အသင်းကြီးမှာပျောက်နေတဲ့ ဒီယာလိုက မန်ယူ -၂၃ အသင်းမှာ ၃ပွဲ ၃ဂိုးသွင်း ၄ဂိုးဖန်တီး ပေးထားပြီး ဆရာကျနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိ၈်ပွဲစဉ် ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကောင်းမွန်တဲ့ ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းအတွက် အဖွင့်လှခဲ့တဲ့ ဒီယာလိုဟာ လက်ရှိမှာလည်း မန်ယူလူငယ် ယူ-၂၃အသင်းမှာ အထူးခြေစွမ်းပြကစားနေပြီး အသင်းအတွက် ၃ပွဲကစားပေးရာမှာ ၃ဂီုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၄ကြိမ် ဖန်တီးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ မန်ယူအသင်းကို ရောက်လာခဲ့တဲ့ ဒီယာလိုကို နည်းပြဆိုးလ်ရှားက အသင်းကြီးအတွက် အချို့ပွဲစဉ်တွေမှာ ထည့်သွင်းအသုံးပြုခြင်းလည်းရှိပါတယ်။ အသင်းကို စရောက်လာကတည်းက ချီးကျူးခံနေရတဲ့ ဒီယာလိုဟာ မနေ့က ကစားသွားတဲ့ ယူ-၂၃ လိဂ်ပွဲစဉ်မှာ ချဲလ်ဆီးလူငယ်အသင်းကို မန်ယူအသင်းက (၄-၂) နဲ့အနီုင်ရတဲ့ပွဲမှာ ဖရီးကစ်ကနေ ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော်တွေအတွက် ဂိုးရနိုင်မယ်ပ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီ်ယာလိုဟာ အီတလီစီးရီးအေကလပ် အတ္တလန္တာအသင်းက မန်ယူကိုပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အတ္တလန္တာအသင်းက အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံတိုက်စစ်မှူး ဒီ်ယာလကို လက်ရှိရာသီကုန်အထိ အငှားချပေးဖို့ တောင်းဆိုခဲ့ပေမယ့် မန်ယူက တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် အငှားမချပေးခဲ့ပါဘူး။

မန်ယူအသင်းကြီးမှာ ဒီယာလို တစ်ယောက် ပျောက်သွားပေမယ့် ယူ-၂၃အသင်းမှာ ခြေစွမ်းတွေပြနေသလို နည်းပြဆိုးလ်ရှားကလည်း လူငယ်အသင်းက ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို စီနီယာအသင်းဆီ နေရာပေးခေါ်ယူတတ်တာကြေင့် ဂရင်းဝုဒ်၊ ဒယ်နီယ်ဂျိမ်းတို့သာ မကြိုးစားလို့ ပုံမှဗန်ခြေစွမ်းမရရင် ဒီယာလိုက အချိန်မရွေး နေရာဝင်ယူသွားနိုင်ပါတယ်။

မန်ယူ ယူ-၂၃ လူငယ်အသင်းဟာ ပရီးမီးယားလိဂ် ယူ-၂၃ အမှတ်ပေးပြိုင်ပွဲမှာ မှာ (၂၂)ပွဲကစား၊ (၉)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၉)ပွဲရှုံးရလဒ် နဲ့ ရမှတ်(၃၁)မှတ် ရရှိနေပြီး အဆင့် (၆)နေရာမှာ ရပ်တည်နေ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းႀကီးမွာေပ်ာက္ေနတဲ့ ဒီယာလိုက မန္ယူ -၂၃ အသင္းမွာ ၃ပြဲ ၃ဂိုးသြင္း ၄ဂိုးဖန္တီး ေပးထားၿပီး ဆရာက်ေန

ေအစီမီလန္အသင္းနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိ၈္ပြဲစဥ္ ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ေကာင္းမြန္တဲ့ ေခါင္းတိုက္ဂိုးတစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး မန္ယူအသင္းအတြက္ အဖြင့္လွခဲ့တဲ့ ဒီယာလိုဟာ လက္ရွိမွာလည္း မန္ယူလူငယ္ ယူ-၂၃အသင္းမွာ အထူးေျခစြမ္းျပကစားေနၿပီး အသင္းအတြက္ ၃ပြဲကစားေပးရာမွာ ၃ဂီုး သြင္းယူထားသလို ဂိုးဖန္တီးမႈ ၄ႀကိမ္ ဖန္တီးထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္မွာ မန္ယူအသင္းကို ေရာက္လာခဲ့တဲ့ ဒီယာလိုကို နည္းျပဆိုးလ္ရွားက အသင္းႀကီးအတြက္ အခ်ိဳ႕ပြဲစဥ္ေတြမွာ ထည့္သြင္းအသုံးျပဳျခင္းလည္းရွိပါတယ္။ အသင္းကို စေရာက္လာကတည္းက ခ်ီးက်ဴးခံေနရတဲ့ ဒီယာလိုဟာ မေန႔က ကစားသြားတဲ့ ယူ-၂၃ လိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးလူငယ္အသင္းကို မန္ယူအသင္းက (၄-၂) နဲ႔အႏီုင္ရတဲ့ပြဲမွာ ဖရီးကစ္ကေန ကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ့သလို အသင္းေဖာ္ေတြအတြက္ ဂိုးရႏိုင္မယ္ပ အခြင့္အေရးေတြလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဒီ္ယာလိုဟာ အီတလီစီးရီးေအကလပ္ အတၱလႏၲာအသင္းက မန္ယူကိုေပါင္ ၃၇ သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ အတၱလႏၲာအသင္းက အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ေတာင္ပံတိုက္စစ္မႉး ဒီ္ယာလကို လက္ရွိရာသီကုန္အထိ အငွားခ်ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ မန္ယူက တိုက္စစ္ပိုင္းလိုအပ္ခ်က္ေၾကာင့္ အငွားမခ်ေပးခဲ့ပါဘူး။

မန္ယူအသင္းႀကီးမွာ ဒီယာလို တစ္ေယာက္ ေပ်ာက္သြားေပမယ့္ ယူ-၂၃အသင္းမွာ ေျခစြမ္းေတြျပေနသလို နည္းျပဆိုးလ္ရွားကလည္း လူငယ္အသင္းက ေျခစြမ္းျပေနတဲ့ ကစားသမားေတြကို စီနီယာအသင္းဆီ ေနရာေပးေခၚယူတတ္တာေၾကင့္
ဂရင္းဝုဒ္၊ ဒယ္နီယ္ဂ်ိမ္းတို႔သာ မႀကိဳးစားလို႔ ပုံမွဗန္ေျခစြမ္းမရရင္ ဒီယာလိုက အခ်ိန္မေ႐ြး ေနရာဝင္ယူသြားႏိုင္ပါတယ္။

မန္ယူ ယူ-၂၃ လူငယ္အသင္းဟာ ပရီးမီးယားလိဂ္ ယူ-၂၃ အမွတ္ေပးၿပိဳင္ပြဲမွာ မွာ (၂၂)ပြဲကစား၊ (၉)ပြဲႏိုင္၊ (၄)ပြဲသေရ၊ (၉)ပြဲရႈံးရလဒ္ နဲ႔ ရမွတ္(၃၁)မွတ္ ရရွိေနၿပီး အဆင့္ (၆)ေနရာမွာ ရပ္တည္ေန ပါတယ္။