





အင်္ဂါညက ကစားခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်းအဆင့် ပွဲစဉ်မှာ
အသင်းငယ် လေး ကက်ဆဲလ်ကို တစ်ယောက်တည်း ၅ ဂိုးသွင်းနိုင်ခဲ့တဲ့





ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ပြင်သစ်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်
သမိုင်းတစ်လျှောက် တစ်ပွဲတည်းနဲ့ ၅ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး
ကစားသမားဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်းဆောင်အဖြစ်





ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ဗွေဆော်ဦးပွဲမှာ ပြင်သစ်တိုက်စစ်မှူးဟာ
ပြိုင်ဘက်အသင်းကို အထာမထားဘဲ ရသမျှ ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပြီး





၁၁ မိနစ်အတွင်းမှာ ဟက်ထရစ်ဂိုးလည်း သွင်းနိုင်ခဲ့တယ်။
ပီအက်စ်ဂျီဟာ ကက်ဆဲလ်ကို ၇-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး
နေမာနဲ့ ဆိုလာတို့လည်း တစ်ဂိုးစီ သွင်းနိုင်ခဲ့ကြပါတယ်။





ပီအက်စ်ဂျီနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အသင်းငယ်လေး ကက်ဆဲလ်ဟာဆိုရင်
ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်ကမှ တရားဝင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး





ဘောလုံးအတွေ့အကြုံ နုနယ်သေးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။
ဒါကြောင့် အမ်ဘာပေကတော့ ဒီပွဲမှာ ကလေးနဲ့ လူကြီးကစားသလိုမျိုး
လုပ်ပြသွားခဲ့ပြီး စံချိန်သစ်တစ်ခုလည်း ရယူနိုင်ခဲ့တာပါ။





ဒီပွဲစဉ်မှာဆိုရင် ပီအက်စ်ဂျီဟာ ဂိုးကန်သွင်းမှု ၂၆ ကြိမ် လုပ်ခဲ့ပြီး
၁၃ ကြိမ်က ဂိုးပေါက်တည့် ကန်ချက်တွေဖြစ်ခဲ့ပါတယ်။





အမ်ဘာပေလို ကစားသမားမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့
သူတို့အသင်းအနေနဲ့ အရှုံး ပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလို့လည်း
ပြိုင်ဘက်အသင်းခေါင်းဆောင် အလက်ဆစ် ဇီမီဂျက်က





ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ‘’အမ်ဘာပေက ဂိုးသွင်းဖို့
လုပ်တော့မယ်ဆိုရင် ကျွန်တော်သူ့ကို တားဖို့လုပ်မလား





မလုပ်ဘူးလားဆိုတော့။ လုပ်လို့တော့ ကျွန်တော့်ကိုယ်
ကျွန်တော် ပြောမယ်။ နေပါဦး သူက မကြာခင်မှာ ဘိုင်ယန်နဲ့အတူ
ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာနော်။ ဒီပွဲနဲ့ပတ်သက်ပြီး





ကျွန်တော့်မှာ စိတ်ဖိစီးမှု မရှိပါဘူး။ ကျွန်တော်တို့မှာ ရှုံးဖို့ကလွဲပြီး
ဘာမှ မရှိဘူးလေ။ ဒါက ကျွန်တော်တို့အတွက် တစ်သက်မှာ





တစ်ကြိမ်ပဲ ဆုံခွင့်ရတာမျိုးပါ။ ဒီပွဲအတွက် ကျွန်တော့်ကိုယ်
ကျွန်တော်တော့ ဂုဏ်ယူပါတယ်’’ လို့ ဇီမီဂျက်က ပွဲအပြီးမှာ
ပြောဆိုသွားခဲ့ပါတယ်။ အမ်ဘာပေဟာ ဒီပွဲစဉ်မှာ အသင်းဖော်





နေမာ သွင်းယူခဲ့တဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။





zawgyi
အသင္းငယ္ေလးကက္ဆဲလ္ကို ၅ ဂိုးသြင္းၿပီး စံခ်ိန္သစ္တစ္ခုရခဲ့တဲ့ အမ္ဘာေပ
အဂၤါညက ကစားခဲ့တဲ့ ျပင္သစ္ဖလား ၃၂ သင္းအဆင့္ ပြဲစဥ္မွာ





အသင္းငယ္ ေလး ကက္ဆဲလ္ကို တစ္ေယာက္တည္း ၅ ဂိုးသြင္းႏိုင္ခဲ့တဲ့
ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပဟာ ျပင္သစ္ႏိုင္ငံရဲ႕ ပေရာ္ဖက္ရွင္နယ္





သမိုင္းတစ္ေလွ်ာက္ တစ္ပြဲတည္းနဲ႔ ၅ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး
ကစားသမားျဖစ္လာခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္အျဖစ္
ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ ေဗြေဆာ္ဦးပြဲမွာ ျပင္သစ္တိုက္စစ္မႉးဟာ





ၿပိဳင္ဘက္အသင္းကို အထာမထားဘဲ ရသမွ် ဂိုးေတြ သြင္းယူခဲ့တာျဖစ္ၿပီး
၁၁ မိနစ္အတြင္းမွာ ဟက္ထရစ္ဂိုးလည္း သြင္းႏိုင္ခဲ့တယ္။





ပီအက္စ္ဂ်ီဟာ ကက္ဆဲလ္ကို ၇-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး
ေနမာနဲ႔ ဆိုလာတို႔လည္း တစ္ဂိုးစီ သြင္းႏိုင္ခဲ့ၾကပါတယ္။
ပီအက္စ္ဂ်ီနဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့ အသင္းငယ္ေလး ကက္ဆဲလ္ဟာဆိုရင္





ၿပီးခဲ့တဲ့ ၂၀၁၈ ခု ႏွစ္ကမွ တရားဝင္ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး
ေဘာလုံးအေတြ႕အႀကဳံ ႏုနယ္ေသးတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။





ဒါေၾကာင့္ အမ္ဘာေပကေတာ့ ဒီပြဲမွာ ကေလးနဲ႔ လူႀကီးကစားသလိုမ်ိဳး
လုပ္ျပသြားခဲ့ၿပီး စံခ်ိန္သစ္တစ္ခုလည္း ရယူႏိုင္ခဲ့တာပါ။
ဒီပြဲစဥ္မွာဆိုရင္ ပီအက္စ္ဂ်ီဟာ ဂိုးကန္သြင္းမႈ ၂၆ ႀကိမ္ လုပ္ခဲ့ၿပီး





၁၃ ႀကိမ္က ဂိုးေပါက္တည့္ ကန္ခ်က္ေတြျဖစ္ခဲ့ပါတယ္။
အမ္ဘာေပလို ကစားသမားမ်ိဳးနဲ႔ ထိပ္တိုက္ရင္ဆိုင္ရတဲ့





သူတို႔အသင္းအေနနဲ႔ အရႈံး ေပး႐ုံကလြဲၿပီး ဘာမွ မတတ္ႏိုင္ဘူးလို႔လည္း
ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ အလက္ဆစ္ ဇီမီဂ်က္က
ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ ‘’အမ္ဘာေပက ဂိုးသြင္းဖို႔





လုပ္ေတာ့မယ္ဆိုရင္ ကြၽန္ေတာ္သူ႔ကို တားဖို႔လုပ္မလား
မလုပ္ဘူးလားဆိုေတာ့။ လုပ္လို႔ေတာ့ ကြၽန္ေတာ့္ကိုယ္





ကြၽန္ေတာ္ ေျပာမယ္။ ေနပါဦး သူက မၾကာခင္မွာ ဘိုင္ယန္နဲ႔အတူ
ခ်န္ပီယံလိဂ္ပြဲစဥ္ ကစားရမွာေနာ္။ ဒီပြဲနဲ႔ပတ္သက္ၿပီး
ကြၽန္ေတာ့္မွာ စိတ္ဖိစီးမႈ မရွိပါဘူး။ ကြၽန္ေတာ္တို႔မွာ ရႈံးဖို႔ကလြဲၿပီး





ဘာမွ မရွိဘူးေလ။ ဒါက ကြၽန္ေတာ္တို႔အတြက္ တစ္သက္မွာ
တစ္ႀကိမ္ပဲ ဆုံခြင့္ရတာမ်ိဳးပါ။ ဒီပြဲအတြက္ ကြၽန္ေတာ့္ကိုယ္





ကြၽန္ေတာ္ေတာ့ ဂုဏ္ယူပါတယ္’’ လို႔ ဇီမီဂ်က္က ပြဲအၿပီးမွာ
ေျပာဆိုသြားခဲ့ပါတယ္။ အမ္ဘာေပဟာ ဒီပြဲစဥ္မွာ အသင္းေဖာ္
ေနမာ သြင္းယူခဲ့တဲ့ သြင္းဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။




