အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တဲ့ ဟယ်ရီကိန်းကို စပါးအသင်း ဒဏ်ငွေချမှတ်သွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနဲ့ဟယ်ရီကိန်းတို့ကြားက အပြောင်းအရွှေ့တိုက်ပွဲက စတင်ပြင်းထန်နေပြီဖြစ်ပြီး ဟယ်ရီကိန်းဟာ မနေ့တုန်းက စပါးအသင်းနဲ့ပူးပေါင်းဖို့အတွက် အသင်းဆီအကြောင်းကြားရမှာဖြစ်ပေမယ့် ပျက်ကွက်ခဲ့သလို မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အခုနွေရာသီအပြောင်းအရွှေ့အစောပိုင်းကတည်းက ဆုဖလားတွေရယူနိုင်ဖို့အတွက် အသင်းကြီးတစ်သင်းဆီပြောင်းရွှေ့တော့မယ်လို့ စပါးအသင်းကို အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်တဲ့အပြင် ဥက္ကဌလီဗိုင်ကလည်း

သူ့ကို အသင်းပြောင်းခွင့်ပေးထားပြီး အခုအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းက ကြိုးပမ်းနေပေမယ့် စပါးအသင်းက လက်မခံဖြစ်နေတာပါ။

အဲဒါကြောင့် ဟယ်ရီကိန်းဟာ စပါးအသင်းကို ဆန္ဒပြတဲ့အနေနဲ့ အသင်းနဲ့ပူးပေါင်းဖို့ပျက်ကွက်ခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းရဲ့လုပ်ရပ်အပေါ် စပါးအသင်းက စိတ်ပျက်ဒေါသထွက်နေသလို ဒဏ်ငွေချမှတ်သွားဖို့စီစဉ်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းအတွက် ပေါင်သန်း(၁၀၀)အထိပေးပြီးတော့ ကစားသမားတချို့အလိုက်ပေးကမ်းလှမ်းဖို့အသင့်ရှိနေပေမယ့်လည်း စပါးအသင်းက ပေါင်သန်း(၁၆၀)အထိသတ်မှတ်ထားပြီး ဘယ်လိုအကြောင်းနဲ့မှ အဲဒီစျေးကို လျှော့ပေးသွားမှာမဟုတ်ပါဘူး။

ဟယ်ရီကိန်းနဲ့လီဗိုင်တို့ဟာ အသင်းပြောင်းရွှေ့ခွင့်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရနားလည်မှု(‘gentleman’s agreement’)ရထားပေမယ့် လီဗိုင်းက သူ့ကတိကို မတည်လို့ ဟယ်ရီကိန်းဟာ မကျေမနပ်ဖြစ်နေတာပါ။

ဟယ်ရီကိန်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ယောက်က “ဟယ်ရီကိန်း နားလည်ထားတာက သူ အသင်းပြောင်းချင်ရင် ကလပ်အသင်းက ခွင့်ပြုချက်ပေးမယ်ဆိုတာပါပဲ။

အခုအချိန်မှာတော့ လီဗိုင်တို့လူစုက ဟိုလိုလိုဒီလိုလိုတွေလုပ်နေကြတာဖြစ်ပါတယ်”လို့ The Sun သတင်းစာကို အသိပေးပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ စပါးအသင်းက ဟယ်ရီကိန်းနဲ့ဘာသဘောတူညီချက်မှ မရှိထားဘူးလို့ဆိုခဲ့ပြီး အသင်းဆီအကြောင်းကြားဖို့ပျက်ကွက်ခဲ့တာက စာချုပ်ပါစည်းကမ်းတွေကို ချိုးဖောက်ရာကျတဲ့အတွက် ဒဏ်ငွေချမှတ်သွားဖို့စီစဉ်နေတာဖြစ်သလို အသင်းနဲ့မပူးပေါင်းမချင်း တစ်ရက်ချင်းစီ ဒဏ်ငွေသတ်မှတ်သွားဖို့ရှိနေပါပြီ။

လီဗိုင်ဟာ အခုတစ်ပတ်အတွင်း ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပေမယ့် အခု ဟယ်ရီကိန်းရဲ့လုပ်ရပ်ကြောင့် တွေ့ဆုံဖို့မဖြစ်နိုင်တော့ဘဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ပိုတင်းမာလာမယ့်အနေအထားဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းနဲ႔ျပန္လည္ပူးေပါင္းဖို႔ ပ်က္ကြက္ခဲ့တဲ့ ဟယ္ရီကိန္းကို စပါးအသင္း ဒဏ္ေငြခ်မွတ္သြားဖို႔ရွိေန

စပါးအသင္းနဲ႔ဟယ္ရီကိန္းတို႔ၾကားက အေျပာင္းအေ႐ႊ႕တိုက္ပြဲက စတင္ျပင္းထန္ေနၿပီျဖစ္ၿပီး ဟယ္ရီကိန္းဟာ မေန႔တုန္းက စပါးအသင္းနဲ႔ပူးေပါင္းဖို႔အတြက္ အသင္းဆီအေၾကာင္းၾကားရမွာျဖစ္ေပမယ့္ ပ်က္ကြက္ခဲ့သလို မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕အေစာပိုင္းကတည္းက ဆုဖလားေတြရယူႏိုင္ဖို႔အတြက္ အသင္းႀကီးတစ္သင္းဆီေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ စပါးအသင္းကို အသိေပးအေၾကာင္းၾကားခဲ့ၿပီးျဖစ္တဲ့အျပင္ ဥကၠဌလီဗိုင္ကလည္း သူ႔ကို အသင္းေျပာင္းခြင့္ေပးထားၿပီး အခုအခ်ိန္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းက ႀကိဳးပမ္းေနေပမယ့္ စပါးအသင္းက လက္မခံျဖစ္ေနတာပါ။

အဲဒါေၾကာင့္ ဟယ္ရီကိန္းဟာ စပါးအသင္းကို ဆႏၵျပတဲ့အေနနဲ႔ အသင္းနဲ႔ပူးေပါင္းဖို႔ပ်က္ကြက္ခဲ့တာျဖစ္ၿပီး ဟယ္ရီကိန္းရဲ႕လုပ္ရပ္အေပၚ စပါးအသင္းက စိတ္ပ်က္ေဒါသထြက္ေနသလို ဒဏ္ေငြခ်မွတ္သြားဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ဟယ္ရီကိန္းအတြက္ ေပါင္သန္း(၁၀၀)အထိေပးၿပီးေတာ့ ကစားသမားတခ်ိဳ႕အလိုက္ေပးကမ္းလွမ္းဖို႔အသင့္ရွိေနေပမယ့္လည္း စပါးအသင္းက ေပါင္သန္း(၁၆၀)အထိသတ္မွတ္ထားၿပီး ဘယ္လိုအေၾကာင္းနဲ႔မွ အဲဒီေစ်းကို ေလွ်ာ့ေပးသြားမွာမဟုတ္ပါဘူး။

ဟယ္ရီကိန္းနဲ႔လီဗိုင္တို႔ဟာ အသင္းေျပာင္းေ႐ႊ႕ခြင့္နဲ႔ပတ္သက္ၿပီး ပုဂၢိဳလ္ေရးအရနားလည္မႈ(‘gentleman’s agreement’)ရထားေပမယ့္ လီဗိုင္းက သူ႔ကတိကို မတည္လို႔ ဟယ္ရီကိန္းဟာ မေက်မနပ္ျဖစ္ေနတာပါ။ ဟယ္ရီကိန္းနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းက လူတစ္ေယာက္က “ဟယ္ရီကိန္း နားလည္ထားတာက သူ အသင္းေျပာင္းခ်င္ရင္ ကလပ္အသင္းက ခြင့္ျပဳခ်က္ေပးမယ္ဆိုတာပါပဲ။

အခုအခ်ိန္မွာေတာ့ လီဗိုင္တို႔လူစုက ဟိုလိုလိုဒီလိုလိုေတြလုပ္ေနၾကတာျဖစ္ပါတယ္”လို႔ The Sun သတင္းစာကို အသိေပးေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ စပါးအသင္းက ဟယ္ရီကိန္းနဲ႔ဘာသေဘာတူညီခ်က္မွ မရွိထားဘူးလို႔ဆိုခဲ့ၿပီး အသင္းဆီအေၾကာင္းၾကားဖို႔ပ်က္ကြက္ခဲ့တာက စာခ်ဳပ္ပါစည္းကမ္းေတြကို ခ်ိဳးေဖာက္ရာက်တဲ့အတြက္ ဒဏ္ေငြခ်မွတ္သြားဖို႔စီစဥ္ေနတာျဖစ္သလို အသင္းနဲ႔မပူးေပါင္းမခ်င္း တစ္ရက္ခ်င္းစီ ဒဏ္ေငြသတ္မွတ္သြားဖို႔ရွိေနပါၿပီ။ လီဗိုင္ဟာ အခုတစ္ပတ္အတြင္း ဟယ္ရီကိန္းရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ ႏွစ္ဦးႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးဖို႔စီစဥ္ထားေပမယ့္ အခု ဟယ္ရီကိန္းရဲ႕လုပ္ရပ္ေၾကာင့္ ေတြ႕ဆုံဖို႔မျဖစ္ႏိုင္ေတာ့ဘဲ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကလည္း ပိုတင္းမာလာမယ့္အေနအထားျဖစ္ေနပါတယ္။