
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက အသင်းရဲ့လက်ရှိဘဏ္ဍာရေးအခြေအနေအရ အခုနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ငွေကြေးမတတ်နိုင်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့လမ်းခွဲတော့မယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး
ပေါင်သန်း(၁၀၀)နဲ့ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းက ပယ်ချခဲ့တယ်လို့ သတင်းထွက်နေသလို ဒေ့ါမွန်အသင်းရဲ့လူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကိုလည်း ပစ်မှတ်ထားနေတယ်ဆိုပြီးတော့ မီဒီယာတွေကဖော်ပြနေကြတာပါ။
ပြီးခဲ့တဲ့ရာသီကုန်က အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဂွဲရိုးနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူးသစ်တစ်ဦးခေါ်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကိုဗစ်ရောဂါဆိုးကြောင့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ထိခိုက်မှုတွေရှိလာတဲ့အတွက် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ဖို့က အခွင့်အရေးနည်းပါးနေပြီလို့ Catalan network TV3 ရုပ်သံနဲ့အင်တာဗျူးမှာ ဂွါဒီယိုလာက ဝန်ခံပြောဆိုခဲ့ပါတယ်။
“ကလပ်အသင်းတွေက သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးတွေအရ တိုက်စစ်မှူးတွေခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။
အဲဒီလောက်ပမာဏအထိ ကျွန်တော်တို့ ငွေကြေး သုံးစွဲနိုင်မယ့်အနေအထားမရှိပါဘူး။
အသင်းတိုင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကျွန်တော်တို့လည်း ထူးမခြားနားပါပဲ။
ကျွန်တော်တို့အသင်းတိုက်စစ်မှာ ဂျေးဆု၊ ဖာရန်တောရက်စ်တို့လို ကစားသမားကောင်းတွေရှိနေပြီး အကယ်ဒမီမှာလည်း အရည်အသွေးမြင့်လူငယ်လေးတွေ ရှိတဲ့အပြင် False Nine ပုံစံနဲ့ပွဲတော်တော်များများမှာ ကစားခဲ့ပါတယ်။
အဲဒါကြောင့် လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ်မခေါ်ဖို့ အခြေအနေပိုများနေပါပြီ”။
၂၀၀၈ ခုနှစ်မှာ အာရပ်သန်းကြွယ်သူဌေးတွေ အသင်းကို ဝယ်ယူပြီးကတည်းက နှစ်တိုင်းလိုလို ကစားသမားသစ်တွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တဲ့
မန်စီးတီးအသင်းဟာ အခုနွေရာသီဈေးကွက်ထဲမှာတော့ ကြီးကြီးမားမားအပြောင်းအရွှေ့တစ်ခုမှ မလုပ်ရသေးဘဲ အကယ်ဒမီအသင်းအတွက် လူငယ်ကစားသမားတွေ ခေါ်ယူတာမျိုးသာရှိနေတာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင္းရဲ႕ဘ႑ာေရးအေျခအေနအရ ဟယ္ရီကိန္းနဲ႔ ဟာလန္းတို႔ကို ေခၚယူဖို႔မျဖစ္ႏိုင္ဘူးလို႔ ဂြါဒီယိုလာ ဝန္ခံ
မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက အသင္းရဲ႕လက္ရွိဘ႑ာေရးအေျခအေနအရ အခုေႏြရာသီမွာ တိုက္စစ္မႉးသစ္တစ္ဦးေခၚယူဖို႔ ေငြေၾကးမတတ္ႏိုင္ဘူးလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ စပါးအသင္းနဲ႔လမ္းခြဲေတာ့မယ္လို႔ လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုထားတဲ့ တိုက္စစ္မႉးဟယ္ရီကိန္းကို ေခၚယူဖို႔ပစ္မွတ္ထားေနၿပီး ေပါင္သန္း(၁၀၀)နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ စပါးအသင္းက ပယ္ခ်ခဲ့တယ္လို႔ သတင္းထြက္ေနသလို ေဒ့ါမြန္အသင္းရဲ႕လူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းကိုလည္း ပစ္မွတ္ထားေနတယ္ဆိုၿပီးေတာ့ မီဒီယာေတြကေဖာ္ျပေနၾကတာပါ။
ၿပီးခဲ့တဲ့ရာသီကုန္က အသင္းရဲ႕သြင္းဂိုးအမ်ားဆုံးကစားသမားအဂြဲ႐ိုးနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ဂြါဒီယိုလာဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း တိုက္စစ္မႉးသစ္တစ္ဦးေခၚဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ကိုဗစ္ေရာဂါဆိုးေၾကာင့္ အသင္းရဲ႕ဘ႑ာေရးအေျခအေနအေပၚ ထိခိုက္မႈေတြရွိလာတဲ့အတြက္ တိုက္စစ္မႉးသစ္တစ္ဦးေခၚဖို႔က အခြင့္အေရးနည္းပါးေနၿပီလို႔ Catalan network TV3 ႐ုပ္သံနဲ႔အင္တာဗ်ဴးမွာ ဂြါဒီယိုလာက ဝန္ခံေျပာဆိုခဲ့ပါတယ္။
“ကလပ္အသင္းေတြက သတ္မွတ္ထားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြအရ တိုက္စစ္မႉးေတြေခၚယူဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ အဲဒီေလာက္ပမာဏအထိ ကြၽန္ေတာ္တို႔ ေငြေၾကး သုံးစြဲႏိုင္မယ့္အေနအထားမရွိပါဘူး။ အသင္းတိုင္းဟာ ဘ႑ာေရးအက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး ကြၽန္ေတာ္တို႔လည္း ထူးမျခားနားပါပဲ။ ကြၽန္ေတာ္တို႔အသင္းတိုက္စစ္မွာ ေဂ်းဆု၊ ဖာရန္ေတာရက္စ္တို႔လို ကစားသမားေကာင္းေတြရွိေနၿပီး အကယ္ဒမီမွာလည္း အရည္အေသြးျမင့္လူငယ္ေလးေတြ ရွိတဲ့အျပင္ False Nine ပုံစံနဲ႔ပြဲေတာ္ေတာ္မ်ားမ်ားမွာ ကစားခဲ့ပါတယ္။
အဲဒါေၾကာင့္ လာမယ့္ရာသီမွာ တိုက္စစ္မႉးသစ္မေခၚဖို႔ အေျခအေနပိုမ်ားေနပါၿပီ”။ ၂၀၀၈ ခုႏွစ္မွာ အာရပ္သန္းႂကြယ္သူေဌးေတြ အသင္းကို ဝယ္ယူၿပီးကတည္းက ႏွစ္တိုင္းလိုလို ကစားသမားသစ္ေတြကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ့တဲ့ မန္စီးတီးအသင္းဟာ အခုေႏြရာသီေဈးကြက္ထဲမွာေတာ့ ႀကီးႀကီးမားမားအေျပာင္းအေ႐ႊ႕တစ္ခုမွ မလုပ္ရေသးဘဲ အကယ္ဒမီအသင္းအတြက္ လူငယ္ကစားသမားေတြ ေခၚယူတာမ်ိဳးသာရွိေနတာလည္းျဖစ္ပါတယ္။