အသင်းခေါင်းဆောင်လက်ပတ်ကို ဘယ်သူသူပဲဝတ်ဝတ် ပြသနာမရှိပါဘူး

PC ; Internet

ကွင်းလယ်လူရှာကာဆီက အသင်းခေါင်းဆောင်ရာထူးကို တိုက်စစ်မှူးအူဘာမီယန်းဆီလွှဲပြောင်းပေးအပ်လိုက်ပေမယ့် အာဆင်နယ်မှာ ကပ္ပတိန်လက်ပတ်ကို ဘယ်သူပဲဝတ်ဝတ်ပြသနာမရှိဘူးလို့ နောက်ခံလူဆိုကရာတစ်က ပြောဆိုလိုက်ပါတယ်။ရှာကာဟာ ပဲလေ့စ်နဲ့ပွဲမှာ အာဆင်နယ်ပရိသတ်တွေနဲ့ပြသနာတက်ပြီးတဲ့နောက် သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခဲ့ရပြီး နည်းပြအမ်မရီက အူဘာမီယန်းကိုဆက်ခံစေခဲ့ပါတယ်။

PC ; Internet

ဒါပေမဲ့ ဆိုကရာတစ်ကတော့ ကစားသမားအားလုံးဟာ တူညီတဲ့ဦးတည်ချက်တစ်ခုတည်းကိုသာသွားနေတာဖြစ်ပြီး ဒီအရေးက ဒုတိယဦးစားပေးအဆင့်လောက်သာရှိတယ်လို့ ပြောဆိုလိက်တာပါ။“ အူဘာမီယန်းအတွက် အသင်းခေါင်းဆောင်လက်ပတ်ဝတ်ရမှာ ပထမဆုံးအကြိမ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော့်အတွက်အရေးကြီးတာကတော့ သူ့ရဲ့အဓိကအလုပ်ဖြစ်တဲ့ ဂိုးသွင်းနိုင်ဖို့ပါပဲ။အသင်းခေါင်းဆောင်ရာထူး၊ဒါမှမဟုတ် အသင်းခေါင်းဆောင်လက်ပတ်ဝတ်ပြီး ကစားခွင့်ရတာဟာ သိပ်ပြီးအရေးပါလှတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။သူဟာ သိပ်ကောင်းတဲ့ကောင်လေးဖြစ်ပေမယ့် ကျွန်တော်ပြောခဲ့သလို ကပ္ပတိန်လက်ပတ်က အရေးမကြီးပါဘူး။အဝတ်လဲခန်းထဲမှာ အားလုံးစုစုစည်းစည်းနဲ့ အဆင်ပြေနေကြဖို့သာ အရေးကြီးတာပါ။ကျွန်တော်တို့ဟာ မိသားစုတစ်ခုလိုပါပဲ” လို့ ဂရိနောက်ခံလူက ဖွင့်ဟသွားပါတယ်။

PC ; Internet

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဂူမာရက်စ်နဲ့သရေကျပြီး ပြိုင်ပွဲစုံနောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ဒါကြောင့် ဒီတစ်ပတ် လက်စတာနဲ့ပွဲမှာ နိုင်ပွဲပြန်ယူပြီး တုံ့ပြန်မှုကောင်းပေးနိုင်ဖို့သာ အရေးကြီးတယ်လို့ ဆိုကရာတစ်က ဆက်လက်ပြောဆိုသွားပါတယ်။ “ ဒါဟာ ပွဲကြီးတစ်ပွဲဖြစ်သလို ကျွန်တော်တို့အတွက် နိုင်ဖို့လိုအပ်တဲ့ပွဲလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ကျွန်တော်တို့ပွဲတွေအများကြီး ကစားရဦးမှာဖြစ်သလို မနှစ်ကဖြစ်ရပ်ကိုလည်းမမေ့သင့်လို့ပါပဲ။

PC ; Internet

ကျွန်တော်တို့ထက် ၆မှတ် ၇မှတ်လောက်နည်းနေတဲ့အသင်းတွေဟာ ရာသီအဆုံးမှာ ကျွန်တော်တို့အပေါ်ရောက်သွားခဲ့ကြတယ်။ဒါကြောင့် တစ်လတည်းအတွက်မဟုတ်ဘဲ တစ်နှစ်လုံးအတွက် အာရုံအပြည့်စိုက်ဖို့လိုပါတယ်။လက်စတာဟာ သိပ်ကောင်းတဲ့အသင်းဖြစ်သလို နိုင်ပွဲဆာလောင်နေတာလည်းအရမ်းပါပဲ။သူတို့ကိုအနိုင်ယူရေးအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်” လို့ ဆိုကရာတစ်က ပြောဆိုသွားခဲ့တာပါ။

(zawgyi)

ကြင္းလယ္လူရွာကာဆီက အသင္းေခါင္းေဆာင္ရာထူးကို တိုက္စစ္မွဴးအူဘာမီယန္းဆီလႊဲေျပာင္းေပးအပ္လိုက္ေပမယ့္ အာဆင္နယ္မွာ ကပၸတိန္လက္ပတ္ကို ဘယ္သူပဲ၀တ္၀တ္ျပသနာမရွိဘူးလို႔ ေနာက္ခံလူဆိုကရာတစ္က ေျပာဆိုလိုက္ပါတယ္။ရွာကာဟာ ပဲေလ့စ္နဲ႔ပြဲမွာ အာဆင္နယ္ပရိသတ္ေတြနဲ႔ျပသနာတက္ၿပီးတဲ့ေနာက္ သူ႔ရဲ႕အသင္းေခါင္းေဆာင္ရာထူးကို စြန္႔လႊတ္ခဲ့ရၿပီး နည္းျပအမ္မရီက အူဘာမီယန္းကိုဆက္ခံေစခဲ့ပါတယ္။ဒါေပမဲ့ ဆိုကရာတစ္ကေတာ့ ကစားသမားအားလံုးဟာ တူညီတဲ့ဦးတည္ခ်က္တစ္ခုတည္းကိုသာသြားေနတာျဖစ္ၿပီး ဒီအေရးက ဒုတိယဦးစားေပးအဆင့္ေလာက္သာရွိတယ္လို႔ ေျပာဆိုလိက္တာပါ။“ အူဘာမီယန္းအတြက္ အသင္းေခါင္းေဆာင္လက္ပတ္၀တ္ရမွာ ပထမဆံုးအႀကိမ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ့္အတြက္အေရးႀကီးတာကေတာ့ သူ႔ရဲ႕အဓိကအလုပ္ျဖစ္တဲ့ ဂိုးသြင္းႏိုင္ဖို႔ပါပဲ။အသင္းေခါင္းေဆာင္ရာထူး၊ဒါမွမဟုတ္ အသင္းေခါင္းေဆာင္လက္ပတ္၀တ္ၿပီး ကစားခြင့္ရတာဟာ သိပ္ၿပီးအေရးပါလွတယ္လို႔ေတာ့ ကၽြန္ေတာ္မထင္ပါဘူး။သူဟာ သိပ္ေကာင္းတဲ့ေကာင္ေလးျဖစ္ေပမယ့္ ကၽြန္ေတာ္ေျပာခဲ့သလို ကပၸတိန္လက္ပတ္က အေရးမႀကီးပါဘူး။အ၀တ္လဲခန္းထဲမွာ အားလံုးစုစုစည္းစည္းနဲ႔ အဆင္ေျပေနၾကဖို႔သာ အေရးႀကီးတာပါ။ကၽြန္ေတာ္တို႔ဟာ မိသားစုတစ္ခုလိုပါပဲ” လို႔ ဂရိေနာက္ခံလူက ဖြင့္ဟသြားပါတယ္။အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ယူရိုပါလိဂ္ပြဲစဥ္မွာ ဂူမာရက္စ္နဲ႔သေရက်ၿပီး ၿပိဳင္ပြဲစံုေနာက္ဆံုး ၄ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။ဒါေၾကာင့္ ဒီတစ္ပတ္ လက္စတာနဲ႔ပြဲမွာ ႏိုင္ပြဲျပန္ယူၿပီး တံု႔ျပန္မႈေကာင္းေပးႏိုင္ဖို႔သာ အေရးႀကီးတယ္လို႔ ဆိုကရာတစ္က ဆက္လက္ေျပာဆိုသြားပါတယ္။ “ ဒါဟာ ပြဲႀကီးတစ္ပြဲျဖစ္သလို ကၽြန္ေတာ္တို႔အတြက္ ႏိုင္ဖို႔လိုအပ္တဲ့ပြဲလည္းျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေရွ႔မွာ ကၽြန္ေတာ္တို႔ပြဲေတြအမ်ားႀကီး ကစားရဦးမွာျဖစ္သလို မႏွစ္ကျဖစ္ရပ္ကိုလည္းမေမ့သင့္လို႔ပါပဲ။ကၽြန္ေတာ္တို႔ထက္ ၆မွတ္ ၇မွတ္ေလာက္နည္းေနတဲ့အသင္းေတြဟာ ရာသီအဆံုးမွာ ကၽြန္ေတာ္တို႔အေပၚေရာက္သြားခဲ့ၾကတယ္။ဒါေၾကာင့္ တစ္လတည္းအတြက္မဟုတ္ဘဲ တစ္ႏွစ္လံုးအတြက္ အာရံုအျပည့္စိုက္ဖို႔လိုပါတယ္။လက္စတာဟာ သိပ္ေကာင္းတဲ့အသင္းျဖစ္သလို ႏိုင္ပြဲဆာေလာင္ေနတာလည္းအရမ္းပါပဲ။သူတို႔ကိုအႏိုင္ယူေရးအတြက္ ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနဖို႔လိုပါတယ္” လို႔ ဆိုကရာတစ္က ေျပာဆိုသြားခဲ့တာပါ။