
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
PSG အသင်းရဲ့ ပြင်သစ်နာမည်ကျော်တိုက်စစ်ကစားသမားဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးဆိုပြီး နည်းပြပိုချက်တီနိုကို အသိပေးခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
၂၀၁၇ ခုနှစ်တုန်းက မိုနာကိုကနေ PSG အသင်းဆီရောက်ရှိခဲ့တဲ့ဘာပေဟာ အသင်းအတွက် (၁၇၁)ပွဲကစား၊ (၁၃၂)ဂိုးအထိသွင်းယူထားပြီး သူ့ရဲ့လက်ရှိစာချုပ်က လာမယ့်ရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပေမယ့် ဘာပေကောတ့ ၂၀၂၂ ခုနှစ်ကျော်တဲ့အထိ အသင်းမှာဆက်ကစားဖို့ ဆန္ဒမရှိဖြစ်နေတာပါ။
အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲပါဝင်ဆင်နွှဲခဲ့တာကြောင့် အားလပ်ရက်ပိုရခဲ့ပြီး အခုအချိန်မှာတော့ PSG အသင်းနဲ့ပြန်လည်ပူးပေါင်းနေပြီဖြစ်ပါတယ်။
စပိန်နာမည်ကျော်သတင်းစာ Marca က ဘာပေဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးမှာမဟုတ်တော့တဲ့အကြောင်းကို နည်းပြပိုချက်တီနိုကို အသိပေးခဲ့ပေမယ့် အသင်းကနေထွက်ခွာဖို့ အလောတကြီးဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဘာပေကို ခေါ်ယူဖို့ လာလီဂါထိပ်သီးရီးယဲလ်အသင်းက ပြီးခဲ့တဲ့နှစ်တွေကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး အခုသတင်းတွေအရ ရီးယဲလ်အသင်းအတွက်တော့ မျှော်လင့်ချက်ပိုရှိလာပြီလို့ပြောရမှာပါ။
PSG အသင်းကတော့ အခုအချိန်မှာ ဘာပေနဲ့ပတ်သက်လို့အကျပ်ရိုက်နေပြီး ဒီရာသီမှာဘာပေကို ဆက်ထိန်းမလား?
ဒါမှမဟုတ် လာမယ့်ရာသီကျရင် ပြောင်းရွှေ့ကြေးမရဘဲ အလွတ်နဲ့ဆုံးရှုံးခံမလား?
ဒါမှမဟုတ် အခုနွေရာသီအပြောင်းအရွှေ့မှာပဲ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ဘာပေကို ရောင်းချမလားဆိုတာ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။
PSG အသင်းဟာ ပြီးခဲ့တဲ့မေလတုန်းက အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ နေမာကို စာချုပ်သက်တမ်းတိုးခဲ့ပြီး ဘာပေကလည်းစာချုပ်သစ်ချုပ်ဆိုမယ်လို့ ယုံကြည်နေပေမယ့် ဘာပေက သူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဘာမှမဆုံးဖြတ်ရသေးဘူးလို့ ယူရို-၂၀၂ဝပြိုင်ပွဲမတိုင်ခင်ကတည်းက ဝန်ခံပြောဆိုခဲ့ပါတယ်။
PSG အသင်းအနေနဲ့ ဘာပေကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပေမယ့် တကယ်လို့ အဆင်မပြေခဲ့ရင်တော့ အခုနွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာပဲ ဘာပေကို မဖြစ်မနေရောင်းချရတော့မှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္ဘူးလို႔ ပိုခ်က္တီႏိုကို အသိေပးခဲ့တဲ့ ဘာေပ
PSG အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္တိုက္စစ္ကစားသမားဘာေပဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵမရွိဘူးဆိုၿပီး နည္းျပပိုခ်က္တီႏိုကို အသိေပးခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက မိုနာကိုကေန PSG အသင္းဆီေရာက္ရွိခဲ့တဲ့ဘာေပဟာ အသင္းအတြက္ (၁၇၁)ပြဲကစား၊ (၁၃၂)ဂိုးအထိသြင္းယူထားၿပီး သူ႔ရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္ရာသီကုန္က်ရင္ သက္တမ္းျပည့္မွာျဖစ္ေပမယ့္ ဘာေပေကာတ့ ၂၀၂၂ ခုႏွစ္ေက်ာ္တဲ့အထိ အသင္းမွာဆက္ကစားဖို႔ ဆႏၵမရွိျဖစ္ေနတာပါ။
အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘာေပဟာ ျပင္သစ္အသင္းနဲ႔အတူ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲပါဝင္ဆင္ႏႊဲခဲ့တာေၾကာင့္ အားလပ္ရက္ပိုရခဲ့ၿပီး အခုအခ်ိန္မွာေတာ့ PSG အသင္းနဲ႔ျပန္လည္ပူးေပါင္းေနၿပီျဖစ္ပါတယ္။ စပိန္နာမည္ေက်ာ္သတင္းစာ Marca က ဘာေပဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္ေတာ့တဲ့အေၾကာင္းကို နည္းျပပိုခ်က္တီႏိုကို အသိေပးခဲ့ေပမယ့္ အသင္းကေနထြက္ခြာဖို႔ အေလာတႀကီးေဆာင္႐ြက္သြားမွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။
ဘာေပကို ေခၚယူဖို႔ လာလီဂါထိပ္သီးရီးယဲလ္အသင္းက ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက စိတ္ဝင္စားေနတာျဖစ္ၿပီး အခုသတင္းေတြအရ ရီးယဲလ္အသင္းအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ပိုရွိလာၿပီလို႔ေျပာရမွာပါ။ PSG အသင္းကေတာ့ အခုအခ်ိန္မွာ ဘာေပနဲ႔ပတ္သက္လို႔အက်ပ္႐ိုက္ေနၿပီး ဒီရာသီမွာဘာေပကို ဆက္ထိန္းမလား ဒါမွမဟုတ္ လာမယ့္ရာသီက်ရင္ ေျပာင္းေ႐ႊ႕ေၾကးမရဘဲ အလြတ္နဲ႔ဆုံးရႈံးခံမလား ဒါမွမဟုတ္ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာပဲ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာေပကို ေရာင္းခ်မလားဆိုတာ ေ႐ြးခ်ယ္ရေတာ့မွာျဖစ္ပါတယ္။
PSG အသင္းဟာ ၿပီးခဲ့တဲ့ေမလတုန္းက အသင္းရဲ႕အဓိကတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ေနမာကို စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး ဘာေပကလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္လို႔ ယုံၾကည္ေနေပမယ့္ ဘာေပက သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးေတာ့ ဘာမွမဆုံးျဖတ္ရေသးဘူးလို႔ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမတိုင္ခင္ကတည္းက ဝန္ခံေျပာဆိုခဲ့ပါတယ္။ PSG အသင္းအေနနဲ႔ ဘာေပကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားမွာျဖစ္ေပမယ့္ တကယ္လို႔ အဆင္မေျပခဲ့ရင္ေတာ့ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မပိတ္ခင္မွာပဲ ဘာေပကို မျဖစ္မေနေရာင္းခ်ရေတာ့မွာလည္းျဖစ္ပါတယ္။