အသင်းရှူံးပေမယ့် မှတ်တမ်းကောင်းရတဲ့ ဟယ်ရီကိန်း

စပါးအသင်းဟာဒီမနက်ပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အဲဗာတန် အသင်းကို အချိန်ပိုမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ပွဲချိန်အတွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ တစ်ဖက်(၄)ဂိုးစီ သရေကျခဲ့တာပါ။

အချိန်ပိုမှာတော့ ဘားနတ်က အဲဗာတန် အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် မာဆေးဆိုဒ်ကလပ်က (၅)ဂိုး-(၄)ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။စပါး အသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၈)နေရာမှာ ရပ်တည်နေရပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းကတော့ အဲဗာတန်အသင်းကိုအနိုင်ရတဲ့အက်ဖ်အေဖလားပွဲစဉ်မှာဂိုးများသွင်းယူနိုင်ခဲ့ပြီးနောက်စပါးအသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။ ဟယ်ရီကိန်းဟာအဲဗာတန်နဲ့ပွဲစဉ်မှာပွဲချိန်၈၃မိနစ်မှာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စပါးအသင်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာပွဲပေါင်း၃၁၈ပွဲပါဝင်ကစားကာဂိုးပေါင်း၂၀၉ဂိုးသွင်းယူနိုင်ခဲ့ပြီးအသင်းသမိုင်းတစ်လျှောက်ဒုတိယဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တာပါ။

စပါးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူမှာ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ စပါးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဂျင်မီဂရေဗ့်ဖြစ်ပြီးပွဲပေါင်း ၃၇၉ ပွဲမှာ ဂိုးပေါင်း ၂၆၆ ဂိုး သွင်းယူထားသူဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဂျင်မီဂရေ့ဗ်ကို လိုက်မီဖို့ ၅၇ ဂိုးသာ လိုအပ်တော့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ စပါးအသင်း လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက စီနီယာအသင်းကြီးအတွက် ပါဝင်ကစားခဲ့ပေမယ့် အခြားအသင်းတွေထံ အငှားနဲ့သွားရောက်ကစားခဲ့ရပြီးနောက် ၂၀၁၄-၁၅ ရာသီမှာ စီနီယာအသင်းကြီးအတွက် ပုံမှန်ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

Zawgyi

အသင္းရႉံး​ေပမယ့္ မွတ္တမ္း​ေကာင္းရတဲ့ ဟယ္ရီကိန္း

စပါးအသင္းဟာဒီမနက္ပိုင္းက ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္မွာ အဲဗာတန္ အသင္းကို အခ်ိန္ပိုမွာ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ပြဲခ်ိန္အတြင္းမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ တစ္ဖက္(၄)ဂိုးစီ သေရက်ခဲ့တာပါ။

အခ်ိန္ပိုမွာေတာ့ ဘားနတ္က အဲဗာတန္ အသင္းအတြက္ အႏိုင္ဂိုးသြင္းယူခဲ့တာေၾကာင့္ မာေဆးဆိုဒ္ကလပ္က (၅)ဂိုး-(၄)ဂိုးနဲ႔ အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။စပါး အသင္းဟာ အက္ဖ္ေအဖလား ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရသလို ပရီးမီးယားလိဂ္မွာလည္း အဆင့္(၈)ေနရာမွာ ရပ္တည္ေနရပါတယ္။

အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းကေတာ့ အဲဗာတန္အသင္းကိုအႏိုင္ရတဲ့အက္ဖ္ေအဖလားပြဲစဥ္မွာဂိုးမ်ားသြင္းယူႏိုင္ခဲ့ၿပီးေနာက္စပါးအသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယဂိုးအမ်ားဆုံးသြင္းယူႏိုင္သူျဖစ္လာခဲ့ပါတယ္။ ဟယ္ရီကိန္းဟာအဲဗာတန္နဲ႔ပြဲစဥ္မွာပြဲခ်ိန္၈၃မိနစ္မွာဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ စပါးအသင္းအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ ပြဲေပါင္ း၃၁၈ ပြဲပါဝင္ကစားကာ ဂိုးေပါင္း၂၀၉ဂိုးသြင္းယူႏိုင္ခဲ့ၿပီးအသင္းသမိုင္းတစ္ေလွ်ာက္ဒုတိယဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့တာပါ။

စပါးအသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူထားသူမွာ၁၉၆၁ခုႏွစ္ကေန၁၉၇၀ခုႏွစ္အထိစပါးအသင္းအတြက္ပါဝင္ကစားခဲ့တဲ့ဂ်င္မီဂေရဗ့္ျဖစ္ၿပီး ပြဲေပါင္း ၃၇၉ ပြဲမွာ ဂိုးေပါင္း ၂၆၆ ဂိုး သြင္းယူထားသူျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ ဂ်င္မီဂေရ႕ဗ္ကို လိုက္မီဖို႔ ၅၇ ဂိုးသာ လိုအပ္ေတာ့တာပါ။ အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟယ္ရီကိန္းဟာ စပါးအသင္းလူငယ္အကယ္ဒမီထြက္ျဖစ္ၿပီး ၂၀၀၉ခုႏွစ္ကတည္းက စီနီယာအသင္းႀကီးအတြက္ ပါဝင္ကစားခဲ့ေပမယ့္ အျခားအသင္းေတြထံအငွားနဲ႔သြားေရာက္ကစားခဲ့ရၿပီးေနာက္၂၀၁၄-၁၅ ရာသီမွာ စီနီယာအသင္းႀကီးအတြက္ပုံမွန္ပါဝင္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။