
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးတိုက်စစ်မှူးအဂူရိုကတော့ ဘာစီလိုနာအသင်းဆီကို ၂ နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီး ယူရိုသန်း ၁ဝဝတန် လျော်ကြေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။
အဂူရို ဟာ မန်စီးတီး ကို ၂၀၁၁ ခုနှစ် တုန်းက အက်သလက်တီကို မက်ဒရစ် ကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး
ကလပ် အတွက် ပွဲပေါင်း ၃၉၀ ကစား ပေးရာမှာ ဂိုးပေါင်း ၂၆၀ သွင်းယူပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းဖော်မက်ဆီနဲ့ ဘာစီလိုနာမှာ ပြန်လည်တွဲဖက်ကစားရတော့မှာဖြစ်ပြီး ရော်နယ်ကိုးမန်းအတွက် အားထားရမယ့်တိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့လည်း သေချာသလောက်ရှိနေပါတယ်။
အဂူရို ဟာ မန်စီးတီး ကနေ မထွက်ခွာ ခင်မှာ အသင်းက ဝန်ထမ်းတွေ ကို အတတ် နိုင်ဆုံး နှုတ်ဆက် လက်ဆောင်တွေ ပေးအပ် သွားခဲ့တယ်လို့ သိရပါတယ်။
အဂူရို ဟာ မန်စီးတီး အသင်းကြီး အတွက် တာဝန် ထမ်းဆောင်ပေးတဲ့ ဝန်ထမ်းတိုင်းကို နာရီ တစ်လုံးစီ လက်ဆောင် ပေးခဲ့ပြီး “Gracias! Kun Aguero” ဆိုတဲ့ စာသားကို နာရီမှာ ရိုက်နှိပ်ထားခဲ့ပါတယ်။
အဲဒီနာရီတွေဟာ တစ်လုံးကို ပေါင်တစ်ထောင်ကျသင့်တဲ့ Hublot ဒါမှမဟုတ် Tag Heuer ထုတ်နာရီတွေဖြစ်တယ်လို့ သိရပြီး သူလက်ရှိစီးနေတဲ့ ပေါင်သုံးသောင်းတန် Range Rover Evoque ကားကိုလည်း မဲဖောက်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါကားကိုတော့ ကစားသမားတွေဝတ်ဆင်ဖို့ဂျာစီကို ထိန်းသိမ်းပေးရတဲ့ အမျိုးသားတစ်ဦးက ရရှိခဲ့တယ်လို့သိရပြီး အဂူရိုဟာ စုစုပေါင်း ပေါင်ကိုးသောင်းဖိုးခန့်ကို လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။
အဂူရိုဟာ ယခင်ကတည်းက မန်စီးတီးအသင်း ဝန်ထမ်းတွေကို ပြန်လည် ကြည့်ရှုသူတစ်ဦးဖြစ်ပြီး၊ လူချစ် လူခင် များကာ ဝန်ထမ်းတွေကို တစ်နှစ် ၂ ကြိမ်ခန့် လက်ဆောင်တွေ ပေးလေ့ ရှိတယ်လို့ ကြားသိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင်းပြောင်းချိန် မန်စီးတီး ဝန်ထမ်းတွေကိုနာရီနဲ့ ကားလက်ဆောင် မဲဖောက်ပေးခဲ့တဲ့ အဂူရို