အသင်းကြီးတွေနဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်လို့ ပရိသတ်တွေ ဝေဖန်တာ ခံခဲ့ရတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနို ဖာနန်ဒက်စ်ဟာ နောက်ထပ် အသင်းကြီးတစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာ ခြေစွမ်းပျောက်ဆုံးနေတဲ့အတွက် ပရိသတ်တွေရဲ့ ပြင်းထန်စွာ ကဲ့ရဲ့ဝေဖန်ခြင်း ခံခဲ့ရပါတယ် ။

ဖာနန်ဒက်စ်အနေနဲ့ သွင်းဂိုးရရှိအောင် ကူညီပေးနိုင်ခြင်း မရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းကတော့ အန်ဖီးလ်ကွင်းမှာ သရေတစ်မှတ် clean sheet ရရှိအောင် စွမ်းဆောင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ် ကစားသမားဟာ ဒီရာသီမှ ပြိုင်ဘက်အသင်း နောက်တန်းတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ ခြေစွမ်းပြသနေပြီး သွင်းဂိုး နှင့် ဖန်တီးပေးပို့မှု များစွာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယခု ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းမှာ free – kick တစ်လုံး လွဲချော်ခဲ့သလို ဒုတိယပိုင်းမှာလည်း အနီးကပ် ကန်သွင်းခွင့်ရခဲ့ပေမယ့် အလီဆန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် အိုလေ ဂန်နား ဆိုးရှားရဲ့ အသင်းက အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်ထားနိုင်ပြီး လက်ရှိချန်ပီယံ လီဗာပူးထက် ( ၃ ) မှတ် ၊ ဒုတိယနေရာက လက်စတာထက် ( ၂ ) မှတ် အသာရထားပါတယ်။

ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေကတော့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ဆိုရှယ်မီဒီယာတွေပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်က နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရဖို့ရှိနေပြီး လီဗာပူးကတော့ ဘန်လေအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါZawgyi

အသင္းႀကီးေတြနဲ႔ ပြဲစဥ္မွာ ေျခစြမ္းမျပႏိုင္လို႔ ပရိသတ္ေတြ ေဝဖန္တာ ခံေနရတဲ့ ဖာနန္ဒက္စ္ ။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ေနာက္ထပ္ အသင္းႀကီးတစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ ပြဲစဥ္မွာ ေျခစြမ္းေပ်ာက္ဆုံးေနတဲ့အတြက္ ပရိသတ္ေတြရဲ႕ ျပင္းထန္စြာ ကဲ့ရဲ႕ေဝဖန္ျခင္း ခံခဲ့ရပါတယ္ ။ ဖာနန္ဒက္စ္အေနနဲ႔ သြင္းဂိုးရရွိေအာင္ ကူညီေပးႏိုင္ျခင္း မရွိခဲ့ေပမယ့္ ယူႏိုက္တက္အသင္းကေတာ့ အန္ဖီးလ္ကြင္းမွာ သေရတစ္မွတ္ clean sheet ရရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီကြင္းလယ္ ကစားသမားဟာ ဒီရာသီမွ ျပိဳင္ဘက္အသင္း ေနာက္တန္းေတြကို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေျခစြမ္းျပသေနၿပီး သြင္းဂိုး ႏွင့္ ဖန္တီးေပးပို႔မႈ မ်ားစြာ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ယခု ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံး အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ပါတယ္။ ပထမပိုင္းမွာ free – kick တစ္လုံး လြဲေခ်ာ္ခဲ့သလို ဒုတိယပိုင္းမွာလည္း အနီးကပ္ ကန္သြင္းခြင့္ရခဲ့ေပမယ့္ အလီဆန္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ အိုေလ ဂန္နား ဆိုးရွားရဲ႕ အသင္းက အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ထားႏိုင္ၿပီး လက္ရွိခ်န္ပီယံ လီဗာပူးထက္ ( ၃ ) မွတ္ ၊ ဒုတိယေနရာက လက္စတာထက္ ( ၂ ) မွတ္ အသာရထားပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို ဆိုရွယ္မီဒီယာေတြေပၚ ေဝဖန္မႈ ျပဳလုပ္ခဲ့ၾကပါတယ္။ ယူႏိုက္တက္က ေနာက္ထပ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဗုဒၶဟူးေန႔မွာ ဖူလ္ဟမ္အသင္းနဲ႔ ကစားရဖို႔ရွိေနၿပီး လီဗာပူးကေတာ့ ဘန္ေလအသင္းနဲ႔ ကစားရဖို႔ ရွိေနပါတယ္။