အသင်းရလာဒ် ဆိုးရွားနေမှုအပေါ် ယာဂန်ကလော့ တုန့်ပြန်ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ပြိုင်ဘက် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ( ၂ – ၀ ) ရလာဒ်အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ( ၄ ) ပွဲဆက် ရှုံးပွဲ ကြုံတွေ့သွားခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ( ၂၀၁၉ / ၂၀ ) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲစဥ် ( ၃ ) ပွဲသာ ရှုံးနိမ့်ထားပေမယ့် လက်ရှိမှာတော့ အခြား‌ေသာ ပြိုင်ဘက်အသင်းကြီးတွေထက် ပိုပြီးအားနည်းပုံပေါ်နေပါတယ်။

ကလော့ရဲ့ အသင်းက ဒီရာသီမှာ ဆိုးရွာတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ယခုပွဲစဥ်မှာလည်း ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန်က နောက်ထပ် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ယာဂန်ကလော့ကတော့ အဆိုပါ ပွဲစဥ်အပြီး ရလာဒ် ဆိုးရွားနေမှုအပေါ် မေးမြန်းမှုကို ဖြေကြားရာမှာ အသင်းက ယခုပွဲစဥ်မှာလည်း လွှမ်းမိုးပြီး ကစားနိုင်ခဲ့ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။

ကလော့က “ ကျွန်တော် ဒါကို တကယ် မရှင်းပြနိုင်ပါဘူး ။ ကျွန်တော်တို့အသင်းက ပွဲကို လွှမ်းမိုး ကစားနိုင်ပေမယ့် သွင်းဂိုးတွေ ခွင့်ပြုနေရတာ တွေ့ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ ဒီနေ့မှာ ( ၂ – ၀ ) ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲက ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် ခံစားရပါတယ် ။ ဒါပေမယ့် မနက်ဖြန်ကစပြီး ကောင်းမွန်တဲ့ အရာတွေကို အသုံးချသွားပါမယ်။”

“ ကောင်းမွန်တဲ့ အခိုက်အတန့်ကနေ ကျွန်တော်တို့အတွက် အပြောင်းအလဲတွေ ယူဆောင်လာပေးနိုင်ပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်တွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။” လီဗာပူးဟာ အဆိုပါ ပွဲစဥ်မှာ ဘောလုံးပိုင်ဆိုင်မှု ( ၇၂ ) ရာခိုင်နှုန်းရှိခဲ့သလို ဂိုးကန်သွင်းမှုလည်း ( ၁၅ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ဘက် အဲဗာတန်အသင်းကတော့ ( ၉ ) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းရလာဒ္ ဆိုး႐ြားေနမႈအေပၚ ယာဂန္ကေလာ့ တုန႔္ျပန္ေျပာၾကား

လီဗာပူးအသင္းဟာ မာေဆးဆိုဒ္ၿပိဳင္ဘက္ အဲဗာတန္အသင္းကို အိမ္ကြင္းမွာ ( ၂ – ၀ ) ရလာဒ္အေရးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ( ၄ ) ပြဲဆက္ ရႈံးပြဲ ႀကဳံေတြ႕သြားခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ ( ၂၀၁၉ / ၂၀ ) ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၃ ) ပြဲသာ ရႈံးနိမ့္ထားေပမယ့္ လက္ရွိမွာေတာ့ အျခား‌ေသာ ၿပိဳင္ဘက္အသင္းႀကီးေတြထက္ ပိုၿပီးအားနည္းပုံေပၚေနပါတယ္။

ကေလာ့ရဲ႕ အသင္းက ဒီရာသီမွာ ဆိုး႐ြာတဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရၿပီး ယခုပြဲစဥ္မွာလည္း ကြင္းလယ္ကစားသမား ေဂ်ာ္ဒန္ ဟန္ဒါဆန္က ေနာက္ထပ္ ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါေပမယ့္ နည္းျပ ယာဂန္ကေလာ့ကေတာ့ အဆိုပါ ပြဲစဥ္အၿပီး ရလာဒ္ ဆိုး႐ြားေနမႈအေပၚ ေမးျမန္းမႈကို ေျဖၾကားရာမွာ အသင္းက ယခုပြဲစဥ္မွာလည္း လႊမ္းမိုးၿပီး ကစားႏိုင္ခဲ့ေၾကာင္း ခုခံေျပာဆိုခဲ့ပါတယ္။

ကေလာ့က “ ကြၽန္ေတာ္ ဒါကို တကယ္ မရွင္းျပႏိုင္ပါဘူး ။ ကြၽန္ေတာ္တို႔အသင္းက ပြဲကို လႊမ္းမိုး ကစားႏိုင္ေပမယ့္ သြင္းဂိုးေတြ ခြင့္ျပဳေနရတာ ေတြ႕ရပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔ ဒီေန႔မွာ ( ၂ – ၀ ) ရလာဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ဒီပြဲက ဘယ္ေလာက္အေရးပါလဲဆိုတာ ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္ ခံစားရပါတယ္ ။ ဒါေပမယ့္ မနက္ျဖန္ကစၿပီး ေကာင္းမြန္တဲ့ အရာေတြကို အသုံးခ်သြားပါမယ္။”

“ ေကာင္းမြန္တဲ့ အခိုက္အတန႔္ကေန ကြၽန္ေတာ္တို႔အတြက္ အေျပာင္းအလဲေတြ ယူေဆာင္လာေပးႏိုင္ပါတယ္ ။ ဒါေပမယ့္ အဆုံးအျဖတ္ေပးတဲ့ အခိုက္အတန႔္ေတြကိုလည္း ျပင္ဆင္ဖို႔ လိုအပ္ပါတယ္။”

လီဗာပူးဟာ အဆိုပါ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ( ၇၂ ) ရာခိုင္ႏႈန္းရွိခဲ့သလို ဂိုးကန္သြင္းမႈလည္း ( ၁၅ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ အဲဗာတန္အသင္းကေတာ့ ( ၉ ) ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။