အသင်းကြီးဖြစ်နေသေးပေမယ့် လက်ရှိမန်ယူမျိုးဆက်ဟာ နိုင်လိုစိတ်မရှိတော့ဘူးလို့ လီဗာပူးဂန္ထဝင်ပြော

photo-daily mail

photo-PA

လီဗာပူးကြယ်ပွင့်ဟောင်းဖြစ်တဲ့ဂျွန်ဘန်းစ်က ဖာဂူဆန်အနားယူသွားပြီးကတည်းက မန်ယူဟာ ကျဆင်းသွားပြီး နိုင်ကိုနိုင်ရမယ်ဆိုတဲ့ခံစားချက်မျိုးမရှိတော့တဲ့ကစားသမားတွေကြောင့်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခြင်းမရှိတော့ဘဲ လက်ရှိမှာလည်း ချန်ပီယံလိဂ်ဝင်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေရပါတယ်။

photo-bein sports

မန်ယူအနေနဲ့ နောက်ဆုံး ၇ နှစ်အတွင်းမှာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ကိုသာ ကိုင်မြှောက်နိုင်ခဲ့ကာ ဒီရာသီပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးကဦးဆောင်နေတဲ့ ခါးသီးပြိုင်ဘက်လီဗာပူးနဲ့ ၃၇ မှတ်တောင် ကွာဟနေပါတယ်။ ဂျွန်ဘန်းစ်ကတော့ မန်ယူရဲ့သိသိသာသာကျဆင်းသွားမှုဟာ ပွဲတွေအနိုင်ရရေးကို တာဝန်တစ်ရပ်လို မမြင်တော့တဲ့ကစားသမားတွေကြောင့်လို့ ဆိုလိုက်ပြီး သူတို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာနဲ့တင် ပျော်ရွှင်နေကြတယ်လို့ ပြောလိုက်ပါတယ်။

photo-PA Images

”အခု မန်ယူကိုကြည့်လိုက်ပါ။  ကြီးမားတဲ့ကလပ်တစ်ခုဖြစ်နေသေးသလို ကစားသမားကောင်းတွေကိုလည်း ရနေဆဲပါပဲ။ ဒါပေမဲ့ သူတို့မှာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့တာဝန်သိစိတ်ရှိတယ်လို့ မထင်ပါဘူး။ အခု မန်ယူပရိသတ်တွေနဲ့ စကားပြောကြည့်လိုက်ရင် ငါတို့ အဆင့် ၄ ရတော့မှာ၊ ငါတို့ အဆင့် ၄ ရနိုင်တယ်လို့ သူတို့ဆိုကြမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်ပဲ သူတို့ပျော်ရွှင်နေကြပြီလေ။ အဲဒါကပဲ ကြီးမားတဲ့ခြားနားမှုလို့ ထင်ပါတယ်”လို့ လီဗာပူးဂန္ထဝင်ဂျွန်ဘန်းစ်က ပြောခဲ့တာပါ။

[Zawgyi]

အသင္းႀကီးျဖစ္ေနေသးေပမယ့္ လက္ရွိမန္ယူမ်ိဳးဆက္ဟာ ႏိုင္လိုစိတ္မရွိေတာ့ဘူးလို႔ လီဗာပူးဂႏၳ၀င္ေျပာ

လီဗာပူးၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ဂၽြန္ဘန္းစ္က ဖာဂူဆန္အနားယူသြားၿပီးကတည္းက မန္ယူဟာ က်ဆင္းသြားၿပီး ႏိုင္ကိုႏိုင္ရမယ္ဆုိတဲ့ခံစားခ်က္မ်ိဳးမရွိေတာ့တဲ့ကစားသမားေတြေၾကာင့္လို႔ ေျပာၾကားလိုက္ပါတယ္။ မန္ယူဟာ ဖာဂူဆန္ရဲ႕ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ ေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲျခင္းမရွိေတာ့ဘဲ လက္ရွိမွာလည္း ခ်န္ပီယံလိဂ္၀င္ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ ေနရာအတြက္ တိုက္ပြဲ၀င္ေနရပါတယ္။

မန္ယူအေနနဲ႔ ေနာက္ဆုံး ၇ ႏွစ္အတြင္းမွာ အက္ဖ္ေအဖလားနဲ႔ ယူရိုပါလိဂ္တို႔ကိုသာ ကုိင္ေျမွာက္ႏိုင္ခဲ့ကာ ဒီရာသီပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း ထိပ္ဆုံးကဦးေဆာင္ေနတဲ့ ခါးသီးၿပိဳင္ဘက္လီဗာပူးနဲ႔ ၃၇ မွတ္ေတာင္ ကြာဟေနပါတယ္။ ဂၽြန္ဘန္းစ္ကေတာ့ မန္ယူရဲ႕သိသိသာသာက်ဆင္းသြားမႈဟာ ပြဲေတြအႏိုင္ရေရးကို တာ၀န္တစ္ရပ္လို မျမင္ေတာ့တဲ့ကစားသမားေတြေၾကာင့္လို႔ ဆုိလိုက္ၿပီး သူတို႔ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရတာနဲ႔တင္ ေပ်ာ္ရႊင္ေနၾကတယ္လို႔ ေျပာလိုက္ပါတယ္။

”အခု မန္ယူကိုၾကည့္လုိက္ပါ။  ႀကီးမားတဲ့ကလပ္တစ္ခုျဖစ္ေနေသးသလို ကစားသမားေကာင္းေတြကိုလည္း ရေနဆဲပါပဲ။ ဒါေပမဲ့ သူတို႔မွာ ႏိုင္ကိုႏိုင္ရမယ္ဆိုတဲ့တာ၀န္သိစိတ္ရွိတယ္လို႔ မထင္ပါဘူး။ အခု မန္ယူပရိသတ္ေတြနဲ႔ စကားေျပာၾကည့္လိုက္ရင္ ငါတို႔ အဆင့္ ၄ ရေတာ့မွာ၊ ငါတို႔ အဆင့္ ၄ ရႏိုင္တယ္လို႔ သူတို႔ဆိုၾကမွာပါ။ ခ်န္ပီယံလိဂ္၀င္ခြင့္ရရင္ပဲ သူတို႔ေပ်ာ္ရႊင္ေနၾကၿပီေလ။ အဲဒါကပဲ ႀကီးမားတဲ့ျခားနားမႈလို႔ ထင္ပါတယ္”လို႔ လီဗာပူးဂႏၳ၀င္ဂၽြန္ဘန္းစ္က ေျပာခဲ့တာပါ။