အသင်းမှာ ပေါ့ဘာ ဆက်ရှိမှ ယူနိုက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေတဲ့ ဘရူနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ အသင်းနဲ့စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို စဉ်းစားသွားဖို့ရှိတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပေ့ါဘာကို ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက (၁)နှစ်သက်တမ်းတိုးခဲ့ပြီး အဲဒီစာချုပ်က လာမယ့်နှစ်၊ ဇွန်လကျရင် သက်တမ်းပြည့်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို စာချုပ်သစ်ထပ်ချုပ်မလား၊ ဒါမှမဟုတ် သက်တမ်းပြည့်သွားရင် အလွတ်နဲ့လက်လွတ်မခံရဖို့အတွက် လာမယ့်နွေရာသီမှာ ရောင်းမလားဆိုတာ တိတိကျကျမဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဘရူနိုကတော့ ပေ့ါဘာဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ဖို့အတွက် အဓိကကျတဲ့ကစားသမားအဖြစ် သတ်မှတ်ထားပြီး ပေ့ါဘာရဲ့အနေအထားကို အဖြေတစ်ခုထွက်တဲ့အထိစောင့်ကြည့်ပြီးမှ အသင်းနဲ့စာချုပ်သက်တမ်းတိုးသွားမယ့်အနေအထားပါပဲ။

ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို တစ်ပတ်ပေါင်(၂)သိန်းအထိတိုးမြှင့်ပေးပြီး (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့မတ်လတုန်းကထွက်ပေါ်ခဲ့ပါတယ်။

ပေ့ါဘာနဲ့ဘရူနိုဖာနန်ဒက်စ်တို့ဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက်အကောင်းဆုံး တွဲဖက်ကစားနေကြပြီး သူတို့နှစ်ဦးစလုံးအတူပါဝင်ကစားခဲ့တဲ့ (၄၇)ပွဲမှာ (၂၇)ပွဲအနိုင်ရခဲ့သလို၊ (၉)ပွဲသရေ၊ အနိုင်ရာခိုင်နှုန်း(၅၇%)၊ သွင်းဂိုး(၈၇)ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး (၁.၈)ဂိုးအထိရှိခဲ့ပါတယ်။

သူတို့နှစ်ဦးထဲက တစ်ယောက်ယောက်မပါခဲ့တဲ့ (၂၈)ပွဲမှာ ယူနိုက်တက်အသင်းဟာ နိုင်ပွဲ(၂၀)၊ သရေပွဲ(၈)ပွဲ၊ အနိုင်ရာခိုင်နှုန်း(၇၁%)၊ သွင်းဂိုး(၆၇)ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး(၂.၄)ဂိုးဆိုတဲ့ မှတ်တမ်းထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပေ့ါဘာဟာ အရင်နှစ်တွေကထက် အသင်းမှာပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသနေပြီး သူကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်တော့မယ်လို့ ယုံကြည်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကမန်စီးတီးကို တစ်ပွဲလျော့၊ (၁၁)မှတ်အကွာနဲ့ ဖိအားပေးနေပြီး၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ဗိုလ်စွဲဖို့ရေပန်းစားနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို ဆက်ထိန်းထားနိုင်ဖို့၊ တစ်ဆက်တည်း ဘရူနိုဖာနန်ဒက်စ်ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် ဒီရာသီမှာ ဆုဖလားအောင်မြင်မှုရယူဖို့လိုအပ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းမွာ ေပါ့ဘာ ဆက္ရွိမွ ယူႏိုက္တက္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ရွိေနတဲ့ ဘ႐ူႏို

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေပါ့ဘာကို ဆက္လက္ထိန္းသိမ္းထားႏိုင္မွသာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥကို စဥ္းစားသြားဖို႔ရွိတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေပ့ါဘာကို ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက (၁)ႏွစ္သက္တမ္းတိုးခဲ့ၿပီး အဲဒီစာခ်ဳပ္က လာမယ့္ႏွစ္၊ ဇြန္လက်ရင္ သက္တမ္းျပည့္မွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ေပါ့ဘာကို စာခ်ဳပ္သစ္ထပ္ခ်ဳပ္မလား၊ ဒါမွမဟုတ္ သက္တမ္းျပည့္သြားရင္ အလြတ္နဲ႔လက္လြတ္မခံရဖို႔အတြက္ လာမယ့္ေႏြရာသီမွာ ေရာင္းမလားဆိုတာ တိတိက်က်မဆုံးျဖတ္ရေသးပါဘူး။ ဒါေပမဲ့ ဘ႐ူႏိုကေတာ့ ေပ့ါဘာဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးကို ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ အဓိကက်တဲ့ကစားသမားအျဖစ္ သတ္မွတ္ထားၿပီး ေပ့ါဘာရဲ႕အေနအထားကို အေျဖတစ္ခုထြက္တဲ့အထိေစာင့္ၾကည့္ၿပီးမွ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးသြားမယ့္အေနအထားပါပဲ။

ယူႏိုက္တက္အသင္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို တစ္ပတ္ေပါင္(၂)သိန္းအထိတိုးျမႇင့္ေပးၿပီး (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးစားေနတယ္ဆိုတဲ့ သတင္းေတြလည္း ၿပီးခဲ့တဲ့မတ္လတုန္းကထြက္ေပၚခဲ့ပါတယ္။ ေပ့ါဘာနဲ႔ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္အေကာင္းဆုံး တြဲဖက္ကစားေနၾကၿပီး သူတို႔ႏွစ္ဦးစလုံးအတူပါဝင္ကစားခဲ့တဲ့ (၄၇)ပြဲမွာ (၂၇)ပြဲအႏိုင္ရခဲ့သလို၊ (၉)ပြဲသေရ၊ အႏိုင္ရာခိုင္ႏႈန္း(၅၇%)၊ သြင္းဂိုး(၈၇)ဂိုး၊ တစ္ပြဲပ်မ္းမွ်သြင္းဂိုး (၁.၈)ဂိုးအထိရွိခဲ့ပါတယ္။ သူတို႔ႏွစ္ဦးထဲက တစ္ေယာက္ေယာက္မပါခဲ့တဲ့ (၂၈)ပြဲမွာ ယူႏိုက္တက္အသင္းဟာ ႏိုင္ပြဲ(၂၀)၊ သေရပြဲ(၈)ပြဲ၊ အႏိုင္ရာခိုင္ႏႈန္း(၇၁%)၊ သြင္းဂိုး(၆၇)ဂိုး၊ တစ္ပြဲပ်မ္းမွ်သြင္းဂိုး(၂.၄)ဂိုးဆိုတဲ့ မွတ္တမ္းထြက္ေပၚခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေပ့ါဘာဟာ အရင္ႏွစ္ေတြကထက္ အသင္းမွာပိုေကာင္းတဲ့စြမ္းေဆာင္ရည္မ်ိဳးျပသေနၿပီး သူကိုယ္တိုင္ကလည္း ယူႏိုက္တက္အသင္းအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေတာ့မယ္လို႔ ယုံၾကည္ေနတာပါ။

ယူႏိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကမန္စီးတီးကို တစ္ပြဲေလ်ာ့၊ (၁၁)မွတ္အကြာနဲ႔ ဖိအားေပးေနၿပီး၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိေနၿပီျဖစ္သလို ဗိုလ္စြဲဖို႔ေရပန္းစားေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ေပါ့ဘာကို ဆက္ထိန္းထားႏိုင္ဖို႔၊ တစ္ဆက္တည္း ဘ႐ူႏိုဖာနန္ဒက္စ္ကိုလည္း စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔အတြက္ ဒီရာသီမွာ ဆုဖလားေအာင္ျမင္မႈရယူဖို႔လိုအပ္ေနပါၿပီ။