အသင်းရဲ့တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ တီဗက်ဇ်ကို အငှားပြန်ခေါ်လိုနေတဲ့ မန်ယူ

Photo-Internet
Photo-Internet

မန်ယူအသင်းဟာ တိုက်စစ်ပိုင်းဒဏ်ရာပြဿ     နာကြောင့် အသင်းရဲ့တိုက်စစ်မှူ း ဟောင်းဖြစ်တဲ့ တီဗက်ဇ်ကိုအငှားခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားသားဖြစ်တဲ့ တီဗက်ဇ်ဟာလက်ရှိမှာ သူ့မွေးရပ်မြေကလပ်ဖြစ်တဲ့ ဘိုကာဂျူ နီယာမှာကစားနေတာဖြစ်ပါတယ်။

ဒါဟာ သူ့အတွက်ဘိုကာဂျူ နီယာနဲ့ ၃ ကြိမ်မြောက်လက်တွဲခြင်းလည်းဖြစ်ပါတယ်။ မန်ယူအသင်းရဲ့အားထားရတဲ့တိုက်စစ်မှူ းဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာနောက်ကျောဒဏ်ရာပြင်းထန်လို့ ၃ လအထိအနားယူရမှာဖြစ်ပြီး သူ့နေရာမှာအစားထိုးဖို့အတွက်ရှာဖွေနေရာမှာ တီဗက်ဇ်ကိုပါထည့်သွင်းစဉ်းစားနေတာဖြစ်ပါတယ်။

Photo-Internet

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ ၂၀၀၇ တုန်းကဝက်စ်ဟမ်းကနေမန်ယူကိုပြောင်းရွှေ့လာတဲ့သူဖြစ်ပြီး ၂၀၀၉ မှာမန်စီးတီးကိုပြောင်းသွားပါတယ်။ ဒါကြောင့်သူဟာ မန်ယူနဲ့လမ်းခွဲခဲ့တာ ၁၁ နှစ်ရှိခဲ့ပြီဖြစ်ပြီး သူတို့တွေပြန်လည်ပေါင်းစည်းမယ့် အခြေအနေလည်းရှိနေတာပါ။ တီဗက်ဇ်ဟာ လာမယ့်ဇွန်လမှာ ဘိုကာဂျူ နီယာနဲ့စာချုပ်သက်တမ်းကုန်မယ့်သူဖြစ်ပြီး မန်ယူကသူ့ကိုရာသီကုန်ချိန်အထိအငှားခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo-Internet

သူ့ကိုခေါ်ယူရင် မန်ယူဟာကန်ုကျစားရိတ်နည်းပါးမှာဖြစ်ပေမယ့် သူ့အတွေ့အကြုံပိုင်း အထူးသဖြင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိမှုကြောင့် အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့လည်းသုံးသပ်နေကြပါတယ်။ တီဗက်ဇ်ဟာ မန်ယူမှာ ၂ နှစ်သာကစားခဲ့ပေမယ့် အောင်မြင်မှုအများကြီးရခဲ့ပြီး ၃၄ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

Photo-Internet

တီဗက်ဇ်မန်ယူမှာရှိတုန်းက အဲဒီတုန်းက စီရော်နယ်ဒို၊ ဝိန်းရူနီတို့နဲ့တွဲဖက် ကစားခဲ့လို့ မန်ယူတိုက်စစ်ဟာအကောင်းဆုံးဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက်အကောင်းဆုံးလို့လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။ သူဟာမန်စီးတီးနဲ့လမ်းခွဲအပြီးမှာ ဂျူ ဗင်တပ်၊ ရှန်ဟိုင်းရှင်ဟွာတို့နဲ့လည်း လက်တွဲခဲ့သူဖြစ်ပါတယ်။

Photo-Internet

Zawgyi

အသင္းရဲ႕တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ တီဗက္ဇ္ကို အငွားျပန္ေခၚလိုေနတဲ႔ မန္ယူ

မန္ယူအသင္းဟာ တိုက္စစ္ပိုင္းဒဏ္ရာျပႆ     နာေၾကာင့္ အသင္းရဲ႕တိုက္စစ္မွဴ း ေဟာင္းျဖစ္တဲ႔ တီဗက္ဇ္ကိုအငွားေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ အာဂ်င္တီးနားသားျဖစ္တဲ႔ တီဗက္ဇ္ဟာလက္ရွိမွာ သူ႔ေမြးရပ္ေျမကလပ္ျဖစ္တဲ႔ ဘိုကာဂ်ဴ နီယာမွာကစားေနတာျဖစ္ပါတယ္။

ဒါဟာ သူ႔အတြက္ဘိုကာဂ်ဴ နီယာနဲ႔ ၃ ႀကိမ္ေျမာက္လက္တြဲျခင္းလည္းျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕အားထားရတဲ႔တိုက္စစ္မွဴ းျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္ဟာေနာက္ေက်ာဒဏ္ရာျပင္းထန္လို႔ ၃ လအထိအနားယူရမွာျဖစ္ၿပီး သူ႔ေနရာမွာအစားထိုးဖို႔အတြက္ရွာေဖြေနရာမွာ တီဗက္ဇ္ကိုပါထည့္သြင္းစဥ္းစားေနတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ႔ တီဗက္ဇ္ဟာ ၂၀၀၇ တုန္းက၀က္စ္ဟမ္းကေနမန္ယူကိုေျပာင္းေရႊ႕လာတဲ႔သူျဖစ္ၿပီး ၂၀၀၉ မွာမန္စီးတီးကိုေျပာင္းသြားပါတယ္။ ဒါေၾကာင့္သူဟာ မန္ယူနဲ႔လမ္းခြဲခဲ့တာ ၁၁ ႏွစ္ရွိခဲ့ၿပီျဖစ္ၿပီး သူတို႔ေတြျပန္လည္ေပါင္းစည္းမယ္႔ အေျခအေနလည္းရွိေနတာပါ။ တီဗက္ဇ္ဟာ လာမယ္႔ဇြန္လမွာ ဘိုကာဂ်ဴ နီယာနဲ႔စာခ်ဳပ္သက္တမ္းကုန္မယ္႔သူျဖစ္ၿပီး မန္ယူကသူ႔ကိုရာသီကုန္ခ်ိန္အထိအငွားေခၚယူလိုေနတာျဖစ္ပါတယ္။

သူ႔ကိုေခၚယူရင္ မန္ယူဟာကန္ုက်စားရိတ္နည္းပါးမွာျဖစ္ေပမယ္႔ သူ႔အေတြ႔အႀကံဳပိုင္း အထူးသျဖင့္ ပရီးမီးယားလိဂ္အေတြ႔အႀကံဳရွိမႈေၾကာင့္ အက်ဳိးရွိတဲ႔ ေခၚယူမႈျဖစ္လာလိမ့္မယ္လို႔လည္းသုံးသပ္ေနၾကပါတယ္။ တီဗက္ဇ္ဟာ မန္ယူမွာ ၂ ႏွစ္သာကစားခဲ့ေပမယ္႔ ေအာင္ျမင္မႈအမ်ားႀကီးရခဲ့ၿပီး ၃၄ ဂိုးသြင္းယူကာ ပရီးမီးယားလိဂ္ ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၁ ႀကိမ္ဆြတ္ခူးခဲ့ပါတယ္။

တီဗက္ဇ္မန္ယူမွာရွိတုန္းက အဲဒီတုန္းက စီေရာ္နယ္ဒို၊ ၀ိန္းရူနီတို႔နဲ႔တြဲဖက္ ကစားခဲ့လို႔ မန္ယူတိုက္စစ္ဟာအေကာင္းဆုံးျဖစ္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးလို႔လည္း အသိအမွတ္ျပဳခံခဲ့ရပါတယ္။ သူဟာမန္စီးတီးနဲ႔လမ္းခြဲအၿပီးမွာ ဂ်ဴ ဗင္တပ္၊ ရွန္ဟိုင္းရွင္ဟြာတို႔နဲ႔လည္း လက္တြဲခဲ့သူျဖစ္ပါတယ္။