အသင်းဘတ်စ်ကားပေါ်တက်နေစဉ် မန်ယူပရိသတ်အချို့ လင်ဂတ်ကိုဆဲဆိုနေတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်

photo-daily mail

photo-EPA

ဒါဘီနဲ့မနေ့ညအက်ဖ်အေဖလားပွဲစဉ်အပြီး အသင်းဘတ်စ်ကားပေါ်တက်နေစဉ် မန်ယူပရိသတ်အချို့က အသင်းကွင်းလယ်လူလင်ဂတ်ကို ဆဲဆိုနေတဲ့ ဗီဒီယိုဖိုင်ဟာ ထွက်ပေါ်လာပါတယ်။ ဒါဘီကို ၃-၀ နဲ့ အဲဒီပွဲမှာ လင်ဂတ်ဟာ မန်ယူအတွက် ပွဲထွက်ပါဝင်ခဲ့တာဖြစ်ပြီး အသင်းက ဂိုးပြတ်နိုင်ပွဲရခဲ့ပေမယ့် သူ့အနေနဲ့ ခြေစွမ်းမပေါ်လွင်ခဲ့ပါဘူး။

photo-gettyimages

ဒါပေမဲ့ မန်ယူပရိသတ်အချိ့ကတော့ ပွဲပြီးလို့ အဲဒီကထွက်ခွာချိန် လင်ဂတ်ကို လှောင်ပြောင်ရုံအဆင့်မဟုတ်တော့ဘဲ ဆဲဆိုမှုတွေပြုလုပ်တဲ့အဆင့်အထိ ပြုလုပ်ခဲ့ပါတယ်။ အသင်းဘတ်စ်ကားပေါ်မရောက်ခင် သူဘေးနားက ဖြတ်သွားချိန် ပရိသတ်တစ်ယောက်က ညစ်ညမ်းစွာနဲ့ ဆဲဆိုမှုတွေပြုလုပ်ခဲ့တာပါ။ နောက်ထပ်မန်ယူပရိသတ်တစ်ယောက်ကလည်း ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ဂိုးပံ့ပိုးမှုမရှိခဲ့တာကိုရည်ညွန်းတဲ့အနေနဲ့ ”၂၀၁၉ မှာ သုညဂိုးနဲ့ သုညဖန်တီးမှု၊ မင်းသေသွားပြီ”လို့ အော်ဟစ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် လင်ဂတ်ဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ မလွတ်ကင်းခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုလိုမျိုး ဆဲဆိုတိုက်ခိုက်တဲ့အထိ မလုပ်သင့်ဘူးလို့ ဆိုရှယ်မီဒီယာထက်မှာ အချို့မန်ယူပရိသတ်တွေက ထောက်ပြပြောဆိုနေကြပါတယ်။ မကြာသေးခင်ကလည်း စပါးကွင်းလယ်လူအဲရစ်ဒိုင်ယာဟာ သူ့မိသားစုရှေ့မှာ အစော်ကားခံရလို့ ပွဲကြည့်စင်ပေါ်ထိတက်ပြီး ကိုယ့်အသင်းပရိသတ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

[Zawgyi]

အသင္းဘတ္စ္ကားေပၚတက္ေနစဥ္ မန္ယူပရိသတ္အခ်ိဳ႕ လင္ဂတ္ကိုဆဲဆိုေနတဲ့ဗီဒီယိုဖိုင္ထြက္ေပၚ

ဒါဘီနဲ႔မေန႔ညအက္ဖ္ေအဖလားပြဲစဥ္အၿပီး အသင္းဘတ္စ္ကားေပၚတက္ေနစဥ္ မန္ယူပရိသတ္အခ်ိဳ႕က အသင္းကြင္းလယ္လူလင္ဂတ္ကို ဆဲဆိုေနတဲ့ ဗီဒီယိုဖိုင္ဟာ ထြက္ေပၚလာပါတယ္။ ဒါဘီကို ၃-၀ နဲ႔ အဲဒီပြဲမွာ လင္ဂတ္ဟာ မန္ယူအတြက္ ပြဲထြက္ပါ၀င္ခဲ့တာျဖစ္ၿပီး အသငး္က ဂိုးျပတ္ႏို္င္ပြဲရခဲ့ေပမယ့္ သူ႔အေနနဲ႔ ေျခစြမ္းမေပၚလြင္ခဲ့ပါဘူး။

ဒါေပမဲ့ မန္ယူပရိသတ္အခ်ိ႕ကေတာ့ ပြဲၿပီးလို႔ အဲဒီကထြက္ခြာခိ်န္ လင္ဂတ္ကို ေလွာင္ေျပာင္ရုံအဆင့္မဟုတ္ေတာ့ဘဲ ဆဲဆိုမႈေတြျပဳလုပ္တဲ့အဆင့္အထိ ျပဳလုပ္ခဲ့ပါတယ္။ အသငး္ဘတ္စ္ကားေပၚမေရာက္ခင္ သူေဘးနားက ျဖတ္သြားခ်ိန္ ပရိသတ္တစ္ေယာက္က ညစ္ညမ္းစြာနဲ႔ ဆဲဆိုမႈေတြျပဳလုပ္ခဲ့တာပါ။ ေနာက္ထပ္မန္ယူပရိသတ္တစ္ေယာက္ကလည္း ၿပီးခဲ့တဲ့ႏွစ္က သူ႔ရဲ႕ဂိုးပံ့ပိုးမႈမရွိခဲ့တာကိုရည္ညြန္းတဲ့အေနနဲ႔ ”၂၀၁၉ မွာ သုညဂိုးနဲ႔ သုညဖန္တီးမႈ၊ မင္းေသသြားၿပီ”လုိ႔ ေအာ္ဟစ္ခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ လင္ဂတ္ဟာ လြန္ခဲ့တဲ့ ၁၈ လအတြင္းမွာ ေျခစြမ္းနဲ႔ပတ္သက္လို႔ ေ၀ဖန္မႈမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈနဲ႔ မလြတ္ကင္းခဲ့ပါဘူး။ ဒါေပမဲ့လည္း အခုလိုမ်ိဳး ဆဲဆိုတိုက္ခိုက္တဲ့အထိ မလုပ္သင့္ဘူးလို႔ ဆုိရွယ္မီဒီယာထက္မွာ အခ်ိဳ႕မန္ယူပရိသတ္ေတြက ေထာက္ျပေျပာဆိုေနၾကပါတယ္။ မၾကာေသးခင္ကလည္း စပါးကြင္းလယ္လူအဲရစ္ဒိုင္ယာဟာ သူ႔မိသားစုေရွ႕မွာ အေစာ္ကားခံရလို႔ ပြဲၾကည့္စင္ေပၚထိတက္ၿပီး ကိုယ့္အသင္းပရိသတ္နဲ႔ ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။