အသင်းကို အားမဖြည့်ဘဲ ရှိတဲ့ကစားသမားတွေ ထုတ်ရောင်းမယ့် တရုတ်ပိုင်ရှင်ကြောင့် ကွန်တီနဲ့ အင်တာလမ်းခွဲရန်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၁၀နှစ် ကျော် ဝေးကွာနေတဲ့ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ရယူပေးနိုင်ခဲပပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသထားတဲ့ နည်းပြကွန်တီဟာ အသင်းပိုင်ရှင်တရုတ်သူဌေးနဲ့ ငွေကြေးပိုင်းဆိုင်ရာ ညှိနှိုင်းလို့မရတဲ့ ပြသနာတွေကြောင့်

အသင်းကနေ နောက်၂ရက်အတွင်းမှာ ထွက်ခွာဖို့ရှိနေတယ်လို့ အီတလီအားကစားသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

လာမယ့်နွေရာသီဈေးကွက်မှာ ကွန်တီက အသင်းအင်အားတောင့်တင်းအောင် ကစားသမားသစ်တွေ ထက်ခေါ်ချင်ပေမယ့် အသင်းပိုင်ရှင်တွေဖက်က ငွေကြေးပိုင်းဆိုင်ရာ ဘတ်ဂျက်လိုငွေပြနေတဲ့အတွက်

ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ အသာထားပြီး အသင်းမှာရှိတဲ့ နာမည်ကြီး ကစားသမားတွေကို ထုတ်ရောင်းဖို့ ပြောခဲ့တဲ့အတွက် မကျေမနပ် ပေါက်ကွဲပြီး အသင်းနဲ့ လမ်းခွဲဖို့ လုပ်လိုက်တာလို့ သိရပါတယ်။

အင်တာအသင်း ဥက္ကဌ နဲ့ တရုတ်ပိုင်ရှင်တွေက အင်တာ ကစားသမားတွေအတွက် ပေးချေနေရတဲ့လစာငွေပမာဏကို ၂၀% အထိလျှော့ချနိုင်ဖို့ လိုအပ်နေသလို ဘဏ္ဍာရေးအခြေအနေတည်ငြိမ်စေဖို့အတွက် ကစားသမားတွေရောင်းချပြီး ပေါင်သန်း ၈၀ကျော် ငွေရှာဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

ကွန်တီအနေနဲ့ အသင်းနဲ့သူ့ရဲ့စာချုပ်ဖျက်သိမ်းဖို့အတွက် စီစဉ်သွားမယ့်အနေအထားရှိပြီး တကယ်လို့ စာချုပ်ဖျက်သိမ်းခဲ့မယ်ဆိုရင်တော့ အင်တာမီလန်အသင်းဟာ ပေါင်(၅.၂) သန်းလျော်ကြေးပေးရမှာဖြစ်ပါတယ်။

ကွန်တီက အသင်းဥက္ကဌရဲ့ စီမံကိန်းအပေါ် စိတ်ပျက်နေပြီး လာမယ့်ရက်ပိုင်းအတွင်း စတီဗင်ကျန်းနဲ့ ထပ်မံဆုံတွေ့သွားဖို့ရှိနေပါတယ်။

ကွန်တီဟာ ကလပ်အသင်း တာဝန်ရှိသူတွေပြုလုပ်တဲ့ အစည်းအဝေးမှာ အသင်းသွားမယ့် လမ်းကြောင်းအသစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့မကျေနပ်မှုကို ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့တာပါ။

အင်တာမီလန်အသင်းဟာ လက်ရှိအချိန်မှာ ကွန်တီ ရဲ့နေရာမှာ အစားထိုးဖို့ အတွက် ဂျုဗင်တပ်နည်းပြဟောင်း အယ်လီဂရီ ကို ရည်ရွယ်ထားပြီး ပြီးခဲ့တဲ့နှစ်ကလည်း အယ်လီဂရီနဲ့ ဆွေးနွးမှုတွေရှိခဲ့ပါတယ်။

အင်တာအသင်း တာဝန်ရှိသူတွေဟာ နည်းပြနေရာအတွက် နာပိုလီ နည်းပြဟောင်း ဆာရီနဲ့ မီဟိုင်းလိုဗစ်ကိုလည်း စဉ်းစားနေတယ်လို့ သိရပြီး ကွန်တီကို ယာယီနည်းပြသာ ခန့်အပ်ထားတဲ့ စပါးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းကို အားမျဖည့္ဘဲ ရွိတဲ့ကစားသမားေတြ ထုတ္ေရာင္းမယ့္ တ႐ုတ္ပိုင္ရွင္ေၾကာင့္ ကြန္တီနဲ႔ အင္တာလမ္းခြဲရန္ရွိ

၁၀ႏွစ္ ေက်ာ္ ေဝးကြာေနတဲ့ စီးရီးေအအမွတ္ေပးခ်န္ပီယံဆုကို ရယူေပးႏိုင္ခဲပၿပီး ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသထားတဲ့ နည္းျပကြန္တီဟာ အသင္းပိုင္ရွင္တ႐ုတ္သူေဌးနဲ႔ ေငြေၾကးပိုင္းဆိုင္ရာ ညႇိႏႈိင္းလို႔မရတဲ့ ျပသနာေတြေၾကာင့္ အသင္းကေန ေနာက္၂ရက္အတြင္းမွာ ထြက္ခြာဖို႔ရွိေနတယ္လို႔ အီတလီအားကစားသတင္းစာ La Gazzetta dello Sport က ေဖာ္ျပခဲ့ပါတယ္။

လာမယ့္ေႏြရာသီေဈးကြက္မွာ ကြန္တီက အသင္းအင္အားေတာင့္တင္းေအာင္ ကစားသမားသစ္ေတြ ထက္ေခၚခ်င္ေပမယ့္ အသင္းပိုင္ရွင္ေတြဖက္က ေငြေၾကးပိုင္းဆိုင္ရာ ဘတ္ဂ်က္လိုေငြျပေနတဲ့အတြက္ ကစားသမားသစ္ေတြ ထပ္ေခၚဖို႔ အသာထားၿပီး အသင္းမွာရွိတဲ့ နာမည္ႀကီး ကစားသမားေတြကို ထုတ္ေရာင္းဖို႔ ေျပာခဲ့တဲ့အတြက္ မေက်မနပ္ ေပါက္ကြဲၿပီး အသင္းနဲ႔ လမ္းခြဲဖို႔ လုပ္လိုက္တာလို႔ သိရပါတယ္။

အင္တာအသင္း ဥကၠဌ နဲ႔ တ႐ုတ္ပိုင္ရွင္ေတြက အင္တာ ကစားသမားေတြအတြက္ ေပးေခ်ေနရတဲ့လစာေငြပမာဏကို ၂၀% အထိေလွ်ာ့ခ်ႏိုင္ဖို႔ လိုအပ္ေနသလို ဘ႑ာေရးအေျခအေနတည္ၿငိမ္ေစဖို႔အတြက္ ကစားသမားေတြေရာင္းခ်ၿပီး ေပါင္သန္း ၈၀ေက်ာ္ ေငြရွာဖို႔ ေျပာဆိုထားတာျဖစ္ပါတယ္။ ကြန္တီအေနနဲ႔ အသင္းနဲ႔သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ စီစဥ္သြားမယ့္အေနအထားရွိၿပီး တကယ္လို႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့မယ္ဆိုရင္ေတာ့ အင္တာမီလန္အသင္းဟာ ေပါင္(၅.၂)သန္းေလ်ာ္ေၾကးေပးရမွာျဖစ္ပါတယ္။

ကြန္တီက အသင္းဥကၠဌရဲ႕ စီမံကိန္းအေပၚ စိတ္ပ်က္ေနၿပီး လာမယ့္ရက္ပိုင္းအတြင္း စတီဗင္က်န္းနဲ႔ ထပ္မံဆုံေတြ႕သြားဖို႔ရွိေနပါတယ္။ ကြန္တီဟာ ကလပ္အသင္း တာဝန္ရွိသူေတြျပဳလုပ္တဲ့ အစည္းအေဝးမွာ အသင္းသြားမယ့္ လမ္းေၾကာင္းအသစ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕မေက်နပ္မႈကို ေျပာဆိုခဲ့ၿပီး

ၿပီးခဲ့တဲ့အပတ္က သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို အေၾကာင္းၾကားခဲ့တာပါ။

အင္တာမီလန္အသင္းဟာ လက္ရွိအခ်ိန္မွာ ကြန္တီ ရဲ႕ေနရာမွာ အစားထိုးဖို႔ အတြက္ ဂ်ဳဗင္တပ္နည္းျပေဟာင္း အယ္လီဂရီ ကို ရည္႐ြယ္ထားၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း အယ္လီဂရီနဲ႔ ေဆြးႏြးမႈေတြရွိခဲ့ပါတယ္။ အင္တာအသင္း တာဝန္ရွိသူေတြဟာ နည္းျပေနရာအတြက္ နာပိုလီ နည္းျပေဟာင္း ဆာရီနဲ႔ မီဟိုင္းလိုဗစ္ကိုလည္း စဥ္းစားေနတယ္လို႔ သိရၿပီး ကြန္တီကို ယာယီနည္းျပသာ ခန႔္အပ္ထားတဲ့ စပါးအသင္းကလည္း စိတ္ဝင္စားေနပါတယ္။