အသင်းရဲ့နာမည်ကျော်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ကို လီဗာပူးလ်ပရိသတ်တွေ အော်ဟစ်လှောင်ပြောင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းရဲ့ လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းဆွာရက်ဇ်ကတော့ အန်ဖီးလ်တစ်ကျော့ပြန်ခရီးမှာ

စိတ်ပျက်စရာရလဒ်နဲ့ရင်ဆိုင်ခဲ့ရတဲ့အပြင် လီဗာပူးလ်ပရိသတ်တွေကလည်း သူ့ကိုလှောင်ပြောင်ခဲ့ကြတာကြောင့် အန်ဖီးလ်အပြန်လမ်းက မလှပခဲ့ပါဘူး။

အဲဒီပွဲမှာ အက်သလက်တီကိုအသင်းဟာ လီဗာပူးလ်ကို(၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပွဲချိန်မိနစ်(၅၀)ကျော်မှာ ဆွာရက်ဇ်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင်မှာ ဟီမီနက်ဇ်လူကျွံနေတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။

ဆွာရက်ဇ်ဟာ ဂိုးသွင်းအပြီး အသင်းဟောင်းကိုလေးစားတဲ့အနေနဲ့ အောင်ပွဲခံတာမျိုးမလုပ်ခဲ့ပေမယ့်လည်း

ပွဲချိန်(၅၉)မိနစ်မှာ ဟက်တာဟာရဲရားနဲ့လူစားလဲခံခဲ့ရပြီး ကွင်းထဲကထွက်လာချိန်မှာတော့ လီဗာပူးလ်ပရိသတ်တွေက သူ့ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ဆွာရက်ဇ်က လီဗာပူးလ်အသင်းကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး

ဘယ်ကစားသမားမဆို လီဗာပူးလ်လိုအသင်းမှာကစားချင်ကြတယ်လို့ ပြေရာပြေကြောင်းပြောခဲ့ပေမယ့် လီဗာပူးလ်ပရိသတ်တွေရဲ့လုပ်ရပ်ကတော့ ဆွာရက်ဇ်မျှော်လင့်ထားသလိုမဖြစ်ခဲ့ပါဘူး။

ဆွာရက်ဇ်ဟာ အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ လူကျွံဂိုးတစ်ကြိမ်ဖြစ်ခဲ့တာကလွဲလို့ ကျန်တဲ့ပွဲချိန်အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှုမရှိ၊

အခွင့်အရေးဖန်တီးနိုင်မှုမရှိ၊ တစ်ဦးချင်းကျော်ဖြတ်နိုင်မှုမရှိစတဲ့မှတ်တမ်းဆိုးတွေပိုင်ဆိုင်ခဲ့ရပြီး အဝါကတ်ပါအပြခံခဲ့ရပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၁၁ ခုနှစ်တုန်းက အေဂျက်စ်အသင်းကနေ လီဗာပူးလ်ကိုပြောင်းရွှေ့ခဲ့ပြီး လီဗာပူးလ်ကစားသမားဘဝ(၄)ရာသီအတွင်း (၁၃၃)ပွဲကစား၊ (၈၂)ဂိုးသွင်းယူခဲ့သလို

၂၀၁၁-၁၂ လိဂ်ဖလားရယူခဲ့တာကလွဲလို့ ကြီးကြီးမားမားအောင်မြင်မှုမရခဲ့ပေမယ့် အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။

ဆွာရက်ဇ်ရဲ့ကစားသမားဘဝတစ်လျှောက် သက်ဆိုင်ရာအသင်းတွေအတွက် ချန်ပီယံလိဂ်မှာခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းမှာတော့

ဂိုးရဖို့ရုန်းကန်နေရတဲ့အပြင် အသင်းအတွက်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၀)ပွဲမှာ (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အဲဒီဂိုးက စက်တင်ဘာလတုန်းက အေစီမီလန်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပယ်နယ်တီကနေဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဆြာရက္ဇ္ကို လီဗာပူးလ္ပရိသတ္ေတြ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့

အက္သလက္တီကိုအသင္းရဲ႕ လီဗာပူးလ္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းဆြာရက္ဇ္ကေတာ့ အန္ဖီးလ္တစ္ေက်ာ့ျပန္ခရီးမွာ စိတ္ပ်က္စရာရလဒ္နဲ႔ရင္ဆိုင္ခဲ့ရတဲ့အျပင္ လီဗာပူးလ္ပရိသတ္ေတြကလည္း သူ႔ကိုေလွာင္ေျပာင္ခဲ့ၾကတာေၾကာင့္ အန္ဖီးလ္အျပန္လမ္းက မလွပခဲ့ပါဘူး။

အဲဒီပြဲမွာ အက္သလက္တီကိုအသင္းဟာ လီဗာပူးလ္ကို(၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပြဲခ်ိန္မိနစ္(၅၀)ေက်ာ္မွာ ဆြာရက္ဇ္က ေခ်ပဂိုးျပန္သြင္းခဲ့ေပမယ့္ အဲဒီမတိုင္ခင္မွာ ဟီမီနက္ဇ္လူကြၽံေနတာေၾကာင့္ VAR က ဂိုးမေပးခဲ့ပါဘူး။ ဆြာရက္ဇ္ဟာ ဂိုးသြင္းအၿပီး အသင္းေဟာင္းကိုေလးစားတဲ့အေနနဲ႔ ေအာင္ပြဲခံတာမ်ိဳးမလုပ္ခဲ့ေပမယ့္လည္း ပြဲခ်ိန္(၅၉)မိနစ္မွာ ဟက္တာဟာရဲရားနဲ႔လူစားလဲခံခဲ့ရၿပီး ကြင္းထဲကထြက္လာခ်ိန္မွာေတာ့ လီဗာပူးလ္ပရိသတ္ေတြက သူ႔ကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္သတင္းစာရွင္းလင္းပြဲမွာ ဆြာရက္ဇ္က လီဗာပူးလ္အသင္းကို ခ်စ္ျမတ္ႏိုးေနဆဲျဖစ္ၿပီး ဘယ္ကစားသမားမဆို လီဗာပူးလ္လိုအသင္းမွာကစားခ်င္ၾကတယ္လို႔ ေျပရာေျပေၾကာင္းေျပာခဲ့ေပမယ့္ လီဗာပူးလ္ပရိသတ္ေတြရဲ႕လုပ္ရပ္ကေတာ့ ဆြာရက္ဇ္ေမွ်ာ္လင့္ထားသလိုမျဖစ္ခဲ့ပါဘူး။

ဆြာရက္ဇ္ဟာ အသင္းေဟာင္းနဲ႔ျပန္လည္ရင္ဆိုင္ရတဲ့ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ လူကြၽံဂိုးတစ္ႀကိမ္ျဖစ္ခဲ့တာကလြဲလို႔ က်န္တဲ့ပြဲခ်ိန္အတြင္းမွာ ဂိုးေပါက္ကန္သြင္းမႈမရွိ၊ အခြင့္အေရးဖန္တီးႏိုင္မႈမရွိ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈမရွိစတဲ့မွတ္တမ္းဆိုးေတြပိုင္ဆိုင္ခဲ့ရၿပီး အဝါကတ္ပါအျပခံခဲ့ရပါတယ္။

ဆြာရက္ဇ္ဟာ ၂၀၁၁ ခုႏွစ္တုန္းက ေအဂ်က္စ္အသင္းကေန လီဗာပူးလ္ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး လီဗာပူးလ္ကစားသမားဘဝ(၄)ရာသီအတြင္း (၁၃၃)ပြဲကစား၊ (၈၂)ဂိုးသြင္းယူခဲ့သလို ၂၀၁၁-၁၂ လိဂ္ဖလားရယူခဲ့တာကလြဲလို႔ ႀကီးႀကီးမားမားေအာင္ျမင္မႈမရခဲ့ေပမယ့္ အသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့သူျဖစ္ပါတယ္။

ဆြာရက္ဇ္ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ သက္ဆိုင္ရာအသင္းေတြအတြက္ ခ်န္ပီယံလိဂ္မွာေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္ခဲ့ေပမယ့္ အက္သလက္တီကိုအသင္းမွာေတာ့ ဂိုးရဖို႔႐ုန္းကန္ေနရတဲ့အျပင္ အသင္းအတြက္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(၁၀)ပြဲမွာ (၁)ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး အဲဒီဂိုးက စက္တင္ဘာလတုန္းက ေအစီမီလန္ကို(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပယ္နယ္တီကေနဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။