

နိုင်ငံတကာတင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Davis Cup မှာ ပီကေးပါဝင်ပတ်သက်မှုဟာ ဘာစီလိုနာရဲ့စွမ်းဆောင်မှုအတွက် ဘာမှမထိခိုက်ပေမယ့် ကာယကံရှင်အနေနဲ့တော့ သူ့ရဲ့စီးပွားရေးနဲ့ကစားသမားဘဝကြားမှာ သေချာတဲ့အာရုံစိုက်မှုရှိရမယ်လို့ နည်းပြဗယ်ဗာဒီက သတိပေးလိုက်ပါတယ်။တကယ်လို့ မိခင်ကလပ်အပေါ်အာရုံစိုက်မှုမရှိရင် လာမယ့်လီဂါနက်စ်နဲ့လာလီဂါပွဲစဉ်မှာ ပီကေးပါဝင်ကစားမှာမဟုတ်ဘူးလို့ ဗယ်ဗာဒီကဖွင့်ဟလိုက်တာပါ။ဘာစီလိုနာဗဟိုနောက်ခံလူဟာ Davis Cup ပြိုင်ပွဲကျင်းပရာ မက်ဒရစ်မှာ သူ့ရဲ့အချိန်အများစုကိုကုန်ဆုံးနေစေပါတယ်။

အကြောင်းကတော့ သူတည်ထောင်ထားတဲ့ အားကစားနဲ့မီဒီယာရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Kosmos Holding ဟာ Davis Cup ပြိုင်ပွဲရဲ့အဓိကစီစဉ်သူဖြစ်နေလို့ပါပဲ။ Kosmos Holding ဟာ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်(ITF)နဲ့ ၂၅နှစ်တာ အကျိုးတူပူးပေါင်းခွင့်ရပြီးတဲ့နောက် Davis Cup ပြိုင်ပွဲအတွက် ကန်ဒေါ်လာ ၃ဘီလီယံ ပံ့ပိုးထားပါတယ်။ဒါကြောင့် Kosmos Holding ရဲ့တည်ထောင်သူလည်းဖြစ် ဥက္ကဌနေရာလည်းရယူထားတဲ့ ပီကေးတစ်ယောက် အလုပ်များနေခဲ့တာပါ။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ပီကေးကိုကျွန်တော်ပြောပြီးပါပြီ။သူအာရုံစူးစိုက်နေတာကိုလည်း ကျွန်တော်မြင်ပါတယ်။တကယ်လို့ သူ့နေရာမှာ အခြားတစ်ယောက် ကစားတာ မမြင်ချင်ဘူးဆိုရင် ဒီကိုအချိန်မီပြန်ရောက်လာပါလိမ့်မယ်။ကျွန်တော်တို့ လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။သူ့မှာ ဘောလုံးပြင်ပအကြောင်းကိစ္စတွေရှိနေပါတယ်။

တကယ်လို့ ဘောလုံးတစ်ခုတည်းကလွဲလို့ တစ်ခြားဘာမှမသိရင်လည်း ကစားသမားတွေဟာ အမြဲတမ်းအပြစ်တင်ခံရပါတယ်။ဒီတော့ ကျွန်တော်တို့ ခွင့်ပေးရင် သူသွားတာကိုတွေ့ရပါလိမ့်မယ်။တစ်ယောက်တည်း သွားခွင့်ပြုမှာပါ။စနေနေ့မှာ ကျွန်တော်တို့အတွက် အရေးကြီးပွဲစဉ်ရှိနေပါတယ် ” လို့ ဗယ်ဗာဒီက ပြောဆိုသွားခဲ့တာပါ။
(zawgyi)
ႏိုင္ငံတကာတင္းနစ္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Davis Cup မွာ ပီေကးပါ၀င္ပတ္သက္မႈဟာ ဘာစီလိုနာရဲ႕စြမ္းေဆာင္မႈအတြက္ ဘာမွမထိခိုက္ေပမယ့္ ကာယကံရွင္အေနနဲ႔ေတာ့ သူ႔ရဲ႕စီးပြားေရးနဲ႔ကစားသမားဘ၀ၾကားမွာ ေသခ်ာတဲ့အာရံုစိုက္မႈရွိရမယ္လို႔ နည္းျပဗယ္ဗာဒီက သတိေပးလိုက္ပါတယ္။တကယ္လို႔ မိခင္ကလပ္အေပၚအာရံုစိုက္မႈမရွိရင္ လာမယ့္လီဂါနက္စ္နဲ႔လာလီဂါပြဲစဥ္မွာ ပီေကးပါ၀င္ကစားမွာမဟုတ္ဘူးလို႔ ဗယ္ဗာဒီကဖြင့္ဟလိုက္တာပါ။ဘာစီလိုနာဗဟိုေနာက္ခံလူဟာ Davis Cup ၿပိဳင္ပြဲက်င္းပရာ မက္ဒရစ္မွာ သူ႔ရဲ႕အခ်ိန္အမ်ားစုကိုကုန္ဆံုးေနေစပါတယ္။အေၾကာင္းကေတာ့ သူတည္ေထာင္ထားတဲ့ အားကစားနဲ႔မီဒီယာရင္းႏွီးျမဳပ္ႏွံမႈကုမၸဏီ Kosmos Holding ဟာ Davis Cup ၿပိဳင္ပြဲရဲ႕အဓိကစီစဥ္သူျဖစ္ေနလို႔ပါပဲ။ Kosmos Holding ဟာ ႏိုင္ငံတကာတင္းနစ္အဖြဲ႔ခ်ဳပ္(ITF)နဲ႔ ၂၅ႏွစ္တာ အက်ိဳးတူပူးေပါင္းခြင့္ရၿပီးတဲ့ေနာက္ Davis Cup ၿပိဳင္ပြဲအတြက္ ကန္ေဒၚလာ ၃ဘီလီယံ ပံ့ပိုးထားပါတယ္။ဒါေၾကာင့္ Kosmos Holding ရဲ႕တည္ေထာင္သူလည္းျဖစ္ ဥကၠဌေနရာလည္းရယူထားတဲ့ ပီေကးတစ္ေယာက္ အလုပ္မ်ားေနခဲ့တာပါ။“ ဒီကိစၥနဲ႔ပတ္သက္ၿပီး ပီေကးကိုကၽြန္ေတာ္ေျပာၿပီးပါၿပီ။သူအာရံုစူးစိုက္ေနတာကိုလည္း ကၽြန္ေတာ္ျမင္ပါတယ္။တကယ္လို႔ သူ႔ေနရာမွာ အျခားတစ္ေယာက္ ကစားတာ မျမင္ခ်င္ဘူးဆိုရင္ ဒီကိုအခ်ိန္မီျပန္ေရာက္လာပါလိမ့္မယ္။ကၽြန္ေတာ္တို႔ လူစာရင္းမွာ ပါ၀င္လာပါလိမ့္မယ္။သူ႔မွာ ေဘာလံုးျပင္ပအေၾကာင္းကိစၥေတြရွိေနပါတယ္။တကယ္လို႔ ေဘာလံုးတစ္ခုတည္းကလြဲလို႔ တစ္ျခားဘာမွမသိရင္လည္း ကစားသမားေတြဟာ အၿမဲတမ္းအျပစ္တင္ခံရပါတယ္။ဒီေတာ့ ကၽြန္ေတာ္တို႔ ခြင့္ေပးရင္ သူသြားတာကိုေတြ႔ရပါလိမ့္မယ္။တစ္ေယာက္တည္း သြားခြင့္ျပဳမွာပါ။စေနေန႔မွာ ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးပြဲစဥ္ရွိေနပါတယ္ ” လို႔ ဗယ္ဗာဒီက ေျပာဆိုသြားခဲ့တာပါ။