အသင်းရဲ့အသုံးစရိတ်ကို ပေါင်သန်း(၁၀၀)ဝန်းကျင်သာအသုံးပြုဖို့ ဆန္ဒရှိနေလို့ ကစားသမားတွေရောင်းချသွားဖို့ရှိနေတဲ့ ယူနိုက်တက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသားတင်အသုံးစရိတ်ပမာဏကို ပေါင်(၇၅)သန်းကနေ ပေါင်သန်း(၁၀၀)အတွင်းသာရှိဖို့ ဆန္ဒရှိနေတာကြောင့် အခုနွေရာသီကာလအတွင်း ကစားသမားတချို့ကို ရောင်းချဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒေ့ါမွန်အသင်းတိုက်စစ်ကစားသမားဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ခေါ်ယူခဲ့ပြီး အခု ရီးယဲလ်နောက်ခံလူဗာရန်းကိုလည်း ပေါင်(၄၂)သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီဖြစ်တာကြောင့် နွေရာသီအပြောင်းအရွှေ့အတွက် သူတို့ရဲ့အသုံးစရိတ်က ပေါင်(၁၁၅)သန်းအထိရှိနေပါပြီ။
အဲဒီအတွက် ယူနိုက်တက်အသင်းက နွေရာသီကာလအတွင်း အသားတင်အသုံးစရိတ်ကို ပေါင်(၇၅)သန်းကနေ ပေါင်သန်း(၁၀၀)ဝန်းကျင်သာရှိစေချင်တာကြောင့် ဗာရန်းကို ခေါ်ယူပြီးတာနဲ့ သူတို့ရဲ့တခြားပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက်
ပေ့ါဘာ၊ လင်ဂတ်တို့ကိုရောင်းချပြီးတော့ အသုံးစရိတ်ကာမိအောင်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ The Telegraph သတင်းစာသုံးသပ်ခဲ့ပါတယ်။
အခုလောလောဆယ် ယူနိုက်တက်အသင်းရဲ့ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုက မပြီးဆုံးသေးဘဲ ကွင်းလယ်လူတစ်ဦး ထပ်ခေါ်ဖို့ရှိသလို အက်သလက်တီကိုနောက်ခံလူထရစ်ပီယာကိုလည်း စျေးကွက်မပိတ်ခင်ခေါ်ယူနိုင်ဖို့ကြိုးစားနေတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းက ကစားသမားသစ်တွေ ထပ်ပြီးခေါ်နိုင်ဖို့အတွက် ပေ့ါဘာ၊ လင်ဂတ်တို့ကိုရောင်းချပြီးတော့ ရလာတဲ့ငွေကြေးတွေကို ပြန်သုံးစွဲသွားဖို့စီစဉ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူပေ့ါဘာဟာ အခုနွေရာသီမှာ အသင်းနဲ့လမ်းခွဲဖို့ပြီး PSG အသင်းဆီပြောင်းမယ့်အနေအထားရှိနေသလို PSG အသင်းက ပေါ့ဘာကို ပေါင်(၄၃)သန်းနဲ့ကမ်းလှမ်းသွားဖို့ရှိနေပါပြီ။
ပြီးခဲ့တဲ့ရာသီဝက်က ဝက်စ်ဟမ်းအသင်းဆီအငှားနဲ့သွားရောက်ကစားခဲ့ပြီး အခုအချိန်မှာ ယူနိုက်တက်အသင်းကို ပြန်ရောက်လာတဲ့လင်ဂတ်ဟာလည်း အနာဂတ်မသေမချာဖြစ်နေတဲ့အပြင် သူ့အတွက် သင့်တော်တဲ့ပြောင်းရွှေ့ကြေးရရင် ယူနိုက်တက်အသင်းက လက်ခံစဉ်းစားသွားမှာဖြစ်ပါတယ်။
လင်ဂတ်ရဲ့စာချုပ်ကလည်း (၁)နှစ်သာသက်တမ်းကျန်တော့တာကြောင့် ယူနိုက်တက်အသင်းဟာ ပေါင်သန်း(၃၀)လောက်ရရင် လင်ဂတ်ကို ရောင်းချသွားမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် အသင်းဟောင်းဝက်စ်ဟမ်းအပြင် ပရီးမီးယားလိဂ်ကလပ်တချို့ပစ်မှတ်ထားနေကြတယ်လို့ သတင်းထွက်နေတာပါ။
ဒါ့အပြင် ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ဆန်ချို၊ ဗာရန်းတို့ကို မြင့်မားတဲ့လစာငွေတွေပေးချေရမှာဖြစ်လို့ အသင်းရဲ့လစာငွေပမာဏက ပြီးခဲ့တဲ့ရာသီကထက် (၆၀%)လောက်အထိမြင့်တက်သွားဖို့ရှိနေတဲ့အတွက်
လစာငွေပမာဏကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ လက်ရှိကစားသမားတွေထဲကတချို့ကို ရောင်းချဖို့စီစဉ်နေတာဖြစ်တယ်လို့ The Telegraph သတင်းစာကဖော်ပြခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အဲဒီအတွက် ယူနိုက်တက်အသင်းက နွေရာသီကာလအတွင်း အသားတင်အသုံးစရိတ်ကို ပေါင်(၇၅)သန်းကနေ ပေါင်သန်း(၁၀၀)ဝန်းကျင်သာရှိစေချင်တာကြောင့် ဗာရန်းကို ခေါ်ယူပြီးတာနဲ့ သူတို့ရဲ့တခြားပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ပေါ့ဘာ၊ လင်ဂတ်တို့ကိုရောင်းချပြီးတော့ အသုံးစရိတ်ကာမိအောင်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ The Telegraph သတင်းစာသုံးသပ်ခဲ့ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းရဲ့ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုက မပြီးဆုံးသေးဘဲ ကွင်းလယ်လူတစ်ဦး ထပ်ခေါ်ဖို့ရှိသလို အက်သလက်တီကိုနောက်ခံလူထရစ်ပီယာကိုလည်း ဈေးကွက်မပိတ်ခင်ခေါ်ယူနိုင်ဖို့ကြိုးစားနေတာပါ။