အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ တွမ်မီနေးနဲ့ တဲလက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ကစားသမားနှစ်ဦးဖြစ်တဲ့ တွမ်မီနေးနဲ့တဲလက်စ်တို့ဟာ ဒဏ်ရာပြဿနာတွေကနေ ခပ်စောစောပြန်လည်သက်သာလာပြီဖြစ်တာကြောင့် အခုဆိုရင် အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေကြပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုတစ်ပတ်စနေနေ့မှာ နယူးကာဆယ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ် ပြန်လည်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် တနင်္လာနေ့တုန်းက ဒီကစားသမားနှစ်ဦး အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေတဲ့ဓာတ်ပုံတွေကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ စကော့တလန်ကွင်းလယ်လူတွမ်မီနေးဟာ မကြာသေးခင်ကမှ ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ထက် ဘောလုံးပြန်ကစားနိုင်မယ်လို့ ကြုံးဝါးခဲ့သလို အခုအချိန်မှာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေတာပဲဖြစ်ပါတယ်။

ဘယ်နောက်ခံလူတဲလက်စ်(၂၈နှစ်)ဟာ ရာသီအစခြေစမ်းပွဲတွေမှာပါဝင်ကစားခဲ့ပေမယ့် လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ တဲလက်စ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝလာဖို့နီးစပ်နေပြီဖြစ်ပြီး အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက တွမ်မီနေးနဲ့တဲလက်စ်တို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် နယူးကာဆယ်နဲ့ပွဲမှာ အသုံးပြုဖို့ရှိ၊ မရှိကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

တွမ်မီနေးဟာ ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်နဲ့အတူခြေစွမ်းပြကစားနေပြီး ပြီးခဲ့တဲ့ဝုလ်ဗ်နဲ့ပွဲမှာ သူမပါဝင်နိုင်တာကြောင့် ပေ့ါဘာက ဖရက်ဒ်နဲ့တွဲဖက်ကစားခဲ့ရပါတယ်။

တွမ်မီနေးနဲ့ တဲလက်စ်တို့အပြင် ဒဏ်ရာပြဿနာရှိနေတဲ့ ဂိုးသမားဟန်ဒါဆင်ဟာလည်း ဒဏ်ရာကနေပြန်သက်သာလာပြီဖြစ်လို့ အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနိုင်နေပါပြီ။

ယူနိုက်တက်အသင်းဟာ လာမယ့်စနေညေ(၈:၃၀)အချိန်ကျရင် အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို အသင်းအတွက်ပွဲထွက်ကစားဖို့

ပရိသတ်တွေကမျှော်လင့်နေကြပေမယ့် အခုလောလောဆယ် စီရော်နယ်လ်ဒိုဟာ Quarantine ဝင်နေရတာကြောင့် အဲဒီပွဲမှာ ပါဝင်ကစားဖို့က မသေချာသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္တဲ့ တြမ္မီေနးနဲ႔တဲလက္စ္

မန္ခ်က္စတာယူႏိုက္တက္ကစားသမားႏွစ္ဦးျဖစ္တဲ့ တြမ္မီေနးနဲ႔တဲလက္စ္တို႔ဟာ ဒဏ္ရာျပႆနာေတြကေန ခပ္ေစာေစာျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ အခုဆိုရင္ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၾကၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုတစ္ပတ္စေနေန႔မွာ နယူးကာဆယ္အသင္းနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္ ျပန္လည္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ တနလၤာေန႔တုန္းက ဒီကစားသမားႏွစ္ဦး အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနတဲ့ဓာတ္ပုံေတြကို ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စေကာ့တလန္ကြင္းလယ္လူတြမ္မီေနးဟာ မၾကာေသးခင္ကမွ ေပါင္ၿခံဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့တာျဖစ္ၿပီး သတ္မွတ္ထားတဲ့အခ်ိန္ထက္ ေဘာလုံးျပန္ကစားႏိုင္မယ္လို႔ ႀကဳံးဝါးခဲ့သလို အခုအခ်ိန္မွာ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနတာပဲျဖစ္ပါတယ္။ ဘယ္ေနာက္ခံလူတဲလက္စ္(၂၈ႏွစ္)ဟာ ရာသီအစေျခစမ္းပြဲေတြမွာပါဝင္ကစားခဲ့ေပမယ့္ ေလ့က်င့္ခန္းအစီအစဥ္မွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲေတြမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ တဲလက္စ္ဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပည့္ဝလာဖို႔နီးစပ္ေနၿပီျဖစ္ၿပီး အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက တြမ္မီေနးနဲ႔တဲလက္စ္တို႔ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ေပမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ အသုံးျပဳဖို႔ရွိ၊ မရွိကို ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။ တြမ္မီေနးဟာ ယူႏိုက္တက္ကြင္းလယ္မွာ ဖရက္ဒ္နဲ႔အတူေျခစြမ္းျပကစားေနၿပီး ၿပီးခဲ့တဲ့ဝုလ္ဗ္နဲ႔ပြဲမွာ သူမပါဝင္ႏိုင္တာေၾကာင့္ ေပ့ါဘာက ဖရက္ဒ္နဲ႔တြဲဖက္ကစားခဲ့ရပါတယ္။ တြမ္မီေနးနဲ႔ တဲလက္စ္တို႔အျပင္ ဒဏ္ရာျပႆနာရွိေနတဲ့ ဂိုးသမားဟန္ဒါဆင္ဟာလည္း ဒဏ္ရာကေနျပန္သက္သာလာၿပီျဖစ္လို႔ အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းႏိုင္ေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ လာမယ့္စေနေည(၈:၃၀)အခ်ိန္က်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာ နယူးကာဆယ္နဲ႔ရင္ဆိုင္ကစားရမွာျဖစ္ၿပီး နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို အသင္းအတြက္ပြဲထြက္ကစားဖို႔ ပရိသတ္ေတြကေမွ်ာ္လင့္ေနၾကေပမယ့္ အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုဟာ Quarantine ဝင္ေနရတာေၾကာင့္ အဲဒီပြဲမွာ ပါဝင္ကစားဖို႔က မေသခ်ာေသးပါဘူး။