အသင်းကအရှက်တကွဲရှုံးခဲ့ပေမယ့် ပရိသတ်တွေနဲ့ အမှတ်တရလက်မှတ်ထိုး၊ Selfie ဆွဲခဲ့တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခါးသီးဆုံးပြိုင်ဘက်လီဗာပူးလ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၅-၀)ဂိုးနဲ့ရှက်စရာကောင်းလောက်အောင်ရှုံးနိမ့်ခဲ့ပေမယ့်လည်း

ဆိုးလ်ရှားကတော့ ခပ်တည်တည်ပဲ ပွဲအပြီးမှာပရိသတ်တွေနဲ့အတူ အမှတ်တရလက်မှတ်ထိုး၊ Selfie ဆွဲခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီးမှာပဲ (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၅၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၇၀)အတွင်း

ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်အသင်းကို ပထမပိုင်းမှာ(၄)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဒါက ပထမဆုံးပါပဲ။

ဒါ့အပြင် လီဗာပူးလ်ကို (၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာက ယူနိုက်တက်အသင်းအတွက် အိုးလ်ထရက်ဖို့ဒ်မှာအကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့သလို ၁၉၅၅၊ ဖေဖော်ဝါရီလတုန်းက မန်စီးတီးအသင်းနဲ့အိမ်ကွင်းပွဲမှာ(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်

(၆၆)နှစ်အကြာမှာ ပြိုင်ဘက်အသင်းကိုချေပဂိုးမသွင်းနိုင်ဘဲ (၅)ဂိုးပြတ်ရှုံးပွဲနဲ့ပြန်လည်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုစိတ်ပျက်စရာကောင်းတဲ့ မှတ်တမ်းဆိုးတွေတသီတတန်းကြီးပိုင်ဆိုင်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ပွဲအပြီး သူ့ကားရှိတဲ့ကားပါကင်ကိုအသွားမှာ

ပရိသတ်တွေနဲ့အတူ Selfie တောင် ဆွဲခဲ့တာကြောင့် အရှက်တရား၊ ရှုံးပွဲအတွက် ကိုယ့်ပရိသတ်တွေကို အားနာစိတ်ရောရှိသေးလားဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။

လီဗာပူးလ်နဲ့ပွဲပထမပိုင်းအပြီးမှာပဲ ယူနိုက်တက်ပရိသတ်တော်တော်များက ပွဲဆက်လက်မကြည့်တော့ဘဲ ကွင်းထဲကထွက်သွားခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဆိုးလ်ရှားကို လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားကတော့ သူ့အသင်းဟာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီးဆိုပြီး ပွဲအပြီးအင်တာဗျူးမှာ အရှက်မရှိဖြေကြားခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ်ကျရင် စပါးအသင်းနဲ့အဝေးကွင်း၊ အဲဒါပြီးတာနဲ့ အတ္တလန်တာနဲ့ချန်ပီယံလိဂ်၊

မန်စီးတီးနဲ့မန်ချက်စတာဒါဘီပွဲတွေ ဆက်တိုက်ကစားရမှာဖြစ်လို့ ဂိုးတွေဘယ်လောက်အသွင်းခံရပြီးတော့၊ ဘယ်လိုရလဒ်တွေနဲ့ရှုံးဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းကအရွက္တကြဲရႈံးခဲ့ေပမယ့္ ပရိသတ္ေတြနဲ႔ အမွတ္တရလက္မွတ္ထိုး၊ Selfie ဆြဲခဲ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခါးသီးဆုံးၿပိဳင္ဘက္လီဗာပူးလ္ကို အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ (၅-၀)ဂိုးနဲ႔ရွက္စရာေကာင္းေလာက္ေအာင္ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဆိုးလ္ရွားကေတာ့ ခပ္တည္တည္ပဲ ပြဲအၿပီးမွာပရိသတ္ေတြနဲ႔အတူ အမွတ္တရလက္မွတ္ထိုး၊ Selfie ဆြဲခဲ့ပါေသးတယ္။ ယူႏိုက္တက္အသင္းဟာ ပထမပိုင္းအၿပီးမွာပဲ (၄)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္ ၁၉၅၁ ခုႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း(၇၀)အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ဘက္အသင္းကို ပထမပိုင္းမွာ(၄)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ ဒါက ပထမဆုံးပါပဲ။

ဒါ့အျပင္ လီဗာပူးလ္ကို (၅)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာက ယူႏိုက္တက္အသင္းအတြက္ အိုးလ္ထရက္ဖို႔ဒ္မွာအႀကီးမားဆုံးရႈံးပြဲျဖစ္ခဲ့သလို ၁၉၅၅၊ ေဖေဖာ္ဝါရီလတုန္းက မန္စီးတီးအသင္းနဲ႔အိမ္ကြင္းပြဲမွာ(၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ (၆၆)ႏွစ္အၾကာမွာ ၿပိဳင္ဘက္အသင္းကိုေခ်ပဂိုးမသြင္းႏိုင္ဘဲ (၅)ဂိုးျပတ္ရႈံးပြဲနဲ႔ျပန္လည္ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဒီလိုစိတ္ပ်က္စရာေကာင္းတဲ့ မွတ္တမ္းဆိုးေတြတသီတတန္းႀကီးပိုင္ဆိုင္ခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ ပြဲအၿပီး သူ႔ကားရွိတဲ့ကားပါကင္ကိုအသြားမွာ ပရိသတ္ေတြနဲ႔အတူ Selfie ေတာင္ ဆြဲခဲ့တာေၾကာင့္ အရွက္တရား၊ ရႈံးပြဲအတြက္ ကိုယ့္ပရိသတ္ေတြကို အားနာစိတ္ေရာရွိေသးလားဆိုတာ ေမးခြန္းထုတ္ခ်င္စရာပါပဲ။ လီဗာပူးလ္နဲ႔ပြဲပထမပိုင္းအၿပီးမွာပဲ ယူႏိုက္တက္ပရိသတ္ေတာ္ေတာ္မ်ားက ပြဲဆက္လက္မၾကည့္ေတာ့ဘဲ ကြင္းထဲကထြက္သြားခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြကလည္း ဆိုးလ္ရွားကို ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ သူ႔အသင္းဟာ ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ တျဖည္းျဖည္းနီးစပ္လာၿပီးဆိုၿပီး ပြဲအၿပီးအင္တာဗ်ဴးမွာ အရွက္မရွိေျဖၾကားခဲ့ပါေသးတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္တစ္ပတ္က်ရင္ စပါးအသင္းနဲ႔အေဝးကြင္း၊ အဲဒါၿပီးတာနဲ႔ အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္၊ မန္စီးတီးနဲ႔မန္ခ်က္စတာဒါဘီပြဲေတြ ဆက္တိုက္ကစားရမွာျဖစ္လို႔ ဂိုးေတြဘယ္ေလာက္အသြင္းခံရၿပီးေတာ့၊ ဘယ္လိုရလဒ္ေတြနဲ႔ရႈံးဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါပဲ။