိုပါက စီနီယာကစားသမားဘ၀ အစအဆုံး ဘာကာမှာပဲ အဆုံးသတ်ရသူဖြစ်လာပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းလက္မဲ့ ျဖစ္သြားၿပီျဖစ္တဲ့ မက္ဆီကို ဘယ္အသင္းက ေခၚယူႏိုင္မလဲ?

ဇြန္လ ၃၀ ရက္ေန႔အထိ လက္မွတ္ေရးထိုးဖို႔ သေဘာတူညီမႈ မရရွိခဲ့ဘဲ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့ၿပီျဖစ္တဲ့ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ပါၿပီ။

အဲဒီအတြက္ မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြ ေျခခ်င္းလိမ္လာခဲ့ၿပီး ႏူးကမ့္ဘက္ကေတာ့ ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ႀကိဳးစားဆဲျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာနဲ႔ မက္ဆီဘက္က ကိုယ္စားလွယ္တို႔ဟာ ေဆြးေႏြးမႈေတြ ဆက္လုပ္ပါလိမ့္မယ္။ ဘာစီလိုနာ ဥကၠဌ လာေပၚေတးနဲ႔ မက္ဆီရဲ႕ဖခင္၊ ေအးဂ်င့္တို႔ပါတဲ့ သုံးပြင့္ဆိုင္ ေဆြးေႏြးမႈေတြက ဆက္ရွိေနမွာပါ။ ဘာစီလိုနာရဲ႕ ဘ႑ာေရး ၾကပ္တည္းမႈ အေျခအေနက မက္ဆီဘက္က ေတာင္းဆိုမႈေတြကို လိုက္ေလ်ာေပးႏိုင္စြမ္းေတြမွာ အခက္အခဲ ရွိပါလိမ့္မယ္။

မက္ဆီ နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိခဲ့တဲ့ တစ္ေက်ာ့ျပန္ ဘာစီလိုနာ ဥကၠဌ လာေပၚတာ ကေတာ့ မက္ဆီ နဲ႔ အသင္း အၾကားမွာ ဘာျပႆနာ မွ မရွိဘဲ မက္ဆီ ကလည္း ဘာစီလိုနာမွာ ဆက္ေနဖို႔ စိတ္ကူးထားေၾကာင္း စာခ်ဳပ္ သက္တမ္း ကုန္ဆုံးခါနီးမွာ ထုတ္ေဖာ္ ေျပာဆို ထားပါတယ္။ လာလီဂါဥကၠဌက ဘာစီလိုနာ အေနနဲ႔ မက္ဆီကို လက္မွတ္မထိုးခင္ ကလပ္ရဲ႕ လုပ္ခကို ေလ်ာ့ခ်ရလိမ့္မယ္လို႔ သတိေပးထားပါတယ္။

မက္ဆီ ဟာ လက္ရွိ အခ်ိန္မွာ အာဂ်င္တီးနား နဲ႔ ကိုပါ အေမရိက ၿပိဳင္ပြဲ ကို ပါဝင္ ကစားေနပါတယ္။ လတ္တေလာမွာေတာ့ သူ႔ရဲ႕ အေတြးထဲမွာ ကိုပါအေမရိကပဲ ရွိေနဦးမွာပါ ။ ဒီၿပိဳင္ပြဲ ရလဒ္ဟာ သူ႔ရဲ႕ အနာဂတ္ ကို သက္ေရာက္မႈ ရွိေနမွာလည္း အေသအခ်ာပါပဲ။

မက္ဆီ ဟာ လူငယ္ ကစားသမား ဘ၀ ကတည္းက အာဂ်င္တီးနား ကေန ဘာစီလိုနာ ကို ေရာက္ရွိ လာခဲ့သူ ျဖစ္ၿပီး စီနီယာ ေဘာလုံးသမား ဘ၀ တစ္ေလ်ာက္ကို ဘာစီလိုနာ တစ္သင္းတည္းမွာပဲ ကစားခဲ့ပါတယ္။ လက္ရွိ မွာ ၃၄ ႏွစ္ ရွိေနၿပီ ျဖစ္တဲ့ မက္ဆီ အေနနဲ႔ ဘာစီလိုနာ မွာ ဆက္ကစားျဖစ္ခဲ့မယ္ ဆိုပါက စီနီယာကစားသမားဘ၀ အစအဆုံး ဘာကာမွာပဲ အဆုံးသတ္ရသူျဖစ္လာပါလိမ့္မယ္။