အသင်းခေါင်းဆောင်ဟောင်းအာတီတာကို နည်းပြသစ်အဖြစ် အာဆင်နယ်အတည်ပြုလိုက်ပြီ

photo-daily mail

photo-arsenal

အာဆင်နယ်ဟာ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ အာတီတာကို အသင်းရဲ့နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ မန်စီးတီးမှာ ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့အာတီတာဟာ အာဆင်နယ်နဲ့ ၃ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အဲဒီစပိန်သားဟာ ၅ နှစ်ကြာ အာဆင်နယ်ကစားသမားဘဝမှာ အက်ဖ်အေဖလားအောင်မြင်မှု ၂ ကြိမ်ရရှိခဲ့သူပါ။ သူဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ထုတ်ပယ်ခံလိုက်ရတဲ့ အမ်မရီရဲ့နေရာမှာ အစားဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

photo-gettyimages

”ဒါဟာ ကြီးမားတဲ့ဂုဏ်ယူမှုတစ်ခုပါ။ အာဆင်နယ်ဟာ ကမ္ဘာပေါ်ကအကြီးဆုံးကလပ်တွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ထိပ်တန်းဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့လည်း အသင်းပိုင်ရှင်တွေ၊ ကလပ်က စီနီယာတွေနဲ့ ဆွေးနွေးမှုတွေမှာ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်းပြောထားကြပါတယ်။ အောင်မြင်ဖို့ အများကြီးလုပ်ရမယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိအသင်းဟာ အရည်အသွေးအမာျးကြီးရှိပြီး အကယ်ဒမီကနေလည်း သိပ်ကောင်းတဲ့လူငယ်တွေ ထွက်ပေါ်နေပါတယ်”လို့ အာဆင်နယ်ရဲ့ကြေညာချက်ထဲမှာ အာတီတာက ပြောခဲ့တာပါ။

photo-EPA

အာတီတာဟာ လာမယ့်တနင်္ဂနွေရောက်မှသာ အာဆင်နယ်နည်းပြတာဝန်ကို စတင်ထမ်းဆောင်မှာပါ။ အဲဒီမတိုင်ခင် စနေနေ့ကစားမယ့် အဲဗာတန်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲကိုတော့ ယာယီနည်းပြယွန်းဘတ်ကပဲ ဆက်လက်တာဝန်ယူသွားမှာပါ။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိပါတယ်။

[Zawgyi]

အသင္းေခါင္းေဆာင္ေဟာင္းအာတီတာကို နည္းျပသစ္အျဖစ္ အာဆင္နယ္အတည္ျပဳလုိက္ၿပီ

အာဆင္နယ္ဟာ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တ့ဲ အာတီတာကို အသင္းရဲ႕နည္းျပသစ္အျဖစ္ အတည္ျပဳခန္႔အပ္လိုက္ၿပီ ျဖစ္ပါတယ္။ မန္စီးတီးမွာ ဂြါဒီယိုလာရဲ႕လက္ေထာက္အျဖစ္ ေဆာင္ရြက္ခဲ့တဲ့အာတီတာဟာ အာဆင္နယ္နဲ႔ ၃ ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ အဲဒီစပိန္သားဟာ ၅ ႏွစ္ၾကာ အာဆင္နယ္ကစားသမားဘ၀မွာ အက္ဖ္ေအဖလားေအာင္ျမင္မႈ ၂ ႀကိမ္ရရွိခဲ့သူပါ။ သူဟာ ၿပီးခဲ့တဲ့ႏို၀င္ဘာလက ထုတ္ပယ္ခံလုိက္ရတဲ့ အမ္မရီရဲ႕ေနရာမွာ အစား၀င္ေရာက္လာတာလည္း ျဖစ္ပါတယ္။

”ဒါဟာ ႀကီးမားတဲ့ဂုဏ္ယူမႈတစ္ခုပါ။ အာဆင္နယ္ဟာ ကမာၻေပၚကအႀကီးဆုံးကလပ္ေတြထဲ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ထိပ္တန္းဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ႏိုင္ဖို႔ လုိအပ္ပါတယ္။ အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔လည္း အသင္းပိုင္ရွင္ေတြ၊ ကလပ္က စီနီယာေတြနဲ႔ ေဆြးေႏြးမႈေတြမွာ ကၽြန္ေတာ့္ကို ရွင္းရွင္းလင္းလင္းေျပာထားၾကပါတယ္။ ေအာင္ျမင္ဖို႔ အမ်ားႀကီးလုပ္ရမယ္ဆုိတာ ကၽြန္ေတာ္တို႔အားလံုး သိၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔လုပ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ခ်က္ခ်င္းႀကီးေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ လက္ရွိအသင္းဟာ အရည္အေသြးအမာ်းႀကီးရွိၿပီး အကယ္ဒမီကေနလည္း သိပ္ေကာင္းတဲ့လူငယ္ေတြ ထြက္ေပၚေနပါတယ္”လုိ႔ အာဆင္နယ္ရဲ႕ေၾကညာခ်က္ထဲမွာ အာတီတာက ေျပာခဲ့တာပါ။

အာတီတာဟာ လာမယ့္တနဂၤေႏြေရာက္မွသာ အာဆင္နယ္နည္းျပတာ၀န္ကို စတင္ထမ္းေဆာင္မွာပါ။ အဲဒီမတုိင္ခင္ စေနေန႔ကစားမယ့္ အဲဗာတန္နဲ႔ပရီးမီးယားလိဂ္အေ၀းကြင္းပြဲကိုေတာ့ ယာယီနည္းျပယြန္းဘတ္ကပဲ ဆက္လက္တာ၀န္ယူသြားမွာပါ။ အာဆင္နယ္ဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၁၀ ေနရာကို ေရာက္ရွိပါတယ္။