အသင်းနဲ့စာချုပ်သက်တမ်းတိုးပြီး နာရီပိုင်းအကြာမှာပဲ QPR ကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ အသင်းနဲ့ (၃)နှစ်စာချုပ်သက်တမ်းတိုးပြီး နာရီပိုင်းအကြာ လိဂ်ချန်ပီယံရှစ်ကလပ် QPR နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ (၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့လို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆိုးလ်ရှားကို သက်တမ်းတိုးတာမှားပြီလားလို့တောင် သံသယဖြစ်နေလောက်ပါပြီ။

QPR နဲ့ပွဲမှာ ယူနိုက်တက်အသင်းရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ လင်ဂတ်၊ ဒန်နီယဲလ်ဂျိမ်းစ်၊ ဂရင်းဝုဒ်၊ ပါရဲရား၊ မာတစ်၊ ဘစ်ဆာကာတို့ ပါဝင်ကစားခဲ့ပြီး ကျန်တဲ့နေရာမှာ ပယ်လစ်စထရီ၊ ဘရန်ဒန်ဝီလီယံစ်၊ တွမ်ဇီဘီ၊ မန်ဂီနဲ့ ဂိုးသမားတွမ်ဟီတန်တို့ ပွဲထွက်ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒါဘီနဲ့ပွဲတုန်းက စိတ်ကျေနပ်စရာခြေစွမ်းမျိုးပြသခဲ့တဲ့ လင်ဂတ်ဟာ အခုပွဲမှာလည်း ပုံစံကောင်းဆက်ပြနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၃)မိနစ်မှာပဲ ပယ်လစ်စထရီပေးတာကနေ ပိတ်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ မိနစ်ပိုင်းလောက်အကြာမှာပဲ QPR အသင်း ချေပဂိုးပြန်ရခဲ့ပြီး ဘယ်ခြမ်းက ဝေါလေ့စ် တင်ပေးလိုက်တာကို ၀ါရင့်တိုက်စစ်မှူး ချာလီအော်စတင်က အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းခံစစ်ရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့အတူ (၇)မိနစ်လောက်အတွင်းမှာ (၃)ဂိုးဆက်တိုက်ပေးခဲ့ရပြီး

(၅၃)မိနစ်မှာ လင်ဒန်ဒိုက်စ်၊ (၅၈)မိနစ်မှာ အိုဒူဘာဂျိုနဲ့ (၅၉)မိနစ်မှာ လင်ဒန်ဒိုက်စ်ကပဲ ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာကြောင့် QPR အသင်း (၄-၁)ဂိုးနဲ့ ယူနိုက်တက်အသင်းကို ဦးဆောင်ကစားခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို (၇၃)မိနစ်မှာ ရှိုရီတီယာရဲ့ဖန်တီးမှုကနေ လူငယ်တိုက်စစ်ကစားသမားအီလန်ဂါက သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်အသင်း(၄-၂)ဂိုးရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ခဲ့တဲ့ ဆိုးလ်ရှားအတွက် မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။

ပွဲချိန်တစ်လျှောက်မှာ QPR ပရိသတ်တွေက “ယူနိုက်တက်အသင်းနဲ့ပဲ အပတ်တိုင်းကစားလို့မရဘူးလား”လို့ လှောင်ပြောင်ခဲ့ကြပြီး ဆိုးလ်ရှားကတော့ ရာသီကြိုခြေစမ်းပွဲမှာပဲ စိတ်ပျက်စရာမှတ်တမ်းဆိုးနဲ့ စတင်ရင်ဆိုင်ခဲ့ရပြီဖြစ်သလို

၁၉၉၂ ခုနှစ်နောက်ပိုင်းကတည်းက ပြိုင်ပွဲစုံ(၁၇)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ QPR အသင်းကို အခု ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးၿပီး နာရီပိုင္းအၾကာမွာပဲ QPR ကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ အသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္သက္တမ္းတိုးၿပီး နာရီပိုင္းအၾကာ လိဂ္ခ်န္ပီယံရွစ္ကလပ္ QPR နဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ (၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့လို႔ အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဆိုးလ္ရွားကို သက္တမ္းတိုးတာမွားၿပီလားလို႔ေတာင္ သံသယျဖစ္ေနေလာက္ပါၿပီ။ QPR နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ စီနီယာကစားသမားေတြျဖစ္တဲ့ လင္ဂတ္၊ ဒန္နီယဲလ္ဂ်ိမ္းစ္၊ ဂရင္းဝုဒ္၊ ပါရဲရား၊ မာတစ္၊ ဘစ္ဆာကာတို႔ ပါဝင္ကစားခဲ့ၿပီး က်န္တဲ့ေနရာမွာ ပယ္လစ္စထရီ၊ ဘရန္ဒန္ဝီလီယံစ္၊ တြမ္ဇီဘီ၊ မန္ဂီနဲ႔ ဂိုးသမားတြမ္ဟီတန္တို႔ ပြဲထြက္ကစားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဒါဘီနဲ႔ပြဲတုန္းက စိတ္ေက်နပ္စရာေျခစြမ္းမ်ိဳးျပသခဲ့တဲ့ လင္ဂတ္ဟာ အခုပြဲမွာလည္း ပုံစံေကာင္းဆက္ျပႏိုင္ခဲ့ၿပီး ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ပြဲအစ(၃)မိနစ္မွာပဲ ပယ္လစ္စထရီေပးတာကေန ပိတ္သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ မိနစ္ပိုင္းေလာက္အၾကာမွာပဲ QPR အသင္း ေခ်ပဂိုးျပန္ရခဲ့ၿပီး ဘယ္ျခမ္းက ေဝါေလ့စ္ တင္ေပးလိုက္တာကို ၀ါရင့္တိုက္စစ္မႉး ခ်ာလီေအာ္စတင္က အပိုင္ေခါင္းတိုက္သြင္းယူခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းခံစစ္ရဲ႕ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္နဲ႔အတူ (၇)မိနစ္ေလာက္အတြင္းမွာ (၃)ဂိုးဆက္တိုက္ေပးခဲ့ရၿပီး (၅၃)မိနစ္မွာ လင္ဒန္ဒိုက္စ္၊ (၅၈)မိနစ္မွာ အိုဒူဘာဂ်ိဳနဲ႔ (၅၉)မိနစ္မွာ လင္ဒန္ဒိုက္စ္ကပဲ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာေၾကာင့္ QPR အသင္း (၄-၁)ဂိုးနဲ႔ ယူႏိုက္တက္အသင္းကို ဦးေဆာင္ကစားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ဒုတိယေျမာက္ေခ်ပဂိုးကို (၇၃)မိနစ္မွာ ရႈိရီတီယာရဲ႕ဖန္တီးမႈကေန လူငယ္တိုက္စစ္ကစားသမားအီလန္ဂါက သြင္းယူခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ယူႏိုက္တက္အသင္း(၄-၂)ဂိုးရလဒ္နဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တဲ့ ဆိုးလ္ရွားအတြက္ မ်က္ႏွာပန္းမလွျဖစ္ခဲ့ရပါတယ္။ ပြဲခ်ိန္တစ္ေလွ်ာက္မွာ QPR ပရိသတ္ေတြက “ယူႏိုက္တက္အသင္းနဲ႔ပဲ အပတ္တိုင္းကစားလို႔မရဘူးလား”လို႔ ေလွာင္ေျပာင္ခဲ့ၾကၿပီး ဆိုးလ္ရွားကေတာ့ ရာသီႀကိဳေျခစမ္းပြဲမွာပဲ စိတ္ပ်က္စရာမွတ္တမ္းဆိုးနဲ႔ စတင္ရင္ဆိုင္ခဲ့ရၿပီျဖစ္သလို ၁၉၉၂ ခုႏွစ္ေနာက္ပိုင္းကတည္းက ၿပိဳင္ပြဲစုံ(၁၇)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့တဲ့ QPR အသင္းကို အခု ပထမဆုံးအႀကိမ္ရႈံးနိမ့္ခဲ့ၿပီျဖစ္ပါတယ္။