အသင်းဂန္ထဝင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်နဲ့တူညီသွားပေမယ့် (၄)နှစ်အတွင်းပထမဆုံးအကြိမ် ပယ်နယ်တီမဝင်ခဲ့တဲ့ ဆာလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာဟာ အေစီမီလန်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဒုတိယမြောက်ချေပဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူစတီဗင်ဂျရတ်တင်ရှိထားတဲ့ အန်ဖီးလ်မှာ ချန်ပီယံလိဂ်(ဥရောပပြိုင်ပွဲ)သွင်းဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါပြီ။

ဆာလာဟာ ဒုတိယပိုင်း(၄၈)မိနစ်မှာ အော်ရီဂီရဲ့ဖန်တီးပေးမှုကနေ လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ အန်ဖီးလ်ကွင်းမှာ ဆာလာသွင်းယူခဲ့တဲ့(၁၄)ဂိုးမြောက်ချန်ပီယံလိဂ်သွင်းဂိုးဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်အသင်းဆီမရောက်ခင်တုန်းက ချန်ပီယံလိဂ်မှာ (၃)ဂိုးသာသွင်းနိုင်ခဲ့ပေမယ့် လီဗာပူးလ်မှာတော့ ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပြသနေပြီး

အခုဆိုရင် လီဗာပူးလ်ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး(၂၆)ဂိုးအထိသွင်းယူခဲ့သလို အဲဒီထဲက (၁၄)ဂိုးကို အန်ဖီးလ်မှာသွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အေစီမီလန်နဲ့ပွဲမှာ နောက်ခံလူတိုမိုရီရဲ့ OG ဂိုးနဲ့အတူ ဦးဆောင်ခဲ့ပြီး အဲဒီနောက် ပယ်နယ်တီအခွင့်အရေးရရှိခဲ့ပေမယ့် ဆာလာရဲ့ကန်ချက်ကို အေစီမီလန်ဂိုးသမားမိုက်မေနန် ကာကွယ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ဒါဟာ လီဗာပူးလ်အသင်းအတွက် ဆာလာ ပယ်နယ်တီကန်သွင်းခဲ့တဲ့(၁၉)ကြိမ်မှာ ဒုတိယမြောက် လွဲချော်ခဲ့တဲ့ပယ်နယ်တီဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း (၄)နှစ်အတွင်းပထမဆုံးအကြိမ် ပယ်နယ်တီလွဲခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇၊ အောက်တိုဘာလတုန်းက ဟတ်ဒါဖီးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဆာလာ ပယ်နယ်တီလွဲချော်ခဲ့ပြီးတဲ့နောက် အခုပွဲမှာ အဲဒီမှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့တာပါ။

အေစီမီလန်အသင်းဟာ အဖွင့်ဂိုးပေးလိုက်ရပေမယ့် ရီဘစ်၊ ဘရာဟင်ဒီယက်ဇ်တို့ရဲ့ဂိုးတွေနဲ့ လီဗာပူးလ်အသင်းကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး (၄၈)မိနစ်မှာ ဆာလာက ဒုတိယချေပဂိုး၊

(၆၉)မိနစ်မှာ အသင်းခေါင်းဆောင်ဟန်ဒါဆင်က တစ်ချိန်တုန်းက စတီဗင်ဂျရတ်ကန်နေကျပုံစံမျိုး အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူခဲ့လို့ အန်ဖီးလ်မှာ အိမ်ရှင်အသင်းကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းဂႏၴဝင္ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္နဲ႔တူညီသြားေပမယ့္ (၄)ႏွစ္အတြင္းပထမဆုံးအႀကိမ္ ပယ္နယ္တီမဝင္ခဲ့တဲ့ ဆာလာ

လီဗာပူးလ္အသင္းတိုက္စစ္ကစားသမား ဆာလာဟာ ေအစီမီလန္အသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူခဲ့ၿပီး အသင္းရဲ႕ဂႏၴဝင္ကြင္းလယ္လူစတီဗင္ဂ်ရတ္တင္ရွိထားတဲ့ အန္ဖီးလ္မွာ ခ်န္ပီယံလိဂ္(ဥေရာပၿပိဳင္ပြဲ)သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။ ဆာလာဟာ ဒုတိယပိုင္း(၄၈)မိနစ္မွာ ေအာ္ရီဂီရဲ႕ဖန္တီးေပးမႈကေန လီဗာပူးလ္အသင္းအတြက္ ဒုတိယေျမာက္ေခ်ပဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး ဒီဂိုးဟာ အန္ဖီးလ္ကြင္းမွာ ဆာလာသြင္းယူခဲ့တဲ့(၁၄)ဂိုးေျမာက္ခ်န္ပီယံလိဂ္သြင္းဂိုးျဖစ္ခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ႐ိုးမားအသင္းကေန လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဆာလာဟာ လီဗာပူးလ္အသင္းဆီမေရာက္ခင္တုန္းက ခ်န္ပီယံလိဂ္မွာ (၃)ဂိုးသာသြင္းႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္မွာေတာ့ ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳးျပသေနၿပီး အခုဆိုရင္ လီဗာပူးလ္ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္သြင္းဂိုး(၂၆)ဂိုးအထိသြင္းယူခဲ့သလို အဲဒီထဲက (၁၄)ဂိုးကို အန္ဖီးလ္မွာသြင္းယူခဲ့တာပါ။

လီဗာပူးလ္အသင္းဟာ ေအစီမီလန္နဲ႔ပြဲမွာ ေနာက္ခံလူတိုမိုရီရဲ႕ OG ဂိုးနဲ႔အတူ ဦးေဆာင္ခဲ့ၿပီး အဲဒီေနာက္ ပယ္နယ္တီအခြင့္အေရးရရွိခဲ့ေပမယ့္ ဆာလာရဲ႕ကန္ခ်က္ကို ေအစီမီလန္ဂိုးသမားမိုက္ေမနန္ ကာကြယ္ခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ဒါဟာ လီဗာပူးလ္အသင္းအတြက္ ဆာလာ ပယ္နယ္တီကန္သြင္းခဲ့တဲ့(၁၉)ႀကိမ္မွာ ဒုတိယေျမာက္ လြဲေခ်ာ္ခဲ့တဲ့ပယ္နယ္တီျဖစ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း (၄)ႏွစ္အတြင္းပထမဆုံးအႀကိမ္ ပယ္နယ္တီလြဲခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၇၊ ေအာက္တိုဘာလတုန္းက ဟတ္ဒါဖီးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဆာလာ ပယ္နယ္တီလြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္ အခုပြဲမွာ အဲဒီမွတ္တမ္းဆိုးကို ျပန္လည္ပိုင္ဆိုင္ခဲ့တာပါ။ ေအစီမီလန္အသင္းဟာ အဖြင့္ဂိုးေပးလိုက္ရေပမယ့္ ရီဘစ္၊ ဘရာဟင္ဒီယက္ဇ္တို႔ရဲ႕ဂိုးေတြနဲ႔ လီဗာပူးလ္အသင္းကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး (၄၈)မိနစ္မွာ ဆာလာက ဒုတိယေခ်ပဂိုး၊ (၆၉)မိနစ္မွာ အသင္းေခါင္းေဆာင္ဟန္ဒါဆင္က တစ္ခ်ိန္တုန္းက စတီဗင္ဂ်ရတ္ကန္ေနက်ပုံစံမ်ိဳး အေဝးကန္ခ်က္နဲ႔ အႏိုင္ဂိုးသြင္းယူခဲ့လို႔ အန္ဖီးလ္မွာ အိမ္ရွင္အသင္းကို အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။