အသင်းကမ်းလှမ်းခံရတဲ့ ကိစ္စကို အမှန်အတိုင်းဖွင့်ဟလာတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနား လူမျိုးနည်းပြ ပိုချက်တီနို က သူ့အနေနဲ့ ရီးရဲလ် အသင်းကို ကိုင် တွယ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် အဲဒါကို ပယ်ချခဲ့တယ်ဆိုတာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ပိုချက်တီနို ဟာ စပါး အသင်းကနေ အထုတ်ခံရပြီးနောက် ရီးရဲလ် အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပြီး ဥက္ကဌ ပီရတ်ဇ် ထံက တိုက်ရိုက်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “ရီးရဲလ်ရဲ့ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တယ်ဆိုတာမဟုတ်ပါဘူး။ ကလပ်အသင်းအများအပြားက စိတ်ဝင်စားခဲ့ပေမယ့် ပီအက်စ်ဂျီကသာ ကျွန်တော့်ကို တရားဝင်ကမ်းလှမ်းခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ နောက်တန်းနေရာအတွက် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကို ချိတ်ဆက်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုကလည်း တကယ်လို့ ရာမို့စ်သာ ပြင်သစ်ပြောင်းလာမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

“ရာမို့စ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးမားဆုံး ကလပ်အသင်းတွေကို ရှာဖွေမှာဖြစ်ပြီး သူ ပီအက်စ်ဂျီ ကို ရောက်ရှိလာမယ်ဆိုရင်လည်း အသိအမှတ်ပြုပြီး အသင်းနဲ့အတူ ပထမဆုံးချန်ပီယံလိဂ်ဖလားရဖို့ဖြစ်ပါတယ်” “ကျွန်တော်အခြားအသင်းသားတွေကိုလည်း လေးစားမှုအပြည့်ရှိပါတယ်။ အသင်းရဲ့နည်းစနစ်နဲ့ အံဝင်မယ့်သူကိုပဲ ခေါ်ယူချင်ပါတယ်။

ရာမို့စ်လိုကစားသမားမျိုးကို အသင်းတိုင်းက လိုချင်ကြပါတယ်။ ရာမို့စ်က အနိုင်ယူလိုစိတ် ပြင်းပြသူတစ်ယောက်ပါ။”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီတစ်ပတ်မှာတော့ လီဂူးဝမ်းပွဲစဉ်အဖြစ် လော်ရီးယန့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပိုချက်ဟာ ပီအက်စ်ဂျီ နည်းပြဖြစ်ပြီးသိပ်မကြာခင် ကိုရိုနာပိုး ကူးစက်ခံခဲ့ရပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းကမ္းလွမ္းခံရတဲ့ ကိစၥကို အမွန္အတိုင္းဖြင့္ဟလာတဲ့ ပိုခ်က္တီႏို

အာဂ်င္တီးနား လူမ်ိဳးနည္းျပ ပိုခ်က္တီႏို က သူ႔အေနနဲ႔ ရီးရဲလ္ အသင္းကို ကိုင္ တြယ္ဖို႔ အခြင့္အေရးရခဲ့ေပမယ့္ အဲဒါကို ပယ္ခ်ခဲ့တယ္ဆိုတာ မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။ ပိုခ်က္တီႏို ဟာ စပါး အသင္းကေန အထုတ္ခံရၿပီးေနာက္ ရီးရဲလ္ အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြရွိခဲ့တာျဖစ္ၿပီး ဥကၠဌ ပီရတ္ဇ္ ထံက တိုက္႐ိုက္ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုက “ရီးရဲလ္ရဲ႕ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့တယ္ဆိုတာမဟုတ္ပါဘူး။ ကလပ္အသင္းအမ်ားအျပားက စိတ္ဝင္စားခဲ့ေပမယ့္ ပီအက္စ္ဂ်ီကသာ ကြၽန္ေတာ့္ကို တရားဝင္ကမ္းလွမ္းခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ေနာက္တန္းေနရာအတြက္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာမို႔စ္ကို ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ ပိုခ်က္တီႏိုကလည္း တကယ္လို႔ ရာမို႔စ္သာ ျပင္သစ္ေျပာင္းလာမယ္ဆိုရင္ ႀကိဳဆိုသြားမယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။

“ရာမို႔စ္ဟာ ကမာၻေပၚမွာရွိတဲ့ အႀကီးမားဆုံး ကလပ္အသင္းေတြကို ရွာေဖြမွာျဖစ္ၿပီး သူ ပီအက္စ္ဂ်ီ ကို ေရာက္ရွိလာမယ္ဆိုရင္လည္း အသိအမွတ္ျပဳၿပီး အသင္းနဲ႔အတူ ပထမဆုံးခ်န္ပီယံလိဂ္ဖလားရဖို႔ျဖစ္ပါတယ္”

“ကြၽန္ေတာ္အျခားအသင္းသားေတြကိုလည္း ေလးစားမႈအျပည့္ရွိပါတယ္။ အသင္းရဲ႕နည္းစနစ္နဲ႔ အံဝင္မယ့္သူကိုပဲ ေခၚယူခ်င္ပါတယ္။ ရာမို႔စ္လိုကစားသမားမ်ိဳးကို အသင္းတိုင္းက လိုခ်င္ၾကပါတယ္။ ရာမို႔စ္က အႏိုင္ယူလိုစိတ္ ျပင္းျပသူတစ္ေယာက္ပါ။”လို႔ ပိုခ်က္တီႏိုက ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ လီဂူးဝမ္းပြဲစဥ္အျဖစ္ ေလာ္ရီးယန႔္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပိုခ်က္ဟာ ပီအက္စ္ဂ်ီ နည္းျပျဖစ္ၿပီးသိပ္မၾကာခင္ ကို႐ိုနာပိုး ကူးစက္ခံခဲ့ရပါ​ေသးတယ္။