အသင်းနိုင် ကြေးရှုံးဖြစ်သွားပေမယ့် စံချိန်ကောင်း လိုက်မီနိုင်ခဲ့တဲ့ လီဗာပူး (လီဗာပူး ၂-၁ ဘရိုက်တန်)

Photo Credit

Photo Credit

အမှတ်ပေးဇယားထိပ်ဆုံးကနေ ပြေးနေတဲ့ လီဗာပူးဟာ ဒီပွဲမှာလည်း ဘရိုက်တန်ကို ဆက်လက်အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းရှုံးပွဲမရှိအရှည်ကြာဆုံံးစံချိန်ကို လိုက်မီနိုင်ခဲ့ပြီး အစောပိုင်းမှာ လက်ရှိချန်ပီယံ စီးတီးရဲ့ခြေချော်မှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဂိုးသမား အဲလစ်ဆန် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရလို့ နောက်ပိုင်းမိနစ်တွေမှာ အသည်းအသန်ကစားခဲ့ရပါတယ်။

Photo Credit

အစောပိုင်းမှာ လက်ရှိချန်ပီယံစီးတီးက နယူးကာဆယ်နဲ့ ၂-၂ ဂိုးသရေကျသွားလို့ လီဗာပူးအတွက် အကောင်းဆုံးတွန်းအားဖြစ်ခဲ့ပြီး ပွဲအစကတည်းက ဂိုးသွင်းခွင့်တွေဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ လီဗာပူးဟာ ပွဲကစားချိန် ၂၄ မိနစ်အတွင်းမှာပဲ ဗန်ဒိုက်ရဲ့ခေါင်းတိုက်သွင်းဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

ပြီးတော့ ဘရိုက်တန်ဂိုးသမားသာ လက်စွမ်းမပြနိုင်ခဲ့ရင် လီဗာပူးရဲ့ဦးဆောင်မှုက ၂အသာနဲ့မဟုတ်တော့ဘဲ ၄ဂိုးအသာနဲ့တောင်ဖြစ်သွားနိုင်ပါတယ်။ ဖာမီနိုနဲ့ မာနေးတို့ရဲ့အပိုင်ကန်သွင်းချက်၊ ပိတ်သွင်းချက်တွေ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် ဧည့်သည်ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ပွဲက အဲဒီလောက်မရိုးရှင်းဘဲ ပွဲချိန် ၇၆ မိနစ်မှာ ဂိုးဧရိယာအပြင်ဘက်မှာ လက်ထိဘောဖြစ်သွားတဲ့လီဗာပူးဂိုးသမား အဲလစ်ဆန် တိုက်ရိုက်အနီကတ်နဲ့ ပြသခံခဲ့ရပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို ကာကွယ်ဖို့ လူစားဝင်ဂိုးသမား အက်ဒရီယန် သူ့လူတွေကို အော်ဟစ်ညွှန်ကြားနေတုန်း ဘရိုက်တန်နောက်ခံလူ ဒန့်ခ်က ညာဘက်မှာ လွတ်နေတဲ့ဂိုးပေါက်ထဲ အသာကန်သွင်းယူနိုင်ခဲ့လို့ ချေပဂိုးတစ်ဂိုးရခဲ့ပါတယ်။

Photo Credit

ဒီပွဲမှာ ထူးခြားတာက လီဗာပူးရသွားတဲ့ ၂ဂိုးစလုံးကို ခံစစ်သမားတွေကချည်း ပူးပေါင်းရယူပေးသွားတာဖြစ်ပြီး နောက်ထပ်ထူးခြားတာက ဗန်ဒိုက်ရဲ့ခေါင်းတိုက်သွင်းဂိုး ၂ဂိုးစလုံးကို ဖန်တီးပေးခဲ့တာကလည်း ညာနောက်ခံလူ အာနိုးလ်ဖြစ်နေပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ အနိုင်ရခဲ့လို့ ၁၉၈၇ မေလကနေ ၁၉၈၈ မတ်လအထိ လိဂ် ၃၁ပွဲဆက်မှတ်တမ်းနဲ့အတူ အသင်းသမိုင်းတစ်လျှောက် လိဂ်ရှုံးပွဲမရှိအရည်ကြာဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

အသင္းႏုိင္ ေၾကး႐ံႈးျဖစ္သြားေပမယ့္ စံခ်ိန္ေကာင္း လုိက္မီႏိုင္ခဲ့တဲ့ လီဗာပူး (လီဗာပူး ၂-၁ ဘ႐ိုက္တန္)

အမွတ္ေပးဇယားထိပ္ဆုံးကေန ေျပးေနတဲ့ လီဗာပူးဟာ ဒီပြဲမွာလည္း ဘ႐ိုက္တန္ကို ဆက္လက္အႏိုင္ယူကာ အသင္း သမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္း႐ံႈးပြဲမရွိအရွည္ၾကာဆုံံးစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ၿပီး အေစာပုိင္းမွာ လက္ရွိခ်န္ပီယံ စီးတီး ရဲ႕ေျခေခ်ာ္မႈကို အေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ဂိုးသမား အဲလစ္ဆန္ တုိက္႐ိုက္အနီကတ္ျပသခံခဲ့ရလုိ႔ ေနာက္ပိုင္းမိနစ္ေတြမွာ အသည္းအသန္ကစားခ့ဲရပါတယ္။

အေစာပိုင္းမွာ လက္ရွိခ်န္ပီယံစီးတီးက နယူးကာဆယ္နဲ႔ ၂-၂ ဂိုးသေရက်သြားလုိ႔ လီဗာပူးအတြက္ အေကာင္းဆုံးတြန္း အား ျဖစ္ခဲ့ၿပီး ပဲြအစကတည္းက ဂိုးသြင္းခြင့္ေတြဖန္တီးႏိုင္ခဲ့ပါတယ္။ အဲဲဒီအတြက္ေၾကာင့္ပဲ လီဗာပူးဟာ ပြဲကစားခ်ိန္ ၂၄ မိနစ္အတြင္းမွာပဲ ဗန္ဒုိက္ရဲ႕ေခါင္းတုိက္သြင္းဂိုးေတြေၾကာင့္ ၂-၀ ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ ဘ႐ိုက္တန္ ဂိုးသမားသာ လက္စြမ္းမျပႏိုင္ခဲ့ရင္ လီဗာပူးရဲ႕ဦးေဆာင္မႈက ၂အသာနဲ႔မဟုတ္ေတာ့ဘဲ ၄ဂိုးအသာနဲ႔ေတာင္ ျဖစ္သြားႏိုင္ ပါတယ္။ ဖာမီႏိုနဲ႔ မာေနးတုိ႔ရဲ႕အပုိင္ကန္သြင္းခ်က္၊ ပိတ္သြင္းခ်က္ေတြ ဂိုးရလုနီးပါးျဖစ္ခဲ့ေပမယ့္ ဧည့္သည္ဂုိးသမား လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ပဲြက အဲဒီေလာက္မ႐ုိးရွင္းဘဲ ပြဲခ်ိန္ ၇၆ မိနစ္မွာ ဂိုးဧရိယာအျပင္ဘက္မွာ လက္ထိေဘာျဖစ္သြားတဲ့ လီဗာပူး ဂိုးသမား အဲလစ္ဆန္ တုိက္႐ိုက္အနီကတ္နဲ႔ ျပသခံခဲ့ရပါတယ္။ အဲဒီျပစ္ဒဏ္ေဘာကို ကာကြယ္ဖို႔ လူစား၀င္ဂိုးသမား အက္ဒရီယန္ သူ႕လူေတြကို ေအာ္ဟစ္ညႊန္ၾကားေနတုန္း ဘ႐ိုက္တန္ေနာက္ခံလူ ဒန္႔ခ္က ညာဘက္မွာ လြတ္ေနတဲ့ ဂိုးေပါက္ထဲ အသာကန္သြင္းယူနုိင္ခဲ့လုိ႔ ေခ်ပဂိုးတစ္ဂိုးရခဲ့ပါတယ္။

ဒီပြဲမွာထူးျခားတာက လီဗာပူးရသြားတဲ့ ၂ဂိုးစလုံးကို ခံစစ္သမားေတြကခ်ည္း ပူးေပါင္းရယူေပးသြားတာျဖစ္ၿပီး ေနာက္ထပ္ ထူးျခားတာက ဗန္ဒုိက္ရဲ႕ေခါင္းတုိက္သြင္းဂိုး ၂ဂိုးစလုံးကို ဖန္တီးေပးခဲ့တာကလည္း ညာေနာက္ခံလူ အာႏိုးလ္ျဖစ္ေနပါ တယ္။ လီဗာပူးဟာ ဒီပြဲမွာ အႏိုင္ရခဲ့လို႔ ၁၉၈၇ ေမလကေန ၁၉၈၈ မတ္လအထိ လိဂ္ ၃၁ပဲြဆက္ မွတ္တမ္းနဲ႔အတူ အသင္းသမုိင္းတစ္ေလွ်ာက္ လိဂ္႐ံႈးပဲြမရွိအရည္ၾကာဆုံးစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ပါတယ္။