
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ အူဒီးနီးစ်နဲ့ကစားခဲ့တဲ့ပွဲမှာ အံ့အားသင့်စရာကောင်းအောင် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ပွဲထွက်စာရင်းမှာမထည့်သွင်းဖို့ နည်းပြအယ်လီဂရီကို သူကိုယ်တိုင် တောင်းဆိုခဲ့တယ်လို့သတင်းထွက်နေပါတယ်။
စီရော်နယ်လ်ဒိုဟာ အခုနွေရာသီကာလအတွင်း ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲဖို့ပြင်ဆင်နေပေမယ့် သူ့ကို ကမ်းလှမ်းထားတဲ့အသင်းတော့ မရှိသေးပါဘူး။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်က အတ္တလန်တာနဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက်ပွဲထွက်ကစားခဲ့ပေမယ့်လည်း အခု အူဒီးနီးစ်နဲ့ပွဲမှာတော့ အရန်အဖြစ်သာ ဝင်ကစားခဲ့တာပါ။
အီတလီနာမည်ကျော်အားကစားဂျာနယ်လစ်ဖာဘရစ်ဇီယိုရိုမာနိုက စီရော်နယ်လ်ဒိုဟာ လာမယ့်ရက်ပိုင်းအတွင်း အသင်းပြောင်းရွှေ့မယ့်ကိစ္စကို အကောင်အထည်ဖော်လိုတာကြောင့် အူဒီးနီးစ်နဲ့ပွဲအတွက် ပွဲထွက်စာရင်းမှာ ချန်လှပ်ဖို့ တောင်းဆိုခဲ့တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့စာချုပ်က အခုရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ (၁)နှစ်ကို ပေါင်(၂၅)သန်းအထိလစာငွေရရှိနေပါတယ်။
ဂျူဗင်တပ်စ်အသင်းနည်းပြအယ်လီဂရီကတော့ စီရော်နယ်လ်ဒိုဟာ အသင်းနဲ့လမ်းခွဲဖို့ဆန္ဒမရှိဘူးလို့ မကြာသေးခင်ကဖွင့်ဟပြောဆိုခဲ့သလို အသင်းဒု-ဥက္ကဌဖြစ်သူနက်ဗက်ကလည်း ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို ဆက်ကစားဖို့က ၁၀၀% သေချာတယ်လို့ပြောကြားခဲ့ပါတယ်။
အူဒီးနီးစ်နဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ (၂-၂)ဂိုးနဲ့သရေကျခဲ့ပြီး ပွဲချိန်(၅၉)မိနစ်အရောက်မှာ စီရော်နယ်လ်ဒိုက မိုရာတာအစားဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးအချိန်မှာ အနိုင်ဂိုးသွင်းခဲ့ပေမယ့် VAR ရဲ့ဆုံးဖြတ်ချက်အရ လူကျွံဘောအဖြစ်သတ်မှတ်ပေးခဲ့လို့ ဂျူဗင်တပ်စ်အသင်းနစ်နာခဲ့ရပါတယ်။
အဲဒီပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ပတ်သက်လို့ အယ်လီဂရီနီက “စီရော်နယ်လ်ဒိုရဲ့ အနေအထားက အားလုံးကောင်းမွန်ပါတယ်။
ဒီပွဲမတိုင်ခင်ကတည်းက စီရော်နယ်လ်ဒိုနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီး အခုပွဲမှာ အရန်အဖြစ်သာအသုံးပြုမယ်လို့ ကျွန်တော်အသိပေးခဲ့ပြီးသားပါ။
စီရော်နယ်လ်ဒိုကတော့ ပွဲကစားဖို့အမြဲတမ်းအသင့်ရှိနေပြီး လူစားဝင်ကစားချိန်မှာလည်း အကောင်းဆုံးဖြစ်အောင်ကစားနိုင်ခဲ့ပါတယ်”လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အသင္းနဲ႔လမ္းခြဲဖို႔ဆႏၵရွိတာေၾကာင့္ အူဒီးနီးစ္နဲ႔ပြဲထြက္စာရင္းမွာခ်န္လွပ္ဖို႔ စီေရာ္နယ္လ္ဒိုေတာင္းဆိုခဲ့တယ္လို႔ သတင္းထြက္
ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ အူဒီးနီးစ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အံ့အားသင့္စရာေကာင္းေအာင္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး ပြဲထြက္စာရင္းမွာမထည့္သြင္းဖို႔ နည္းျပအယ္လီဂရီကို သူကိုယ္တိုင္ ေတာင္းဆိုခဲ့တယ္လို႔သတင္းထြက္ေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အခုေႏြရာသီကာလအတြင္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲဖို႔ျပင္ဆင္ေနေပမယ့္ သူ႔ကို ကမ္းလွမ္းထားတဲ့အသင္းေတာ့ မရွိေသးပါဘူး။
အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့တစ္ပတ္က အတၱလန္တာနဲ႔ကစားခဲ့တဲ့ရာသီႀကိဳေျခစမ္းပြဲမွာ အသင္းအတြက္ပြဲထြက္ကစားခဲ့ေပမယ့္လည္း အခု အူဒီးနီးစ္နဲ႔ပြဲမွာေတာ့ အရန္အျဖစ္သာ ဝင္ကစားခဲ့တာပါ။ အီတလီနာမည္ေက်ာ္အားကစားဂ်ာနယ္လစ္ဖာဘရစ္ဇီယို႐ိုမာႏိုက စီေရာ္နယ္လ္ဒိုဟာ လာမယ့္ရက္ပိုင္းအတြင္း အသင္းေျပာင္းေ႐ႊ႕မယ့္ကိစၥကို အေကာင္အထည္ေဖာ္လိုတာေၾကာင့္ အူဒီးနီးစ္နဲ႔ပြဲအတြက္ ပြဲထြက္စာရင္းမွာ ခ်န္လွပ္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ဆိုခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕စာခ်ဳပ္က အခုရာသီကုန္က်ရင္ သက္တမ္းျပည့္မွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ (၁)ႏွစ္ကို ေပါင္(၂၅)သန္းအထိလစာေငြရရွိေနပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းနည္းျပအယ္လီဂရီကေတာ့ စီေရာ္နယ္လ္ဒိုဟာ အသင္းနဲ႔လမ္းခြဲဖို႔ဆႏၵမရွိဘူးလို႔ မၾကာေသးခင္ကဖြင့္ဟေျပာဆိုခဲ့သလို အသင္းဒု-ဥကၠဌျဖစ္သူနက္ဗက္ကလည္း ဂ်ဴဗင္တပ္စ္အသင္းမွာ စီေရာ္နယ္လ္ဒို ဆက္ကစားဖို႔က ၁၀၀% ေသခ်ာတယ္လို႔ေျပာၾကားခဲ့ပါတယ္။ အူဒီးနီးစ္နဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းဟာ (၂-၂)ဂိုးနဲ႔သေရက်ခဲ့ၿပီး ပြဲခ်ိန္(၅၉)မိနစ္အေရာက္မွာ စီေရာ္နယ္လ္ဒိုက မိုရာတာအစားဝင္ကစားခဲ့ၿပီး ပြဲၿပီးခါနီးအခ်ိန္မွာ အႏိုင္ဂိုးသြင္းခဲ့ေပမယ့္ VAR ရဲ႕ဆုံးျဖတ္ခ်က္အရ လူကြၽံေဘာအျဖစ္သတ္မွတ္ေပးခဲ့လို႔ ဂ်ဴဗင္တပ္စ္အသင္းနစ္နာခဲ့ရပါတယ္။
အဲဒီပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့တာနဲ႔ပတ္သက္လို႔ အယ္လီဂရီနီက “စီေရာ္နယ္လ္ဒိုရဲ႕ အေနအထားက အားလုံးေကာင္းမြန္ပါတယ္။ ဒီပြဲမတိုင္ခင္ကတည္းက စီေရာ္နယ္လ္ဒိုနဲ႔ ကြၽန္ေတာ္ေတြ႕ဆုံခဲ့ၿပီး အခုပြဲမွာ အရန္အျဖစ္သာအသုံးျပဳမယ္လို႔ ကြၽန္ေတာ္အသိေပးခဲ့ၿပီးသားပါ။ စီေရာ္နယ္လ္ဒိုကေတာ့ ပြဲကစားဖို႔အၿမဲတမ္းအသင့္ရွိေနၿပီး လူစားဝင္ကစားခ်ိန္မွာလည္း အေကာင္းဆုံးျဖစ္ေအာင္ကစားႏိုင္ခဲ့ပါတယ္”လို႔ ရွင္းလင္းေျပာဆိုခဲ့ပါတယ္။