
Photo Credit ; Getty Images
Photo Credit
ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဆီဗီလာနဲ့ပွဲမှာ အသင်းဖော်တောင်ပံကစားသမား အူစမာနီဒမ်ဘီလီ အနီကတ်ပြသခံရမှု ရုပ်သိမ်းပေးရေးအတွက် အကောင်းဆုံးကြိုးစားတဲ့အနေနဲ့ သူ့အသင်းဖော်ဟာ စပိန်စကားကို ကောင်းကောင်းမပြောတတ်ဘူးလို့ ဒိုင်လူကြီးကို ရှင်းပြခဲ့ပါတယ်။
Photo Credit
ပြင်သစ်ကြယ်ပွင့် ဒမ်ဘီလီဟာ ပွဲပြီးခါနီးမှာ အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး သူထုတ်ပယ်ခံရတာက ပွဲပြီးဖို့ ၂မိနစ်ပဲလိုတော့တဲ့အချိန်ဖြစ်သလို အသင်းဖော်လူငယ်ကစားသမား အရူဟို ထုတ်ပယ်ခံရအပြီး စက္ကန့် ၆၀ အကြာမှာပဲထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
Photo Credit
ကွင်းလယ်ဒိုင် အန်တိုနီယိုလာဟော့ဇ်က ဒမ်ဘီလီက သူ့ကို ရိုင်းပျစော်ကားတဲ့အသုံးအနှုန်းနဲ့ စော်ကားခဲ့တယ်လို့ စွပ်စွဲကာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး မက်ဆီက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက် ပြင်ဆင်မလားမျှော်လင့်ချက်နဲ့ သူ့အသင်းဖော်ဘက်ကနေ ရှင်းလင်းပြောကြားခဲ့တာပါ။
Photo Credit
အသက် ၂၂နှစ်အရွယ်ရှိ ဒမ်ဘီလီက ဒိုင်လူကြီးကို ခင်ဗျားက အရမ်းဆိုးတာပဲ လို့ သွားပြောလိုက်တာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း ဒိုင်လူကြီးက သူ့ကို တိုက်ရိုက်အနီကတ်ပြသခဲ့တာဖြစ်ပါတယ်။ မက်ဆီက အဲဒီလိုဒမ်ဘီလီ ထုတ်ပယ်ခံလိုက်ရပြီးနောက် ဒိုင်လူကြီးအနား အပြေးသွားပြီး နားလည်မှုလွဲမှားသွားတာကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
Photo Credit
မက်ဆီက ဒမ်ဘီလီဟာ သူ့ကိုယ်သူ စိတ်ပျက်မှုကို စပိန်လိုကောင်းကောင်းမပြောတတ်တာကြောင့် အခုလိုဖြစ်သွားတာဖြစ်ကြောင်း ဒိုင်လူကြီးကို ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့ဖြေရှင်းချက်ကလည်း မထိရောက်ဘဲ အခုဆိုရင် ဒမ်ဘီလီလည်း ယခုလ ၂၆ရက်နေ့မှာကစားရမယ့် ရီးရဲလ်နဲ့အယ်လ်ကလပ်စီကိုပွဲကို လွဲချော်ရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။
Photo Credit
ဒမ်ဘီလီရဲ့ပွဲပယ်ပြစ်ဒဏ်က ဘယ်လောက်လဲဆိုတာ မသိရသေးပေမယ့် အိမ်ကွင်းမှာ အခါးသီးဆုံးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံမကစားခင် ကြားထဲမှာ လာလီဂါတစ်ပွဲပဲ ကစားရမှာဖြစ်ပြီး အီဘာနဲ့ပွဲမှာလည်း ပွဲပယ်ကစားသမားတွေများပြားနေပါတယ်။
Photo Credit
ဆီဗီလာနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဒမ်ဘီလီနဲ့ အရူဟိုတို့အပြင် ယခုရာသီ လာလီဂါမှာ အဝါကတ် ၅ကြိမ်ပြသခံခဲ့ရပြီးဖြစ်တဲ့ နောက်ခံလူ ပီကေးလည်း အီဘာနဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
အသင္းေခါင္းေဆာင္ဆုိတာ ဒီလုိျဖစ္ေနရမွာပါ…ဒမ္ဘီလီ အနီကတ္ျပသမခံရဖုိ႔ ႀကိဳးစားခဲ့တဲ့ မက္ဆီ
ဘာစီလုိနာအသင္းေခါင္းေဆာင္မက္ဆီဟာ ဆီဗီလာနဲ႔ပြဲမွာ အသင္းေဖာ္ေတာင္ပံကစားသမား အူစမာနီဒမ္ဘီလီ အနီကတ္ျပသခံရမႈ ႐ုပ္သိမ္းေပးေရးအတြက္ အေကာင္းဆုံးႀကိဳးစားတဲ့အေနနဲ႔ သူ႕အသင္းေဖာ္ဟာ စပိန္စကားကို ေကာင္းေကာင္းမေျပာတတ္ဘူးလုိ႔ ဒိုင္လူႀကီးကို ရွင္းျပခဲ့ပါတယ္။
ျပင္သစ္ၾကယ္ပြင့္ ဒမ္ဘီလီဟာ ပြဲၿပီးခါနီးမွာ အနီကတ္ျပသခံခဲ့ရတာျဖစ္ၿပီး သူထုတ္ပယ္ခံရတာက ပြဲၿပီးဖို႔ ၂မိနစ္ပဲလိုေတာ့တဲ့အခ်ိန္ျဖစ္သလို အသင္းေဖာ္လူငယ္ကစားသမား အ႐ူဟုိ ထုတ္ပယ္ခံရအၿပီး စကၠန္႔ ၆၀ အၾကာမွာပဲထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။
ကြင္းလယ္ဒိုင္ အန္တိုနီယိုလာေဟာ့ဇ္က ဒမ္ဘီလီက သူ႕ကို ႐ိုင္းပ်ေစာ္ကားတဲ့အသုံးအႏႈန္းနဲ႔ ေစာ္ကားခဲ့တယ္လုိ႔ စြပ္စြဲကာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ၿပီး မက္ဆီက ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ ျပင္ဆင္မလားေမွ်ာ္လင့္ခ်က္နဲ႔ သူ႕အသင္းေဖာ္ဘက္ကေန ရွင္းလင္းေျပာၾကားခဲ့တာပါ။
အသက္ ၂၂ႏွစ္အရြယ္ရွိ ဒမ္ဘီလီက ဒုိင္လူႀကီးကို ခင္ဗ်ားက အရမ္းဆုိးတာပဲ လုိ႔ သြားေျပာလုိက္တာျဖစ္ၿပီး ဒီအတြက္ေၾကာင့္လည္း ဒုိင္လူႀကီးက သူ႕ကို တုိက္႐ိုက္အနီကတ္ျပသခဲ့တာျဖစ္ပါတယ္။ မက္ဆီက အဲဒီလုိဒမ္ဘီလီ ထုတ္ပယ္ခံလိုက္ရၿပီးေနာက္ ဒိုင္လူႀကီးအနား အေျပးသြားၿပီး နားလည္မႈလြဲမွားသြားတာေၾကာင့္ျဖစ္တယ္လုိ႔ ရွင္းျပခဲ့ပါတယ္။
မက္ဆီက ဒမ္ဘီလီဟာ သူ႕ကိုယ္သူ စိတ္ပ်က္မႈကို စပိန္လိုေကာင္းေကာင္းမေျပာတတ္တာေၾကာင့္ အခုလုိျဖစ္သြားတာျဖစ္ေၾကာင္း ဒိုင္လူႀကီးကို ရွင္းျပခဲ့ပါတယ္။ ဒါေပမဲ့ မက္ဆီရဲ႕ေျဖရွင္းခ်က္ကလည္း မထိေရာက္ဘဲ အခုဆုိရင္ ဒမ္ဘီလီလည္း ယခုလ ၂၆ရက္ေန႔မွာကစားရမယ့္ ရီးရဲလ္နဲ႔အယ္လ္ကလပ္စီကိုပြဲကို လြဲေခ်ာ္ရမယ့္အေရးနဲ႔ရင္ဆုိင္ေနရပါတယ္။
ဒမ္ဘီလီရဲ႕ပြဲပယ္ျပစ္ဒဏ္က ဘယ္ေလာက္လဲဆုိတာ မသိရေသးေပမယ့္ အိမ္ကြင္းမွာ အခါးသီးဆုံးၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကို ဧည့္ခံမကစားခင္ ၾကားထဲမွာ လာလီဂါတစ္ပြဲပဲ ကစားရမွာျဖစ္ၿပီး အီဘာနဲ႔ပြဲမွာလည္း ပြဲပယ္ကစားသမားေတြမ်ားျပားေနပါတယ္။
ဆီဗီလာနဲ႔ပြဲမွာ ထုတ္ပယ္ခံခဲ့ရတဲ့ ဒမ္ဘီလီနဲ႔ အ႐ူဟိုတုိ႔အျပင္ ယခုရာသီ လာလီဂါမွာ အ၀ါကတ္ ၅ႀကိမ္ျပသခံခဲ့ရၿပီးျဖစ္တ့ဲ ေနာက္ခံလူ ပီေကးလည္း အီဘာနဲ႔ပြဲကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရမွာျဖစ္ပါတယ္။