
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြင်သစ်အသင်း ယူရို၂၀၂၀ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ဘန်ဇီးမားကတော့ ယူရို၂၀၂၀ပြိုင်ပွဲမှာ လှပတဲ့ ဂိုးတွေသွင်းယူကာ အကောင်းဆုံးဆုအတွက် မျှော်မှန်းနိုင်ခွင့်ရှိသွားပြီဖြစ်ပါတယ်။
ဘန်ဇီးမားဟာမနေ့ညတုန်းကဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုအတွက်သေချာနေတဲ့ထူးရှယ်ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဆွစ်ဇာလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ပြင်သစ်တို့ တိုက်စစ်မြှင့်ပြီး တစ်ဖက်ခံစစ်ကို ပိုမိုထိုးဖောက်လာနိုင်ခဲ့ကြပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာတော့ ကွင်းလယ်နေ အန်ဂိုလို ကွန်တေ ဖြတ်တောက်ခေါင်းတိုက်ပြီး ပြန်ချပေးတဲ့ ဘောလုံးကို ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့က
ရှေ့ကို မဆိုင်းမတွ အဆင့်ဆင့်ပေးပို့ခဲ့ရာမှာ ဘန်ဇီးမားဟာ ဘောလုံးကိုဘယ်ခြေဖြင့်ကျောဘက်မှာရှေ့သို့ခုန်တက်လာအောင်ပြုလုပ်ပြီးဘယ်ခြေဖြင့်ပင်အသာအယာလှပစွာကန်သွင်းယူခဲ့ပါတယ်။
ဘန်ဇီးမားဟာနောက်ထပ်တစ်မိနစ်အကြာမှာပဲပြင်သစ်အတွက်ဒုတိယဂိုးကိုသွင်းခဲ့ပါတယ်။
အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ထွက်သွားတဲ့ ဂရစ်ဇ်မန်းရဲ့ ဂိုးသမားအပေါ်က ကျော်ချခဲ့မှုက ဆွမ်းမားရဲ့ လက်နဲ့ အနည်းငယ်ထိပြီး လမ်းကြောင်းစောင်းသွားခဲ့တာကို ဘန်ဇီးမားကပဲ အကွက်မြင်မြင်နဲ့ လိုက်လံခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၇၅ မိနစ်မှာတော့ ဘန်ဇီးမားရဲ့ ကန်သွင်းချက်က နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတာကို ပေါ့ဘာက ထိန်းသိမ်းရယူပြီး သူကန်နေကျ ပုံစံအတိုင်း ဂိုးတိုင်အပေါ်ထောင့်ကို အဝေးကန်ချက်နဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ပါတယ်။
ဘန်ဇီးမား ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ပြင်သစ်အသင်းကနေ ချန်လှပ်ခံခဲ့ရပြီး ယူရို၂၀၂၀မှ ပြန်လည်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီးမားဟာ ပေါ်တူဂီနဲ့ပွဲစဉ်မှာလည်း ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးတဲ့အခါမှာတော့ Star of the Match ကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကလည်း ဘန်ဇီးမားကို ချီးကျူးထားပြီး သူ့ရဲ့ဂိုးက၂၀၀၂ခုနှစ်တုန်းကနယူးကာဆယ်ဘက်သို့သွင်းယူခဲ့တဲ့အာဆင်နယ်နှင့်ဒတ်ချ်ဂန္တဝင်တိုက်စစ်မှူးဒင်းနစ်ဘားကမ့်သွင်းယူတဲ့ဂိုးထက်လှပကြောင်းဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင်းရှူံးပေမယ့် မင်းသားဖြစ်ခဲ့တဲ့ ဘန်ဇီးမား
ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကလည်း ဘန်ဇီးမားကို ချီးကျူးထားပြီး သူ့ရဲ့ဂိုးက၂၀၀၂ခုနှစ်တုန်းကနယူးကာဆယ်ဘက်သို့သွင်းယူခဲ့တဲ့အာဆင်နယ်နှင့်ဒတ်ခ်ျဂန္တဝင်တိုက်စစ်မှူးဒင်းနစ်ဘားကမ့်သွင်းယူတဲ့ဂိုးထက်လှပကြောင်းဆိုထားပါတယ်။