အသင်းဘက်စ်ကားပေါ်မှာ သောင်းကျန်းခဲ့တာကြောင့် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မယ့် ဘရုဂျက် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရုဂျက်အသင်းကစားသမား အီမန်နျူရယ်ဒင်းနစ်ဟာ သူထိုင်ချင်တဲ့နေရာမှာ မထိုင်ရတာကြောင့် အသင်းဘတ်စ်ကားပေါ်မှာ သောင်းကျန်းခဲ့ကာ အဆိုပါရလဒ်ကြောင့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသတင်းဌာနတစ်ခုကတော့ ဒင်းနစ်ဟာ ကားပေါ်မှာ သူထိုင်ချင်တဲ့ နေရာကို မထိုင်ရတာကြောင့် ဒေါသတကြီးသောင်းကျန်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘရုဂျက်အသင်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် အသင်းကားပေါ်မှာ ကစားသမားတွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ ထိုင်ဖို့ စည်းမျည်းချမှတ်ထားခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သားဟာ ဇင်းနစ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘရုဂျက်နည်းပြ ဖီးလစ်ကတော့ နိုင်ဂျီးသားဟာကြံ့ခိုင်မှုပြည့်ဝနေပေမယ့် စည်းမျည်းချိုးဖောက်ခဲ့တာကြောင့် ဒီနေ့ညပွဲကို ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

“ဒင်းနစ်က ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ ဒါပေမယ့် အသင်းရဲ့စည်းမျည်းတွေကို မလိုက်နာတာကြောင့် မရွေးချယ်ခဲ့တာပါ။ ဒါပဲပြောနိုင်ပါတယ်။ အသင်းအတွက် အာရုံစိုက်တဲ့သူကိုပဲ လိုချင်ပါတယ်”လို့ ဖီးလ်က ပြောကြားခဲ့ပါတယ်။

ဘရုဂျက်အသင်းဟာ အုပ်စုပထမ ၃ ပွဲမှာ ၄ မှတ်ရယူထားနိုင်ခဲ့ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့အုပ်စုပွဲစဉ် ၃ တုန်းက ၃ ဂိုးပြတ်အရေးနိမ့်ထားတဲ့ ဒေါ့မွန်အသင်းနဲ့ ဂျာမန်မြေမှာ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းဘက္စ္ကားေပၚမွာ ေသာင္းက်န္းခဲ့တာေၾကာင့္ ေဒါ့မြန္နဲ႔ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္မယ့္ ဘရုဂ်က္ ကစားသမား

ဘရုဂ်က္အသင္းကစားသမား အီမန္ႏ်ဴရယ္ဒင္းနစ္ဟာ သူထိုင္ခ်င္တဲ့ေနရာမွာ မထိုင္ရတာေၾကာင့္ အသင္းဘတ္စ္ကားေပၚမွာ ေသာင္းက်န္းခဲ့ကာ အဆိုပါရလဒ္ေၾကာင့္ ေဒါ့မြန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံသတင္းဌာနတစ္ခုကေတာ့ ဒင္းနစ္ဟာ ကားေပၚမွာ သူထိုင္ခ်င္တဲ့ ေနရာကို မထိုင္ရတာေၾကာင့္ ေဒါသတၾကီးေသာင္းက်န္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘရုဂ်က္အသင္းဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အသင္းကားေပၚမွာ ကစားသမားေတြကို သတ္မွတ္ထားတဲ့ေနရာေတြမွာ ထိုင္ဖို႔ စည္းမ်ည္းခ်မွတ္ထားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္သားဟာ ဇင္းနစ္အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာအသင္းအတြက္ သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဘရုဂ်က္နည္းျပ ဖီးလစ္ကေတာ့ ႏိုင္ဂ်ီးသားဟာၾကံ့ခိုင္မႈျပည့္၀ေနေပမယ့္ စည္းမ်ည္းခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ဒီေန႔ညပြဲကို ပါ၀င္မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

“ဒင္းနစ္က ၾကံ့ခိုင္မႈျပည့္၀ေနပါတယ္။ ဒါေပမယ့္ အသင္းရဲ႕စည္းမ်ည္းေတြကို မလိုက္နာတာေၾကာင့္ မေရြးခ်ယ္ခဲ့တာပါ။ ဒါပဲေျပာႏုိင္ပါတယ္။ အသင္းအတြက္ အာရံုစိုက္တဲ့သူကိုပဲ လိုခ်င္ပါတယ္”လို႔ ဖီးလ္က ေျပာၾကားခဲ့ပါတယ္။

ဘရုဂ်က္အသင္းဟာ အုုပ္စုပထမ ၃ ပြဲမွာ ၄ မွတ္ရယူထားႏိုင္ခဲ့ျပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ျပီးခဲ့တဲ့အုပ္စုပြဲစဥ္ ၃ တုန္းက ၃ ဂိုးျပတ္အေရးနိမ့္ထားတဲ့ ေဒါ့မြန္အသင္းနဲ႔ ဂ်ာမန္ေျမမွာ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ပါတယ္။