အသင်းခေါင်းဆောင်ကောင်းပီသဖို့ မက်ဂွိုင်းယားကို တိုက်တွန်းတဲ့ ရှရင်ဂမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနဲ့ ယူနိုက်တက်တို့ ကစားမယ့်ပွဲစဉ်မှာတော့ ဧည့်သည်ယူနိုက်တက်က အိမ်ရှင်စပါးကို အနိုင်ရသွားလိမ့်မယ်လို့ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ရှရင်ဂမ် က ခန့်မှန်းခဲ့ပါတယ်။

ရှရင်ဂမ်က ” ကျွန်တော်က အလောင်းအစားပြုလုပ်ရတာကို ဝါသနာပါတဲ့သူဖြစ်ပြီး နှစ်သင်းစလုံးကို ဘက်မလိုက်ဘဲ ပြောရရင် ယူနိုက်တက်အနေနဲ့ စပါးကို အနိုင်ရသွားမှာပါ။

နှစ်သင်းစလုံး ရုန်းကန်နေရတယ်ဆိုပေမယ့် ယူနိုက်တက်မှာ ကစားသမားကောင်းတွေပိုများပြီး ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့သူတွေ ရှိပါတယ်။” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီးတော့လည်း အင်္ဂလန်တိုက်စစ်မှူးဟောင်းရှရင်ဂမ်က “မက်ဂွိုင်းယား တစ်ယောက်ကပေါက်တိကပေါက်ချာကာလမှာရောက်နေပါတယ်။

၂-ဝဂိုးနဲ့ဦးဆောင်ခံရချိန်မှာအသင်းရဲ့အစီအစဉ်အားလုံးကသွားပါပြီ။

အသင်းသားတွေဟာကိုယ့်နည်းလမ်းနဲ့ကိုယ်ကစားဖို့ကြိုးစားလာကြတယ်။အဲဒီမှာပြဿနာတက်လာပါတော့တယ်။

အဲဒီလိုအချိန်မျိုးမှာခေါင်းမော့ရင်ကော့ပြီးအသင်းခေါင်းဆောင်တစ်ဦးပီသစွာနဲ့ မက်ဂွိုင်းယားက ’ငါ့ကောင်တွေ ခေါင်းအေးအေးထားကြ၊ငါတို့အစီအစဉ်အတိုင်းပြန်လုပ်ကြမယ်’လို့ပြောရမယ်။

အသင်းခေါင်းဆောင်ဆိုတာရေးဆွဲထားတဲ့ အစီအစဉ်ထဲမှာပဲ အသင်းဖော်တွေရှိနေအောင်ဦးဆောင်ရပါမယ်”လို့ပြောကြားပါတယ်။

ရှရင်ဂမ်ဟာ ကစားသမားဘဝတုန်းက စပါးအတွက် ပြိုင်ပွဲစုံ ၂၇၇ ပွဲမှာ ၁၂၄ ဂိုးသွင်းခဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၅၃ ပွဲမှာ ၄၆ ဂိုး သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္း​ေခါင္း​ေဆာင္​ေကာင္းပီသဖို႔ မက္ဂြိဳင္းယားကို တိုက္တြန္းတဲ့ ရွရင္ဂမ္

စပါးနဲ႔ ယူႏိုက္တက္တို႔ ကစားမယ့္ပြဲစဥ္မွာေတာ့ ဧည့္သည္ယူႏိုက္တက္က အိမ္ရွင္စပါးကို အႏိုင္ရသြားလိမ့္မယ္လို႔ ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ တိုက္စစ္မႉးေဟာင္း ရွရင္ဂမ္ က ခန႔္မွန္းခဲ့ပါတယ္။

ရွရင္ဂမ္က ” ကြၽန္ေတာ္က အေလာင္းအစားျပဳလုပ္ရတာကို ဝါသနာပါတဲ့သူျဖစ္ၿပီး ႏွစ္သင္းစလုံးကို ဘက္မလိုက္ဘဲ ေျပာရရင္ ယူႏိုက္တက္အေနနဲ႔ စပါးကို အႏိုင္ရသြားမွာပါ။ ႏွစ္သင္းစလုံး ႐ုန္းကန္ေနရတယ္ဆိုေပမယ့္ ယူႏိုက္တက္မွာ ကစားသမားေကာင္းေတြပိုမ်ားၿပီး ပြဲအေျဖကို ေျပာင္းလဲႏိုင္တဲ့သူေတြ ရွိပါတယ္။” လို႔ ေျပာခဲ့ပါတယ္။

ယူႏိုက္တက္ အသင္း​ေခါင္း​ေဆာင္ မက္ဂြိဳင္းယားနဲ႔ ပတ္သက္ၿပီး​ေတာ့လည္း အဂၤလန္တိုက္စစ္မႉးေဟာင္းရွရင္ဂမ္က “မက္ဂြိဳင္းယား တစ္​ေယာက္ကေပါက္တိကေပါက္ခ်ာကာလမွာေရာက္ေနပါတယ္။၂-ဝဂိုးနဲ႔ဦးေဆာင္ခံရခ်ိန္မွာအသင္းရဲ႕အစီအစဥ္အားလုံးကသြားပါၿပီ။

အသင္းသားေတြဟာကိုယ့္နည္းလမ္းနဲ႔ကိုယ္ကစားဖို႔ႀကိဳးစားလာၾကတယ္။အဲဒီမွာျပႆနာတက္လာပါေတာ့တယ္။အဲဒီလိုအခ်ိန္မ်ိဳးမွာေခါင္းေမာ့ရင္ေကာ့ၿပီးအသင္းေခါင္းေဆာင္တစ္ဦးပီသစြာနဲ႔ မက္ဂြိဳင္းယားက ’ငါ့ေကာင္ေတြ ေခါင္းေအးေအးထားၾက၊ငါတို႔အစီအစဥ္အတိုင္းျပန္လုပ္ၾကမယ္’လို႔ေျပာရမယ္။အသင္းေခါင္းေဆာင္ဆိုတာ​ေရးဆြဲထားတဲ့ အစီအစဥ္ထဲမွာပဲ အသင္းေဖာ္ေတြရွိေနေအာင္ဦးေဆာင္ရပါမယ္”လို႔ေျပာၾကားပါတယ္။

ရွရင္ဂမ္ဟာ ကစားသမားဘဝတုန္းက စပါးအတြက္ ၿပိဳင္ပြဲစုံ ၂၇၇ ပြဲမွာ ၁၂၄ ဂိုးသြင္းခဲ့ၿပီး ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၁၅၃ ပြဲမွာ ၄၆ ဂိုး သြင္းယူခဲ့သူလည္း ျဖစ္ပါတယ္။