အသင်းရှူံးလို့ VAR ကို ဖျက်ဆီးခဲ့ကြတဲ့ ဂရီမီယို ပရိသတ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂရီမီယိုပရိသတ်တစ်ယောက်ကတော့ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို မခံနိုင်တော့တဲ့အဆုံး ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။

ဂရီမီယိုဟာပါးမီးရပ်စ်ကို၁-ဝဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းအိမ်ကွင်းမှာ၃-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပါးမီးရပ်စ်ဟာပထမပိုင်းမှာရာဖေးလ်ဗယ်ဂါရဲ့ပင်နယ်တီနှစ်ဂိုး၊လိုပက်စ်ရဲ့နာကျင်အချိန်ပိုဂိုးတို့ဖြင့်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ပါးမီးရပ်စ်နှင့်ပွဲအပြီးမှာဒေါသထွက်နေကြတဲ့ပရိသတ်များဟာကွင်းအတွင်းသို့ဝင်ရောက်လာခဲ့ကြပြီးနောက် VAR ကိုဖျက်ဆီးခဲ့ကြပါတယ်။

ဂရီမီယိုပရိသတ်များဟာလုံခြုံရေးများကို ပစ္စည်းများဖြင့်ပစ်ပေါက်ခြင်း၊ရိုက်ခြင်း၊ထိုးခြင်းတို့ပြုလုပ်ခဲ့ကြပြီးရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။

ကစားသမားတွေအနေနဲ့ကတော့ အဝတ်လဲခန်းအတွင်း အလျင်အမြန် ဝင်ခဲ့ရပြီး ဆူပူမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဒေါက်ကလပ်ကော်စတာနဲ့ ရာဖင်ဟာတို့ ကစားလျက်ရှိနေတဲ့ ဂရီမီယိုဟာ

လက်ရှိ ဘရာဇီးစီးရီးအေ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဂရီမီယိုဟာလာမယ့်ကြာသပတေးနေ့မှာအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အက်သလက်တီကိုမီနိုင်းရိုးနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့မှာခါးသီးပြိုင်ဘက်အင်တာနေစီယွန်နယ်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါဦးမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





