အသင်းဖော်တွေကို မိနစ်လေးဆယ်လောက် နှုတ်ဆက်စကားတွေဆိုထားခဲ့ပြီ ဖြစ်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုသွားရောက်ခဲ့ပြီး အသင်းဖော်တွေကို မိနစ်လေးဆယ်ကြာ နှုတ်ဆက်စကားဆိုခဲ့ကြောင်း နာမည်ကျော် အားကစားသတင်းထောက် ရိုမာနိုကအတည်ပြုလာခဲ့ပါတယ်။

ဒါကြောင့် ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ စီရော်နယ်ဒို တစ်ယောက် ပါဝင်တော့မှာမဟုတ်သလို သူ့ရဲ့ အသင်းသစ်ကိုလည်း မကြာခင်မှာ ကြေညာသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် ကရော်နယ်ဒို အတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ရရင် လက်လွှတ်သွားဖို့ အသင့်ရှိနေတာ ဖြစ်ပြီး၊ ရော်နယ်ဒို နဲ့ မန်စီးတီး အသင်းတို့ဟာ အပြောင်းအရွှေ့ဖြစ်ဖို့ အလွန်နီးစပ်နေပြီး ပြောင်းရွှေ့ကြေးကြောင့် အနည်းငယ်ကြန့်ကြာနေတဲ့ သဘောရှိပါတယ်။

မန်စီးတီး အသင်းဟာ အဂွေရို ထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းကို ဖြေရှင်းဖို့ စပါးတိုက်စစ်မှုး ဟာရီကိန်း ကို အဓိကပစ်မှတ်အဖြစ် ကြိုးစားခဲ့တာပါ။

ဟာရီကိန်း က စပါးအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရော်နယ်ဒို ဟာ မန်စီးတီး အတွက် ရွေးချယ်စရာဖြစ်လာတာပါ။

ရှေ့ပိုင်း ကြိုထွက်ထားတဲ့ သတင်းတွေအရ မန်စီးတီးဟာ ရော်နယ်ဒိုအတွက် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပြီး တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းအထိ ပေးချေသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဂျူဗီဘက်ကတော့ သူတို့တိုက်စစ်မှူးအတွက် အနည်းဆုံးပေါင် ၂၅သန်းအထိ အလိုရှိနေတာပါ။

အသက် ၃၆ နှစ်အရွယ်ကစားသမားရဲ့ အနာဂတ်ဟာ အခုအချိန်မှာတော့ တကယ့်ထိပ်တန်းသတင်းဖြစ်နေပါတယ်။

ဈေးကွက်ပိတ်သိမ်းဖို့ကလည်း ၄ ရက်လောက်သာလိုတော့တာကြောင့် ဒိုလေးပရိသတ်တွေအတွက် ရင်ခုန်မျှော်လင့်စရာတွေ ဖြစ်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းေဖာ္ေတြကို မိနစ္ေလးဆယ္ေလာက္ ႏႈတ္ဆက္စကားေတြဆိုထားခဲ့ၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကိုသြားေရာက္ခဲ့ၿပီး အသင္းေဖာ္ေတြကို မိနစ္ေလးဆယ္ၾကာ ႏႈတ္ဆက္စကားဆိုခဲ့ေၾကာင္း နာမည္ေက်ာ္ အားကစားသတင္းေထာက္ ႐ိုမာႏိုကအတည္ျပဳလာခဲ့ပါတယ္။

ဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ စီေရာ္နယ္ဒို တစ္ေယာက္ ပါဝင္ေတာ့မွာမဟုတ္သလို သူ႔ရဲ႕ အသင္းသစ္ကိုလည္း မၾကာခင္မွာ ေၾကညာသြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္ ကေရာ္နယ္ဒို အတြက္ သူတို႔သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ရရင္ လက္လႊတ္သြားဖို႔ အသင့္ရွိေနတာ ျဖစ္ၿပီး၊ ေရာ္နယ္ဒို နဲ႔ မန္စီးတီး အသင္းတို႔ဟာ အေျပာင္းအေ႐ႊ႕ျဖစ္ဖို႔ အလြန္နီးစပ္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ အနည္းငယ္ၾကန႔္ၾကာေနတဲ့ သေဘာရွိပါတယ္။

မန္စီးတီး အသင္းဟာ အေဂြ႐ို ထြက္ခြာသြားၿပီးေနာက္ တိုက္စစ္ပိုင္းကို ေျဖရွင္းဖို႔ စပါးတိုက္စစ္မႈး ဟာရီကိန္း ကို အဓိကပစ္မွတ္အျဖစ္ ႀကိဳးစားခဲ့တာပါ။ဟာရီကိန္း က စပါးအသင္းမွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေရာ္နယ္ဒို ဟာ မန္စီးတီး အတြက္ ေ႐ြးခ်ယ္စရာျဖစ္လာတာပါ။

​ေရွ႕ပိုင္း ႀကိဳထြက္ထားတဲ့ သတင္း​ေတြအရ မန္စီးတီးဟာ ေရာ္နယ္ဒိုအတြက္ ၂ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ၁၅ သန္းအထိ ေပးေခ်သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ ဂ်ဴဗီဘက္ကေတာ့ သူတို႔တိုက္စစ္မႉးအတြက္ အနည္းဆုံးေပါင္ ၂၅သန္းအထိ အလိုရွိေနတာပါ။

အသက္ ၃၆ ႏွစ္အ႐ြယ္ကစားသမားရဲ႕ အနာဂတ္ဟာ အခုအခ်ိန္မွာ​ေတာ့ တကယ့္ထိပ္တန္းသတင္းျဖစ္​ေနပါတယ္။ ေဈးကြက္ပိတ္သိမ္းဖို႔ကလည္း ၄ ရက္​ေလာက္သာလိုေတာ့တာေၾကာင့္ ဒို​ေလးပရိသတ္​ေတြအတြက္ ရင္ခုန္​ေမွ်ာ္လင့္စရာ​ေတြ ျဖစ္​ေနတာပါ။