
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဥရောပ ဘောလုံး ရဲ့ ၂၀၂၁ – ၂၂ နွေရာသီ အပြောင်းအရွှေ့ ကတော့ ဒီကနေ့ နံနက်ပိုင်းမှာပဲ တရားဝင် ပိတ်သိမ်း သွားခဲ့ပြီ ဖြစ်ပါတယ်။
ဗြိတိန် ဒေသ အတွင်း မှာတော့ စာရွက် စာတမ်း ဆိုင်ရာ ကိစ္စ ရပ်တွေ ဆက်လက် လုပ်ကိုင်ဖို့ အချိန်ပေးထားပြီး အခြား ဥရောပ နိုင်ငံတွေ အားလုံးမှာတော့ အပြီးတိုင် ပိတ်သိမ်း သွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းကတော့ အပြောင်းအရွှေ့ ပိတ်သိမ်း ခါနီးမှာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူးလ် နီဂွက် ကို အရ ခေါ်ယူ နိုင်ခဲ့ ပါတယ်။
လက်ရှိ ဥရောပ ချန်ပီယံ ဟာ ဝါရင့် စပိန် ကွင်းလယ်လူ ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အငှား ခေါ်ယူခ ယူရို ၅ သန်း ပေးချေရမယ်လို့လည်း ကြားသိရ ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဂရစ်ဇ်မန်းကို တစ်ရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်း အတွက် တစ်ရာသီ အငှားကြေး ယူရို ၁၀သန်းနဲ့ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူချင်ပါက ယူရို ၄၀သန်း ပေးချေရဖို့ ရှိပါတယ်။
ဂရစ်ဇ်မန်းကို အငှားချခဲ့တဲ့ ဘာစီလိုနာအသင်း ကတော့ ဆီဗီးလားအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး လုခ်ဒီဂျောင်ကို တစ်ရာသီအငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ မနေ့တုန်းက ကလပ်တော်တော်များများ၏ကမ်းလှမ်းမှုအားရခဲ့ပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်မှာသာဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးမာရှယ်ကို မနေ့က လိုင်ယွန်အသင်းမှ အငှားကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အသင္းမေျပာင္းခ်င္တဲ့ သရဲနီနဲ႔ အျခား သတင္းတိုမ်ား
ဥေရာပ ေဘာလုံး ရဲ႕ ၂၀၂၁ – ၂၂ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ကေတာ့ ဒီကေန႔ နံနက္ပိုင္းမွာပဲ တရားဝင္ ပိတ္သိမ္း သြားခဲ့ၿပီ ျဖစ္ပါတယ္ ။ ၿဗိတိန္ ေဒသ အတြင္း မွာေတာ့ စာ႐ြက္ စာတမ္း ဆိုင္ရာ ကိစၥ ရပ္ေတြ ဆက္လက္ လုပ္ကိုင္ဖို႔ အခ်ိန္ေပးထားၿပီး အျခား ဥေရာပ ႏိုင္ငံေတြ အားလုံးမွာေတာ့ အၿပီးတိုင္ ပိတ္သိမ္း သြားခဲ့ၿပီ ျဖစ္ပါတယ္။
ခ်ဲလ္ဆီး အသင္းကေတာ့ အေျပာင္းအေ႐ႊ႕ ပိတ္သိမ္း ခါနီးမွာ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ဆာအူးလ္ နီဂြက္ ကို အရ ေခၚယူ ႏိုင္ခဲ့ ပါတယ္ ။ လက္ရွိ ဥေရာပ ခ်န္ပီယံ ဟာ ဝါရင့္ စပိန္ ကြင္းလယ္လူ ကို အငွား + အၿပီးသတ္ ဝယ္ယူခြင့္ နဲ႔ ေခၚယူခဲ့တာ ျဖစ္ၿပီး အငွား ေခၚယူခ ယူ႐ို ၅ သန္း ေပးေခ်ရမယ္လို႔လည္း ၾကားသိရ ပါတယ္။
အက္သလက္တီကို မက္ဒရစ္အသင္းဟာ သူတို႔အသင္းရဲ႕ ကစားသမားေဟာင္း ဂရစ္ဇ္မန္းကို တစ္ရာသီအငွား + ရာသီကုန္မွာ အၿပီးသတ္ ဝယ္ယူခြင့္နဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။
အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဂရစ္ဇ္မန္း အတြက္ တစ္ရာသီ အငွားေၾကး ယူ႐ို ၁၀သန္းနဲ႔ ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခ်င္ပါက ယူ႐ို ၄၀သန္း ေပးေခ်ရဖို႔ ရွိပါတယ္။
ဂရစ္ဇ္မန္းကို အငွားခ်ခဲ့တဲ့ ဘာစီလိုနာအသင္း ကေတာ့ ဆီဗီးလားအသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး လုခ္ဒီေဂ်ာင္ကို တစ္ရာသီအငွားနဲ႔ ျပန္လည္ ေခၚယူခဲ့ပါတယ္။
ယူႏိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ မေန႔တုန္းက ကလပ္ေတာ္ေတာ္မ်ားမ်ား၏ကမ္းလွမ္းမႈအားရခဲ့ေပမယ့္ သူကိုယ္တိုင္က ယူႏိုက္တက္မွာသာဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ယူႏိုက္တက္ တိုက္စစ္မႉးမာရွယ္ကို မေန႔က လိုင္ယြန္အသင္းမွ အငွားကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။