
Photo Credit
Photo Credit
ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အူဒီးနိစ်နဲ့ပွဲမှာ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့ပြီး သူ့အစား ကွင်းလယ်လူ မာတူဒီကို ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့ရာ တကယ့်ကိုကြည်နူးစရာကောင်းတဲ့ဖြစ်ရပ်အဖြစ် ပရိသတ်တွေက တင်စားခဲ့ကြပါတယ်။ တိုက်စစ်မှူး ဟီဂူအင်က ရော်နယ်ဒိုကို အသင်းခေါင်းဆောင်လက်ပတ် ပေးလိုက်ပေမယ့် ရော်နယ်ဒိုက မဝတ်ဘဲ သူ့ထက် စီနီယာပိုကျတဲ့ မာတူဒီကို လက်ပတ်ဝတ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။
Photo Credit
ပြင်သစ်လက်ရွေးစင် မာတူဒီဟာ ၂၀၁၇ နွေရာသီကတည်းက အသင်းကို ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ရီးရဲလ်ကနေ ရောက်လာတဲ့ ရော်နယ်ဒိုထက် ၁နှစ်ပိုစောပါတယ်။ ရော်နယ်ဒိုဟာ လက်ပတ်ရရှိပြီးနောက် ခပ်လှမ်းလှမ်းမှာရှိတဲ့ မာတူဒီထံ လမ်းလျှောက်သွားကာ ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။
Photo Credit
မာတူဒီကလည်း ရော်နယ်ဒိုရဲ့အပြုအမူက ကမ္ဘာ့အဆင့်ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ စပါးအသင်းနည်းပြ မော်ရင်ညိုကလည်း အသင်းခေါင်းဆောင်နဲ့ Leader တို့ကြား ကွဲပြားခြားနားမှုကို ပြောသွားပါတယ်။
Photo Credit
”အသင်းခေါင်းဆောင်နဲ့ Leader က လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော့်မှာ ရှိခဲ့တဲ့အသင်းခေါင်းဆောင်အများစုက Leader တွေမဟုတ်ခဲ့ပါဘူး။ ဟာဗီးယားဇနက်တီနဲ့ တယ်ရီတို့ကတော့ အသင်းခေါင်းဆောင်လည်းဖြစ် Leader တွေလည်း ဖြစ်ခဲ့ပါတယ်။ Leader ကို ခင်ဗျားတို့ ဝယ်လို့မရပါဘူး”လို့ မော်ရင်ညိုက ပြောပါတယ်။
Photo Credit
ရော်နယ်ဒိုဟာ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုး ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ခံလူ ဘိုနူချီက အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ အဲဒီပွဲအနိုင်ကြောင့် ဖီအိုရင်တီးနားနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ အင်တာမီလန်နဲ့အမှတ်တူအနေအထားကို တက်ရောက်နိုင်ခဲ့ပါတယ်။
Photo Credit
Zawgyi
အသင္းေဖာ္ကို ေလးစားမႈအျပည့္ထားရွိတဲ့ ေရာ္နယ္ဒိုရဲ႕စိတ္ဓာတ္…အသင္းေခါင္းေဆာင္လက္ပတ္၀တ္ဖုိ႔ ျငင္းဆန္ၿပီး သူ႕ထက္ စီနီယာပိုက်တဲ့မာတူဒီကို တေလးတစား ၀တ္ဆင္ေပး
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ အူဒီးနိစ္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္လက္ပတ္ ၀တ္ဆင္ဖုိ႔ ျငင္းဆန္ခဲ့ၿပီး သူ႕အစား ကြင္းလယ္လူ မာတူဒီကို ကိုယ္တုိင္၀တ္ဆင္ေပးခ့ဲရာ တကယ့္ကိုၾကည္ႏူးစရာေကာင္းတဲ့ျဖစ္ရပ္အျဖစ္ ပရိသတ္ေတြက တင္စားခဲ့ၾကပါတယ္။ တုိက္စစ္မွဴး ဟီဂူအင္က ေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္လက္ပတ္ ေပးလုိက္ေပမယ့္ ေရာ္နယ္ဒိုက မ၀တ္ဘဲ သူ႕ထက္ စီနီယာပိုက်တဲ့ မာတူဒီကို လက္ပတ္၀တ္ဆင္ေပးခဲ့တာျဖစ္ပါတယ္။
ျပင္သစ္လက္ေရြးစင္ မာတူဒီဟာ ၂၀၁၇ ေႏြရာသီကတည္းက အသင္းကို ေရာက္ရွိေနတာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ရီးရဲလ္ကေန ေရာက္လာတဲ့ ေရာ္နယ္ဒိုထက္ ၁ႏွစ္ပိုေစာပါတယ္။ ေရာ္နယ္ဒိုဟာ လက္ပတ္ရရွိၿပီးေနာက္ ခပ္လွမ္းလွမ္းမွာရွိတဲ့ မာတူဒီထံ လမ္းေလွ်ာက္သြားကာ ကိုယ္တုိင္၀တ္ဆင္ေပးခဲ့တာျဖစ္ပါတယ္။
မာတူဒီကလည္း ေရာ္နယ္ဒိုရဲ႕အျပဳအမူက ကမၻာ့အဆင့္ျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။ စပါးအသင္းနည္းျပ ေမာ္ရင္ညိဳကလည္း အသင္းေခါင္းေဆာင္နဲ႔ Leader တို႔ၾကား ကြဲျပားျခားနားမႈကို ေျပာသြားပါတယ္။
”အသင္းေခါင္းေဆာင္နဲ႔ Leader က လုံး၀ကြဲျပားျခားနားပါတယ္။ ကၽြန္ေတာ့္မွာ ရွိခဲ့တဲ့အသင္းေခါင္းေဆာင္အမ်ားစုက Leader ေတြမဟုတ္ခဲ့ပါဘူး။ ဟာဗီးယားဇနက္တီနဲ႔ တယ္ရီတုိ႔ကေတာ့ အသင္းေခါင္းေဆာင္လည္းျဖစ္ Leader ေတြလည္း ျဖစ္ခဲ့ပါတယ္။ Leader ကို ခင္ဗ်ားတုိ႔ ၀ယ္လုိ႔မရပါဘူး”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုး ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေနာက္ခံလူ ဘိုႏူခ်ီက အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ အဲဒီပဲြအႏိုင္ေၾကာင့္ ဖီအုိရင္တီးနားနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ အင္တာမီလန္နဲ႔အမွတ္တူအေနအထားကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။