အသင်းပြောင်းပြီး ကစားသမားဘဝကနေ အနားယူမယ့် မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ဘာစီလိုနာအသင်းမှာ ကုန်ဆုံးဖို့ စဉ်းစားနေကြောင်း နာမည်ကျော် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဘာစီလိုနာ ကြယ်ပွင့်ဟောင်းမက်ဆီဟာ ကလေးဘဝကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိတော့တာကြောင့် ပီအက်စ်ဂျီအသင်းထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝကို ပီအက်စ်ဂျီအသင်းမှာ အဆုံးသတ်ဖို့ မရည်ရွယ်ထားဘဲ အသင်းဟောင်း ဘာစီလိုနာအသင်းမှာသာ အဆုံးသတ်ဖို့ စဉ်းစားနေကြောင်း နာမည်ကျော် သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။

မက်ဆီနည်းတူ ဘာကာမှာကစားခဲ့ဖူးတဲ့ ရီကွယ်လ်မီးက “ပဲရစ်မှာလည်း သူ ပျော်ပျော်ရွှင်ရွှင်ပဲရှိနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဘာထူးဆန်းနေလဲတော့ မသိဘူး။ ဒါပေမယ့် ဘတ်ပီ၊ နေမာတို့နဲ့အတူ သူ တွဲဖက်ကစားတာကို မြင်ရဖို့ ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေပါတယ်။

ဒီလိုအချိန်မှာမှ ချန်ပီယံလိဂ်ဖလားမရရင် သူတို့ဘယ်တော့မှရမှာမဟုတ်တော့ပါဘူး”

“မက်ဆီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားကို အရယူပြီး ဘာစီလိုနာကိုပြန်ပြောင်းမယ်။

ပြီးရင် အနားယူသွားမယ်လို့လည်း ကျွန်တော်ထင်ပါတယ်” လို့ ESPN ကို ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္း​ေျပာင္းၿပီး ကစားသမားဘ၀က​ေန အနားယူမယ့္ မက္ဆီ

ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ကို ဘာစီလိုနာအသင္းမွာ ကုန္ဆုံးဖို႔ စဥ္းစားေနေၾကာင္း နာမည္ေက်ာ္ သတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ ဘာစီလိုနာ ၾကယ္ပြင့္ေဟာင္းမက္ဆီဟာ ကေလးဘဝကတည္းက ကစားခဲ့တဲ့ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းထံ ၂ႏွစ္ စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူပါ။

မက္ဆီဟာ သူ႔ရဲ႕ ကစားသမားဘဝကို ပီအက္စ္ဂ်ီအသင္းမွာ အဆုံးသတ္ဖို႔ မရည္႐ြယ္ထားဘဲ အသင္းေဟာင္း ဘာစီလိုနာအသင္းမွာသာ အဆုံးသတ္ဖို႔ စဥ္းစားေနေၾကာင္း နာမည္ေက်ာ္ သတင္းဌာန တစ္ခု ျဖစ္တဲ့ ESPN သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားပါတယ္။

မက္ဆီနည္းတူ ဘာကာမွာကစားခဲ့ဖူးတဲ့ ရီကြယ္လ္မီးက “ပဲရစ္မွာလည္း သူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲရွိေနမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဘာထူးဆန္းေနလဲေတာ့ မသိဘူး။ ဒါေပမယ့္ ဘတ္ပီ၊ ေနမာတို႔နဲ႔အတူ သူ တြဲဖက္ကစားတာကို ျမင္ရဖို႔ ကြၽန္ေတာ္တို႔အားလုံး စိတ္လႈပ္ရွားေနပါတယ္။ ဒီလိုအခ်ိန္မွာမွ ခ်န္ပီယံလိဂ္ဖလားမရရင္ သူတို႔ဘယ္ေတာ့မွရမွာမဟုတ္ေတာ့ပါဘူး”

“မက္ဆီက ပီအက္စ္ဂ်ီနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို အရယူၿပီး ဘာစီလိုနာကိုျပန္ေျပာင္းမယ္။ ၿပီးရင္ အနားယူသြားမယ္လို႔လည္း ကြၽန္ေတာ္ထင္ပါတယ္” လို႔ ESPN ကို ေျပာဆိုခဲ့ပါတယ္။