အသင်းနဲ့ သူ့အတွက် ခြေစွမ်းကောင်းပြပြီး ပြိုင်ဘက်တွေကို ခြိမ်းခြောက်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာလီဂါပွဲစဉ် ဟူစကာနဲ့ပွဲမှာ မက်ဆီတစ်ယောက် ကောင်းမွန်လှပတဲ့ ခြေစွမ်းတွေထုတ်ဖော်ပြသခဲ့ပါတယ်။အာဂျင်တီးနားကြယ်ပွင့်ဟာ ပြီးပြည်စုံတဲ့ ထိချက် ၃ချက်နဲ့အတူ ရင်သပ် ရူမောစရာကောင်းတဲ့ ဂိုးတစ်ဂိုး ကို သွင်းပြသွားခဲ့ပါတယ်။

လာလီဂါမှာ ရာသီအစောပိုင်း ရလဒ်တွေဆိုးရွားနေခဲ့တဲ့ ဘာစီလိုနာဟာ ယမန်နေ့က ဟူစကာကို အနိုင်ယူခဲ့ပြီးနောက် အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ အက်သလက်တီကိုမက်ထရစ်ကို လေးမှတ်အကွာနဲ့ ဖိအားပေးနေပြီဖြစ်ပါတယ်။ ဘာစီလိုနာဟာ မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၁၅မိနစ်အတွင်းမှာတင် မက်ဆီတစ်ယောက် လှပတဲ့ခြေစွမ်းနဲ့ အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

မက်ဆီဟာ ပထမ ဂိုးပေါက်ရှိရာကို နောက်ကျောထားပြီး ပြိုင်ဘက် နောက်ခံလူတစ်ဦးကို အယောင်ပြ လှည့်စားခဲ့သလို ဂိုးစည်းထိပ်ဆီကို ဘောလုံး ပြေးဆွဲလာခဲ့ပါတယ်။ လျင်မြန်တဲ့ ခြေလှမ်းနဲ့အတူ စည်းထိပ်အရောက်မှာ ဘောလုံးကို ဘယ်ခြေဖြင့် ဂိုးထောင့်ထဲကို အပြင်းကန်သွင်းလိုက်ပြီး ဘောလုံးဟာ ဂိုးဘားအပေါ်ကို ထိမှန်ကာ ဂိုးစည်းထဲ တန်းဝင်သွားခဲ့ပါတယ်။

လာလီဂါပွဲစဉ်တွေ ပြီးဆုံးဖို့က ၁၁ ပွဲသာလိုအပ်တော့တာဖြစ်ပြီး အခုလို လေးမှတ်သာကွာဟတဲ့အနေအထားက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ တစ်ဖက်မှာလည်း မက်ဆီဟာလာလီဂါသွင်းဂိုး ၂၁ ဂိုးအထိ ရရှိသွားခဲ့ပြီး အေတီကိုတိုက်စစ်မှူးဆွာရက်ဇ်ထက် ၃ ဂိုးအထိ အသာစီးရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အစောပိုင်းမှာ ဆွာရက်ဇ်က သွင်းဂိုးအသာစီးနဲ့ ဦးဆောင်နေခဲ့ပေမယ့် မက်ဆီကနောက်ပိုင်းမှာ တစ်ပွဲကို နှစ်ဂိုးသွင်းယူလိုက်၊ ပုံမှန်ဂိုးရယူလိုက်နဲ့ လိုက်မီလာခဲ့တာဖြစ်ပြီး အမှတ်ပေးဖလားအတွက်ရော၊ ရွှေဖိနပ်ဆုအတွက်ပါ ပြိုင်ဘက်တွေကို ဖိအားပေးလာခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းနဲ႔ သူ႔အတြက္ ​ေျခစြမ္း​ေကာင္းျပၿပီး ၿပိဳင္ဘက္​ေတြကို ၿခိမ္း​ေျခာက္ခဲ့တဲ့ မက္ဆီ

လာလီဂါပြဲစဥ္ ဟူစကာနဲ႔ပြဲမွာ မက္ဆီတစ္​ေယာက္ ​​ေကာင္းမြန္လွပတဲ့ ​ေျခစြမ္း​ေတြထုတ္​ေဖာ္ျပသခဲ့ပါတယ္။အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၿပီးျပည္စုံတဲ့ ထိခ်က္ ၃ခ်က္နဲ႔အတူ ရင္သပ္ ႐ူေမာစရာေကာင္းတဲ့ ဂိုးတစ္ဂိုး ကို သြင္းျပသြားခဲ့ပါတယ္။ လာလီဂါမွာ ရာသီအေစာပိုင္း ရလဒ္ေတြဆိုး႐ြားေနခဲ့တဲ့ ဘာစီလိုနာဟာ ယမန္​ေန႔က ဟူစကာကို အႏိုင္ယူခဲ့ၿပီးေနာက္ အဆင့္ ၂ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ကာ အက္သလက္တီကိုမက္ထရစ္ကို ေလးမွတ္အကြာနဲ႔ ဖိအားေပးေနၿပီျဖစ္ပါတယ္။

ဘာစီလိုနာဟာ မက္ဆီရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲအစ ၁၅မိနစ္အတြင္းမွာတင္ မက္ဆီတစ္​ေယာက္ လွပတဲ့​ေျခစြမ္းနဲ႔ အသင္းအတြက္ ဦး​ေဆာင္ဂိုးသြင္း​ေပးခဲ့ပါတယ္။ မက္ဆီဟာ ပထမ ဂိုးေပါက္ရွိရာကို ေနာက္ေက်ာထားၿပီး ၿပိဳင္ဘက္ ေနာက္ခံလူတစ္ဦးကို အေယာင္ျပ လွည့္စားခဲ့သလို ဂိုးစည္းထိပ္ဆီကို ေဘာလုံး ေျပးဆြဲလာခဲ့ပါတယ္။ လ်င္ျမန္တဲ့ ေျခလွမ္းနဲ႔အတူ စည္းထိပ္အေရာက္မွာ ေဘာလုံးကို ဘယ္ေျချဖင့္ ဂိုးေထာင့္ထဲကို အျပင္းကန္သြင္းလိုက္ၿပီး ေဘာလုံးဟာ ဂိုးဘားအေပၚကို ထိမွန္ကာ ဂိုးစည္းထဲ တန္းဝင္သြားခဲ့ပါတယ္။

လာလီဂါပြဲစဥ္ေတြ ၿပီးဆုံးဖို႔က ၁၁ ပြဲသာလိုအပ္ေတာ့တာျဖစ္ၿပီး အခုလို ေလးမွတ္သာကြာဟတဲ့အေနအထားက ဘာမဆိုျဖစ္သြားႏိုင္ပါတယ္။ တစ္ဖက္မွာလည္း မက္ဆီဟာလာလီဂါသြင္းဂိုး ၂၁ ဂိုးအထိ ရရွိသြားခဲ့ၿပီး ေအတီကိုတိုက္စစ္မႉးဆြာရက္ဇ္ထက္ ၃ ဂိုးအထိ အသာစီးရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

အေစာပိုင္းမွာ ဆြာရက္ဇ္က သြင္းဂိုးအသာစီးနဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္ မက္ဆီက​ေနာက္ပိုင္းမွာ တစ္ပြဲကို ႏွစ္ဂိုးသြင္းယူလိုက္၊ ပုံမွန္ဂိုးရယူလိုက္နဲ႔ လိုက္မီလာခဲ့တာျဖစ္ၿပီး အမွတ္ေပးဖလားအတြက္ေရာ၊ ေ႐ႊဖိနပ္ဆုအတြက္ပါ ၿပိဳင္ဘက္ေတြကို ဖိအားေပးလာခဲ့တာပါ။