အသင်းမဲ့နေလို့ အခက်အခဲဆုံးကာလကို ဖြတ်သန်းနေရတဲ့ အန်ဒီကာရိုးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ချိန်က ဗြိတိန်တန်ကြေးအမြင့်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး အန်ဒီကာရိုးလ်ဟာ ဒီနေ့အချိန်မှာ အသင်းလက်မဲ့ဖြစ်နေလို့ အသင်းသစ်ကို ခက်ခက်ခဲခဲ ရှာဖွေနေရပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်က နယူးကာဆယ်ကနေ လီဗာပူးကို ပြောင်းခဲ့တုန်းက ကာရိုးလ်ရဲ့တန်ကြေးဟာ ပေါင် ၃၅သန်းရှိခဲ့ပါတယ်။

အဲဒီခေတ်ရဲ့ဗြိတိန်တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ရာသီလုံး နယူးကာဆယ်အသင်းမှာ နည်းပြစတိဗ်ဘရုစ်ရဲ့လက်အောက် ပုံမှန်ကစားခွင့်မရဘဲ ရုန်းကန်ခဲ့ရသလို ရာသီကုန်တော့လည်း စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကာရိုးလ်ဟာ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏ နားခဲ့ရပေမယ့် ကာရိုးလ်ဟာ အခုမှ အသက် ၃၂နှစ်ပဲရှိသေးတာပါ။

ပရီးမီးယားလိဂ်အောက်တန်းအသင်းတွေမှာ ကောင်းကောင်းကစားလို့ရနိုင်သေးတဲ့အရွယ်ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်က The Athletic ဂျာနယ်အတွက် အလန်ရှီးယယားနဲ့ အင်တာဗျူးမှာ ကာရိုးလ်က အခုလို ရင်ဖွင့်ပါတယ်။

“နယူးကာဆယ်မှာပဲ ကစားသမားဘဝအဆုံးသတ်နိုင်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။

အနည်းဆုံး နောက် ၄/၅နှစ်လောက် ဆက်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ဘူး။

အရိုးသားဆုံးပြောရရင် ဘောလုံးမကစားရတာဟာ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။”လို့ ကာရိုးလ်က ပြောပါတယ်။

ကာရိုးလ်ဟာ နယူးကာဆယ်မှာ ဒုတိယအကြိမ် ကစားခဲ့တုန်းက ၄၃ပွဲကစား၊ ၁ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကဆိုရင် ပရီးမီးယားလိဂ် ၁၈ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

အခုတော့ အက်စ်ဆက်စ်မှာ မိသားစုနဲ့အတူ နေထိုင်ပြီး ဘယ်အသင်းက ကမ်းလှမ်းလာမလဲကို စောင့်နေပါတယ်။

ကာရိုးလ်ဟာ အသင်းလက်မဲ့ဖြစ်နေပေမယ့် အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။

သူ့သား၊သမီးတွေကလည်း သူတို့အဖေဟာ မန်စီးတီးလိုအသင်းမှာတောင် ကစားနိုင်သေးတယ်လို့ ယုံကြည်ထားပါတယ်။

ဒါကြောင့်လည်း ကာရိုးလ်ဟာ သူ့သား၊သမီးနဲ့ မိသားစုဝင်တွေရဲ့ရှေ့မှောက်မှာ ဘောလုံး ပြန်ကစားခွင့်ရဖို့ မျှော်လင့်ထားပါတယ်။

လောလောဆယ် ရီးဒင်းအသင်းမှာ ကစားဖို့ စဉ်းစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းမဲ့ေနလို႔ အခက္အခဲဆုံးကာလကို ျဖတ္သန္းေနရတဲ့ အန္ဒီကာ႐ိုးလ္

တစ္ခ်ိန္က ၿဗိတိန္တန္ေၾကးအျမင့္ဆုံး ကစားသမားတစ္ဦးျဖစ္တဲ့ အဂၤလန္တိုက္စစ္မႉး အန္ဒီကာ႐ိုးလ္ဟာ ဒီေန႔အခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနလို႔ အသင္းသစ္ကို ခက္ခက္ခဲခဲ ရွာေဖြေနရပါတယ္။ လြန္ခဲ့တဲ့ ၁၀ႏွစ္က နယူးကာဆယ္ကေန လီဗာပူးကို ေျပာင္းခဲ့တုန္းက ကာ႐ိုးလ္ရဲ႕တန္ေၾကးဟာ ေပါင္ ၃၅သန္းရွိခဲ့ပါတယ္။

အဲဒီေခတ္ရဲ႕ၿဗိတိန္တန္ေၾကးအျမင့္ဆုံး ကစားသမားျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ တစ္ရာသီလုံး နယူးကာဆယ္အသင္းမွာ နည္းျပစတိဗ္ဘ႐ုစ္ရဲ႕လက္ေအာက္ ပုံမွန္ကစားခြင့္မရဘဲ ႐ုန္းကန္ခဲ့ရသလို ရာသီကုန္ေတာ့လည္း စာခ်ဳပ္သစ္မခ်ဳပ္ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ကာ႐ိုးလ္ဟာ အလုပ္လက္မဲ့ျဖစ္သြားပါတယ္။

ဒဏ္ရာျပႆနာေတြေၾကာင့္ မၾကာခဏ နားခဲ့ရေပမယ့္ ကာ႐ိုးလ္ဟာ အခုမွ အသက္ ၃၂ႏွစ္ပဲရွိေသးတာပါ။ ပရီးမီးယားလိဂ္ေအာက္တန္းအသင္းေတြမွာ ေကာင္းေကာင္းကစားလို႔ရႏိုင္ေသးတဲ့အ႐ြယ္ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က The Athletic ဂ်ာနယ္အတြက္ အလန္ရွီးယယားနဲ႔ အင္တာဗ်ဴးမွာ ကာ႐ိုးလ္က အခုလို ရင္ဖြင့္ပါတယ္။

“နယူးကာဆယ္မွာပဲ ကစားသမားဘဝအဆုံးသတ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့ပါတယ္။ အနည္းဆုံး ေနာက္ ၄/၅ႏွစ္ေလာက္ ဆက္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။ ဒါေပမယ့္ ထင္သလို မျဖစ္ခဲ့ဘူး။ အ႐ိုးသားဆုံးေျပာရရင္ ေဘာလုံးမကစားရတာဟာ ကြၽန္ေတာ့္အတြက္ အရမ္းခက္ခဲပါတယ္။”လို႔ ကာ႐ိုးလ္က ေျပာပါတယ္။

ကာ႐ိုးလ္ဟာ နယူးကာဆယ္မွာ ဒုတိယအႀကိမ္ ကစားခဲ့တုန္းက ၄၃ပြဲကစား၊ ၁ဂိုးပဲသြင္းႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကဆိုရင္ ပရီးမီးယားလိဂ္ ၁၈ပြဲပဲ ကစားခြင့္ရခဲ့ပါတယ္။ အခုေတာ့ အက္စ္ဆက္စ္မွာ မိသားစုနဲ႔အတူ ေနထိုင္ၿပီး ဘယ္အသင္းက ကမ္းလွမ္းလာမလဲကို ေစာင့္ေနပါတယ္။ ကာ႐ိုးလ္ဟာ အသင္းလက္မဲ့ျဖစ္ေနေပမယ့္ အနားယူဖို႔ အစီအစဥ္မရွိေသးပါဘူး။

သူ႔သား၊သမီးေတြကလည္း သူတို႔အေဖဟာ မန္စီးတီးလိုအသင္းမွာေတာင္ ကစားႏိုင္ေသးတယ္လို႔ ယုံၾကည္ထားပါတယ္။ ဒါေၾကာင့္လည္း ကာ႐ိုးလ္ဟာ သူ႔သား၊သမီးနဲ႔ မိသားစုဝင္ေတြရဲ႕ေရွ႕ေမွာက္မွာ ေဘာလုံး ျပန္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ေလာေလာဆယ္ ရီးဒင္းအသင္းမွာ ကစားဖို႔ စဥ္းစားေနပါတယ္။