အသင်းနဲ့ပတ်သက်သူအားလုံး စည်းလုံးညီညွတ်ကြဖို့ ဆီမြွန်နီတိုက်တွန်း

MADRID, SPAIN - APRIL 15: Antoine Greizmann of Atletico de Madrid celebrates with teammates and Manager, Diego Simeone of Atletico de Madrid after scoring his team's second goal during the La Liga match between Atletico Madrid and Levante at Wanda Metropolitano stadium on April 15, 2018 in Madrid, Spain. (Photo by Denis Doyle/Getty Images)
PC ; Internet

အသင်းမှာရှိတဲ့သူအားလုံး တူညီတဲ့လမ်းကြောင်းတစ်ခုတည်းအတွက် စည်းလုံးညီညွတ်ကြဖို့ အက်သလက်တီကိုနည်းပြဆီမြွန်နီက ဘီလ်ဘာအိုကိုအနိုင်ရတဲ့ပွဲအပြီးမှာ ဆော်သြလိုက်ပါတယ်။အဲဒီပွဲစဉ်မှာ အက်သလက်ဟာ ဆောနီဂွက်ဇ်၊မိုရာတာတို့ရဲ့ဂိုးတွေနဲ့အနိုင်ရပြီး လာလီဂါ ၃ပွဲဆက်သရေကျမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။တစ်နည်းအားဖြင့် ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်မှာ လေဗာကူဆင်ကိုအနိုင်ရထားတဲ့ သူတို့အတွက် ၂ပွဲဆက်အနိုင်ဖြစ်ခဲ့ပြီး ဖိအားတွေကိုလျှော့ချနိုင်ခဲ့တာပါ။

PC ; Internet

အက်သလက်ပရိသတ်အချို့က ချန်ပီယံလိဂ်ပွဲမှာ ကိုကီကိုလှောင်ပြောင်ခဲ့ကြပေမယ့် ဘီလ်ဘာအိုနဲ့ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မှာတော့ ကိုကီကိုနွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။“ ကျွန်တော်တို့ ထာဝရအတူရှိနေဖို့ပါပဲ။ကျွန်တော်တို့ဟာ ကစားသမားသစ်တွေများစွာနဲ့ အသင်းသစ်တစ်သင်းပါ။ဥပမာအနေနဲ့ပြောရရင် ဒီနေ့မှာလူသစ်တွေ အမာခံပွဲထုတ်ခဲ့ရတယ်။ကျွန်တော်တို့ရဲ့အင်အားက ဘာလဲဆိုတာနားလည်ပါတယ်။

PC ; Internet

ပရိသတ်တွေ၊ဒါရိုက်တာတွေ၊ကစားသမားတွေ၊နည်းပြတွေ အားလုံးကိုလိုအပ်ပါတယ်။ကိုကီအတွက် ဆိုးရွားတဲ့ပွဲတွေရှိခဲ့နိုင်ပါတယ်။ဒါပေမဲ့ ဒီနေရာမှာ သူအမြဲတမ်းရှိနေခဲ့တယ်။သူဟာ အသင်းအတွက်အရေးပါနေပါတယ်။ပရိသတ်တွေကတော့ ထပ်ပြီး အံ့မခန်းနိုင်ဖြစ်ခဲ့ရတယ်။သူတို့ဟာ အကောင်းဆုံးဝန်းရံသူတွေပါ။၃ပွဲမှာ ၁၈၀၀၀၀ လာရောက်ခဲ့ကြတယ်။

PC ; Internet

၇ပွဲ ဒါမှမဟုတ် ၉ပွဲလောက် ဒီလိုလာအားပေးဖို့ မလွယ်ပါဘူး။ဒါပေမဲ့ သူတို့ကတော့ အမြဲပဲရောက်လာခဲ့ကြတယ်။အမြဲတမ်းမဟုတ်ရင်တောင် နှိမ့်ချမှုတွေနဲ့အတူ ကျွန်တော်တို့ အကောင်းဆုံးတွေပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်” လို့ဆီမြွန်နီက ပြောဆိုသွားပါတယ်။ဒီနိုင်ပွဲကြောင့် အက်သလက်ဟာ တစ်ပွဲကစားဖို့ကျန်နေတဲ့ အမှတ်ပေးဇယားထိပ်ကဘာစီလိုနာနဲ့ရမှတ်တူ ဒုတိယနေရာကိုရောက်ရှိသွားခဲ့ပါတယ်။

(zawgyi)

အသင္းမွာရွိတဲ့သူအားလံုး တူညီတဲ့လမ္းေၾကာင္းတစ္ခုတည္းအတြက္ စည္းလံုးညီညြတ္ၾကဖို႔ အက္သလက္တီကိုနည္းျပဆီျမြန္နီက ဘီလ္ဘာအိုကိုအႏိုင္ရတဲ့ပြဲအၿပီးမွာ ေဆာ္ၾသလိုက္ပါတယ္။အဲဒီပြဲစဥ္မွာ အက္သလက္ဟာ ေဆာနီဂြက္ဇ္၊မိုရာတာတို႔ရဲ႕ဂိုးေတြနဲ႔အႏိုင္ရၿပီး လာလီဂါ ၃ပြဲဆက္သေရက်မႈကို အဆံုးသတ္ႏိုင္ခဲ့ပါတယ္။တစ္နည္းအားျဖင့္ ၾကားရက္ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေလဗာကူဆင္ကိုအႏိုင္ရထားတဲ့ သူတို႔အတြက္ ၂ပြဲဆက္အႏိုင္ျဖစ္ခဲ့ၿပီး ဖိအားေတြကိုေလွ်ာ့ခ်ႏိုင္ခဲ့တာပါ။အက္သလက္ပရိသတ္အခ်ိဳ႔က ခ်န္ပီယံလိဂ္ပြဲမွာ ကိုကီကိုေလွာင္ေျပာင္ခဲ့ၾကေပမယ့္ ဘီလ္ဘာအိုနဲ႔ပြဲမစခင္ ေသြးပူေလ့က်င့္ခန္းလုပ္ေနစဥ္မွာေတာ့ ကိုကီကိုေႏြးေထြးစြာႀကိဳဆိုခဲ့ၾကပါတယ္။“ ကၽြန္ေတာ္တို႔ ထာ၀ရအတူရွိေနဖို႔ပါပဲ။ကၽြန္ေတာ္တို႔ဟာ ကစားသမားသစ္ေတြမ်ားစြာနဲ႔ အသင္းသစ္တစ္သင္းပါ။ဥပမာအေနနဲ႔ေျပာရရင္ ဒီေန႔မွာလူသစ္ေတြ အမာခံပြဲထုတ္ခဲ့ရတယ္။ကၽြန္ေတာ္တို႔ရဲ႕အင္အားက ဘာလဲဆိုတာနားလည္ပါတယ္။ပရိသတ္ေတြ၊ဒါရိုက္တာေတြ၊ကစားသမားေတြ၊နည္းျပေတြ အားလံုးကိုလိုအပ္ပါတယ္။ကိုကီအတြက္ ဆိုးရြားတဲ့ပြဲေတြရွိခဲ့ႏိုင္ပါတယ္။ဒါေပမဲ့ ဒီေနရာမွာ သူအၿမဲတမ္းရွိေနခဲ့တယ္။သူဟာ အသင္းအတြက္အေရးပါေနပါတယ္။ပရိသတ္ေတြကေတာ့ ထပ္ၿပီး အံ့မခန္းႏိုင္ျဖစ္ခဲ့ရတယ္။သူတို႔ဟာ အေကာင္းဆံုး၀န္းရံသူေတြပါ။၃ပြဲမွာ ၁၈၀၀၀၀ လာေရာက္ခဲ့ၾကတယ္။၇ပြဲ ဒါမွမဟုတ္ ၉ပြဲေလာက္ ဒီလိုလာအားေပးဖို႔ မလြယ္ပါဘူး။ဒါေပမဲ့ သူတို႔ကေတာ့ အၿမဲပဲေရာက္လာခဲ့ၾကတယ္။အၿမဲတမ္းမဟုတ္ရင္ေတာင္ ႏွိမ့္ခ်မႈေတြနဲ႔အတူ ကၽြန္ေတာ္တို႔ အေကာင္းဆံုးေတြေပးႏိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္” လို႔ဆီျမြန္နီက ေျပာဆိုသြားပါတယ္။ဒီႏိုင္ပြဲေၾကာင့္ အက္သလက္ဟာ တစ္ပြဲကစားဖို႔က်န္ေနတဲ့ အမွတ္ေပးဇယားထိပ္ကဘာစီလိုနာနဲ႔ရမွတ္တူ ဒုတိယေနရာကိုေရာက္ရွိသြားခဲ့ပါတယ္။