အသင်းရဲ့ ဒဏ်ရာပြဿ နာကြီးမားနေတဲ့အပေါ် ဆိုးလ်ရှာပြန်သုံးသပ်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းမှာ ဒဏ်ရာပြဿ     နာကြီးမားစွာ ကြုံတွေ့နေရတာကို နည်းပြဆိုးလ်ရှားက စိတ်ပျက်နေပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြန်ပြီးသုံးသပ်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ မော်ရင်ဟိုလက်ထက်တုန်းက ကြံခိုင်မှုပိုင်းကျဆင်းခဲ့လို့ ဆိုးလ်ရှားဟာ ဒီရာသီမစခင်မှာ ကြံခိုင်မှုတိုးတက်ရေးကို ဦးစားပေးခဲ့တာပါ။

ဒီအတွက်လည်း လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်စွာလေ့ကျင့်ခိုင်းခဲ့ပေမယ့် ကစားသမားတွေရဲ့ဒဏ်ရာရမှု အခြေအနေပိုပြီးဆိုးလာနေလို့ သူ့ရဲ့လေ့ကျင့်ခန်းအစီအစဉ်ပြင်းထန်လို့လား၊ ဒါမှမဟုတ် အခြားအကြောင်းရှိနေလား ဆိုတာကို ဆိုးလ်ရှားကပြန်သုံးသပ်နေတာဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာ မာရှယ်၊ လုခ်ရှော၊ ဝမ်ဘစ်ဆာကာ၊ ပေါ့ဂ်ဘာတို့အပြင် အယ်ခမာနဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာလည်း လင်ဂတ်တစ်ယောက် ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။ ပေါ့ဂ်ဘာဆိုရင် ဒဏ်ရာမကြာခဏရနေလို့ သြဂုတ်လနောက်ပိုင်း မန်ယူအတွက် ၂ ပွဲသာကစားနိုင်သေးတာပါ။ လက်ရှိမှာ မန်ယူထက်ဒဏ်ရာပြဿ     နာပိုမိုကြီးမားစွာ ကြုံတွေ့နေရတဲ့အသင်း ဆိုလို့ နော်ဝစ်ချ်ဘဲရှိပါတော့တယ်။

Photo- Internet

လက်ရှိသုံးသပ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဆိုးလ်ရှားက အသေးစိတ်ဘာမှမပြောပေမယ့်လည်း ကစားသမားတွေရဲ့ကြံခိုင်မှုပိုင်းတိုးတက်ရေးက အဓိကကျနေလို့ ဒါကိုထိခိုက်မယ့်အခြေအနေကိုတော့ လက်ခံမှာမဟုတ်ဘဲ အခြားနည်းလမ်းကိုသာပြောင်းလဲစဉ်းစားဖို့ စီစဉ်ထားပါတယ်။

Photo- Internet

ဆိုးလ်ရှားဟာ လက်ရှိကြံခိုင်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကိုသိပ်အားမရလို့ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းရဲ့ ကြံခိုင်ရေးမှူ း ဖြစ်တဲ့ တင်မ်ဝီလျံဆန်ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ နော်ဝစ်ချ်နဲ့ မန်ယူ ပြီးရင် နယူးကာဆယ်၊ လီဗာပူးနဲ့ ဘရိုက်တန်တို့ဟာလည်း ဒဏ်ရာပြဿ     နာကြီးမားခဲ့တဲ့အသင်းတွေအဖြစ် ရပ်တည်နေတယ်လို့သိရပါတယ်။

Photo- Internet

Zawgyi

အသင္းရဲ႕ ဒဏ္ရာျပႆ နာႀကီးမားေနတဲ႔အေပၚ ဆိုးလ္ရွာျပန္သုံးသပ္ေန

မန္ယူအသင္းမွာ ဒဏ္ရာျပႆ     နာႀကီးမားစြာ ႀကံဳေတြ႔ေနရတာကို နည္းျပဆိုးလ္ရွားက စိတ္ပ်က္ေနၿပီး ဘာေၾကာင့္ျဖစ္တယ္ဆိုတာကို ျပန္ၿပီးသုံးသပ္ေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ ေမာ္ရင္ဟိုလက္ထက္တုန္းက ႀကံခိုင္မႈပိုင္းက်ဆင္းခဲ့လို႔ ဆုိးလ္ရွားဟာ ဒီရာသီမစခင္မွာ ႀကံခိုင္မႈတိုးတက္ေရးကို ဦးစားေပးခဲ့တာပါ။

ဒီအတြက္လည္း ေလ႔က်င့္ေရးကြင္းမွာ ျပင္းထန္စြာေလ႔က်င့္ခိုင္းခဲ့ေပမယ္႔ ကစားသမားေတြရဲ႕ဒဏ္ရာရမႈ အေျခအေနပိုၿပီးဆိုးလာေနလို႔ သူ႔ရဲ႕ေလ႔က်င့္ခန္းအစီအစဥ္ျပင္းထန္လို႔လား၊ ဒါမွမဟုတ္ အျခားအေၾကာင္းရွိေနလား ဆိုတာကို ဆိုးလ္ရွားကျပန္သုံးသပ္ေနတာျဖစ္ပါတယ္။

လက္ရွိမွာ မာရွယ္၊ လုခ္ေရွာ၊ ၀မ္ဘစ္ဆာကာ၊ ေပါ့ဂ္ဘာတို႔အျပင္ အယ္ခမာနဲ႔ ယူရိုပါလိဂ္ပြဲအၿပီးမွာလည္း လင္ဂတ္တစ္ေယာက္ ဒဏ္ရာရရွိခဲ့ျပန္ပါတယ္။ ေပါ့ဂ္ဘာဆိုရင္ ဒဏ္ရာမၾကာခဏရေနလို႔ ၾသဂုတ္လေနာက္ပိုင္း မန္ယူအတြက္ ၂ ပြဲသာကစားႏိုင္ေသးတာပါ။ လက္ရွိမွာ မန္ယူထက္ဒဏ္ရာျပႆ     နာပိုမိုႀကီးမားစြာ ႀကံဳေတြ႔ေနရတဲ႔အသင္း ဆိုလို႔ ေနာ္၀စ္ခ်္ဘဲရွိပါေတာ႔တယ္။

လက္ရွိသုံးသပ္ေနတဲ႔ အေျခအေနနဲ႔ပတ္သက္လို႔ ဆိုးလ္ရွားက အေသးစိတ္ဘာမွမေျပာေပမယ္႔လည္း ကစားသမားေတြရဲ႕ႀကံခိုင္မႈပိုင္းတိုးတက္ေရးက အဓိကက်ေနလို႔ ဒါကိုထိခိုက္မယ္႔အေျခအေနကိုေတာ႔ လက္ခံမွာမဟုတ္ဘဲ အျခားနည္းလမ္းကိုသာေျပာင္းလဲစဥ္းစားဖို႔ စီစဥ္ထားပါတယ္။

ဆိုးလ္ရွားဟာ လက္ရွိႀကံခိုင္မႈပိုင္းဆိုင္ရာ တာ၀န္ရွိသူေတြကိုသိပ္အားမရလို႔ စေကာ႔တလန္ကလပ္ ဆဲလ္တစ္အသင္းရဲ႕ ႀကံခိုင္ေရးမွဴ း ျဖစ္တဲ႔ တင္မ္၀ီလ်ံဆန္ကိုေခၚယူဖို႔ႀကိဳးစားေနပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ ေနာ္၀စ္ခ်္နဲ႔ မန္ယူ ၿပီးရင္ နယူးကာဆယ္၊ လီဗာပူးနဲ႔ ဘရိုက္တန္တို႔ဟာလည္း ဒဏ္ရာျပႆ     နာႀကီးမားခဲ့တဲ႔အသင္းေတြအျဖစ္ ရပ္တည္ေနတယ္လို႔သိရပါတယ္။