M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်နည်းပြ အာတီတာက ယမန်နေ့ညက ဗီလာရီးရဲကို ၂-၁ နဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးတွင် သူ့ရဲ့ လူရွေးချယ်ပွဲထွက်ပုံနှင့်ပတ်သက်ပြီး ဒေါသတကြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဗီလာရီးရဲလ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းတစ်ဦး ဖြစ်တာကြောင့် အဲဒီပွဲစဉ်ဟာ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး အမ်မရီနဲ့ အာတီတာတို့ရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အာတီတာက ဆွစ်လူမျိုးကွင်းလယ်လူ ရှာကာကို ဘယ်အစွန်ခံစစ်မှူးအဖြစ် အသုံးပြုခဲ့ပြီး တိုက်စစ်မှူးစစ်စစ်တစ်ဦးမှမပါဘဲ ပွဲထွက်ခဲ့ပါတယ်။ ကစားကွက်ဖန်တီးရှင် စမစ်ရိုးကို ရှေ့တင်ခဲ့ပြီး အူဘာမီယန်က အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့မှာ တစ်ဖက်တစ်ဦးစီ အနီကတ် ထိခဲ့ကြပြီး ဗီလာရီးရဲလ်အသင်းဘက်မှာ ကွင်းလယ်လူ ကာပူးလ်က နှစ်ဝါတစ်နီ ထိခဲ့သလို အာဆင်နယ်အသင်းဘက်က ကွင်းလယ်လူ စီဘယ်လော့ဟာလည်း နှစ်ဝါတစ်နီ ထိခဲ့ပါတယ်။
အာတီတာက စီဘယ်လော့ရဲ့ အနီကတ်ထိခဲ့တဲ့ လုပ်ရပ်အပေါ် အတော်လေး စိတ်ပျက်နေပြီး စီဘယ်လော့ဟာ သူ့ရဲ့ ညွှန်ကြားချက်တွေကို နားမထောင်ဘူးလို့ ပွဲအပြီးမှာ ပြောကြား သွားပါတယ်။
အာတီတာက “အဝါကတ်ထိမှုနဲ့ ပတ်သက်ပြီး ဒုတိယပိုင်းမှာ သတိထားဖို့ ပထမပိုင်း နားချိန်မှာ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် ဂါဘရီရယ် အဆင်သင့် ဖြစ်တဲ့ အချိန်မှာပဲ သူက ထုတ်ပယ်ခံလိုက်ရပါတယ်” လို့ပြောပါတယ်။
ဒါ့အပြင် အာတီတာက “ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ပြီးပွဲထွက်ခဲ့ပါတယ်။ အခုလို လူထုတ်ပုံဟာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆလို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ပွဲအစ ၄ မိနစ်မှာ ဂိုးပေးလိုက်ရတာကြောင့် ဒီစနစ်အလုပ်ဖြစ်၊မဖြစ် အကဲဖြတ်ခွင့်မရခဲ့ပါဘူး။”
“တစ်ဂိုးသွင်းခံရလို့ နောက်ကအတင်းလိုက်ကစားခဲ့ရပါတယ်။ ပွဲတစ်ပွဲရှုံးပြီဆိုတာနဲ့ လူထုတ်ပုံမှားတယ် ပြောတော့တာပါပဲ။ ပွဲရှုံးပြီဆိုရင် အကြောင်းပြချက်တွေ ထွက်လာတော့တာပေါ့”လို့ ပြောဆိုပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင်းရှုံးနိမ့်ချိန်တိုင်းမှာ ကစားသမားတွေကို အပြစ်တင်တတ်တဲ့ အာတီတာရဲ့ ဒီတစ်ခါသားကောင်က စီဘယ်လော့