
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းဟာ အသင်းခေါင်းဆောင်ဖြစ်သူ နောက်ခံလူမက်ဂွိင်းယားကို တန်ဖိုးကြီးစာချုပ်သစ်တစ်ရပ်ကမ်းလှမ်းတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun ရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားရဲ့အသင်းမှာ အရေးပါသူတစ်ယောက်ဖြစ်နေတဲ့အတွက် မန်ယူဟာ သူတို့ရဲ့ကပ္ပတိန်ကို စာချုပ်သစ်နဲ့အသိအမှတ်ပြုချင်နေတယ်လို့ သိရပါတယ်။
အဲဒီအင်္ဂလန်နောက်ခံလူဟာ လက်ရှိမန်ယူမှာ တစ်ပတ်ကို ပေါင် ၁၈၉၀၀၀ ရရှိနေပြီး အဲဒီစာချုပ်က ၂၀၂၅ နွေရာသီရောက်မှ ကုန်ဆုံးမှာပါ။
မန်ယူဟာ မက်ဂွိုင်းယားကို တစ်ပတ်လစာ ပေါင် ၃ သိန်းနဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး အစောပိုင်းဆွေးနွေးမှုတွေစတင်ဖို့ ချဉ်ကပ်မှုလည်း လုပ်ထားပါတယ်။
ဗဟိုနောက်ခံလူမက်ဂွိုင်းယားဟာ ၂၀၁၉က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ပြောင်းလာပြီနောက်ပိုင်း မန်ယူအတွက် ၁၁၄ ပွဲကစားပေးထားပါတယ်။
မန်ယူပေးခဲ့ရတဲ့ သူ့အတွက် ပြောင်းရွှေ့ကြေးကြောင့်လည်း မက်ဂွိုင်းယားဟာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့ပါတယ်။
မက်ဂွိင်းယားဟာ လက်ရွေးစင်အသင်းမှာလည်း အတွေ့အကြုံ့ရင့်ကျက်သူဖြစ်နေပြီး အင်္ဂလန်အတွက် ၃၉ ပွဲကစားပေးထားပါတယ်။
လက်ရှိမှာတော့ သူဟာ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရပြီး မကြာခင်မှာပဲ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
မန်ယူဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာရပ်တည်နေပြီး လာမယ့်စနေမှာ မက်ဂွိုင်းယားရဲ့အသင်းဟောင်းဖြစ်တဲ့လက်စတာနဲ့အဝေးကွင်းကစားရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကို တန္ဖိုးႀကီးစာခ်ဳပ္သစ္ကမ္းလွမ္းမယ့္ မန္ယူ
မန္ယူအသင္းဟာ အသင္းေခါင္းေဆာင္ျဖစ္သူ ေနာက္ခံလူမက္ဂြိင္းယားကို တန္ဖိုးႀကီးစာခ်ဳပ္သစ္တစ္ရပ္ကမ္းလွမ္းေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
ၿဗိတိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Sun ရဲ႕ေဖာ္ျပခ်က္အရ ဆိုးလ္ရွားရဲ႕အသင္းမွာ အေရးပါသူတစ္ေယာက္ျဖစ္ေနတဲ့အတြက္ မန္ယူဟာ သူတို႔ရဲ႕ကပၸတိန္ကို စာခ်ဳပ္သစ္နဲ႔အသိအမွတ္ျပဳခ်င္ေနတယ္လို႔ သိရပါတယ္။
အဲဒီအဂၤလန္ေနာက္ခံလူဟာ လက္ရွိမန္ယူမွာ တစ္ပတ္ကို ေပါင္ ၁၈၉၀၀၀ ရရွိေနၿပီး အဲဒီစာခ်ဳပ္က ၂၀၂၅ ေႏြရာသီေရာက္မွ ကုန္ဆုံးမွာပါ။
မန္ယူဟာ မက္ဂြိဳင္းယားကို တစ္ပတ္လစာ ေပါင္ ၃ သိန္းနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စိတ္အားထက္သန္ေနတာျဖစ္ၿပီး အေစာပိုင္းေဆြးေႏြးမႈေတြစတင္ဖို႔ ခ်ဥ္ကပ္မႈလည္း လုပ္ထားပါတယ္။
ဗဟိုေနာက္ခံလူမက္ဂြိဳင္းယားဟာ ၂၀၁၉က လက္စတာကေန ေပါင္သန္း ၈၀ နဲ႔ေျပာင္းလာၿပီေနာက္ပိုင္း မန္ယူအတြက္ ၁၁၄ ပြဲကစားေပးထားပါတယ္။ မန္ယူေပးခဲ့ရတဲ့ သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္လည္း မက္ဂြိဳင္းယားဟာ ကမာၻ႔ေဈးအႀကီးဆုံးေနာက္ခံလူျဖစ္လာခဲ့ပါတယ္။
မက္ဂြိင္းယားဟာ လက္ေ႐ြးစင္အသင္းမွာလည္း အေတြ႕အႀကဳံ႕ရင့္က်က္သူျဖစ္ေနၿပီး အဂၤလန္အတြက္ ၃၉ ပြဲကစားေပးထားပါတယ္။ လက္ရွိမွာေတာ့ သူဟာ ေျခသလုံးဒဏ္ရာေၾကာင့္ အနားယူေနရၿပီး မၾကာခင္မွာပဲ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
မန္ယူဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၄ ေနရာရပ္တည္ေနၿပီး လာမယ့္စေနမွာ မက္ဂြိဳင္းယားရဲ႕အသင္းေဟာင္းျဖစ္တဲ့လက္စတာနဲ႔အေဝးကြင္းကစားရမွာပါ။